မာဂရက် – ချင်းပြည်နယ်၊ မတူပီမြို့တွင် ဖမ်းဆီးခံရသော လူငယ် (၅) ဦးကို မေလ ၁၉ ရက်နေ့ ယနေ့ မနက် ၁၁ နာရီအချိန်က ရုံးထုတ်ခဲ့သော်လည်း တရားလိုဖက်မှ ရောက်မလာသောကြောင့် မေလ ၂၇ ရက်နေ့ တွင် ထပ်မံစစ်ဆေးရန် ရုံးချိန်းပြောင်းရွှေ့သည်ဟု သိရသည်။
“သူတို့က ခနလေးပဲထုတ်ပြီးမှ ဒီအတိုင်းပြန်လှည့်သွားကြတယ်၊ ဘာမှမစစ်လိုက်ရဘူး၊ အဲ့ဒီ တရား လိုဖက်လို့ပြောရမလား တိုင်တဲ့သူတွေ စစ်သားတွေ မလာကြဘူး သူတို့ ကြားထဲရက်ထဲပြန်ရွှေ့ကြ တယ်၊ ၁၁ ခွဲလောက်ထင်တယ်ရုံးထုတ်တာ ခနလေးပဲ” ဟု မြို့ခံတစ်ဦးကပြောသည်။
အဆိုပါအဖမ်းခံရသူ (၅) ဦးသည် ဖမ်းဆီးခံရသည့်အချိန်မှစပြီး ရုံးချိန်းရက်တိုင်းတွင်လည်း မိသား စုနှင့် တွေ့ခွင်၊့ စကားပြောဆိုခွင့်ရရှိကြပေမယ့် မေလ ၁၇ ရက်နေ့မှစပြီး ၎င်းတို့အတွက် ပို့ပေးသော ပစ္စည်းများကို စစ်ဆေးရေး ဂိတ်မှတဆင့်ပေးပို့ကြရပြီး ကိုယ်တိုင်တွေ့ခွင့်မရသလို စကားပြောခွင့် လည်း မရတော့ကြောင်း အရင်ကထက် ပိုပြီးတင်းကြပ်သွားကြောင်းမိသားစုဝင်တစ်ဦးကပြောသည်။
အဖမ်းခံရသူများသည် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် CDM လှုပ်ရှားမှုတို့တွင် ပါဝင်ကြသည်ဟု သံတယရှိသဖြင့် ရဲနှင့်စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်ရုံး ထုတ်ခြင်းသည် (၄) ကြိမ်မြောက်ဖြစ်ကြောင်းသိရသည်။