• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တိုက်ပွဲကြောင့် တောထဲထွက်ပြေးတိမ်းရှောင်ကြသည့် ပြည်သူများအား ကလေးလူမှုကူညီရေးအဖွဲ့နှင့် ဘာသာရေးအသင်းများမှ သွားရောက်ခေါ်ဆောင်

တိုက်ပွဲကြောင့် တောထဲထွက်ပြေးတိမ်းရှောင်ကြသည့် ပြည်သူများအား ကလေးလူမှုကူညီရေးအဖွဲ့နှင့် ဘာသာရေးအသင်းများမှ သွားရောက်ခေါ်ဆောင်

0
By Editor on January 14, 2022 Headline

တိုက်ပွဲကြောင့် ကျေးရွာစွန့်ခွါ၍ တောထဲသို့ထွက်ပြေးတိမ်းရှောင်နေကြရသည့် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် မွောလ်ဇောလ်ကျေးရွာနှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဟားခါးလေးကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများကို ကလေးမြို့၊လူမှုကူညီရေးအဖွဲ့နှင့် သက်ဆိုင်ရာ ဘာသာရေးအသင်းတော်များမှ ဇန်နဝါရီလ ၁၃ ရက် ယမန်နေ့က သွားရောက်ခေါ်ဆောင်လာခဲ့ကြကြောင်း ကလေးမြို့၊ စစ်ဘေးရှောင်ကူညီပေးနေသူ ဦးပွီးရာ ကပြောသည်။

“အခုတော့ ဟားခါးလေးနဲ့ မွောလ််ဇောလ်ရွာပဲ။ သူတို့က ရွာမှာမနေရဲ တော့ ဘူးဆိုပြီးတော့ သူတို့က တောင်းဆိုလာတာ၊ ကလေးမြို့က ပရဟိတအသင်းနဲ့ ဆိုင်ရာဆိုင်ရာ အသင်းတော်တွေစုပြီးတော့ သူတို့ကိုသွားခေါ်လိုက်တာ” ဟု ကလေးမြို့၊ စစ်ဘေးရှောင် ကူညီပေးနေသူ ဦးပွီးရာ ကပြောသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့က ကလေးမြို့နယ်တောင်ပိုင်း ချောင်းခွရွာနှင့် ဟားခါးလေး ရွာကြားနှင့် ဇန်နဝါရီလ ၇ ရက်နေ့က မွောလ်ဇောလ်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် PDF/ Kalay/ CNDF နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် အနီးအနားကျေးရွာရှိ ပြည်သူများ နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

အဆိုပါ စစ်ဘေးတိမ်းရှောင်လာသည့် ပြည်သူများမှာ ဖလမ်းမြို့နယ်၊ မွောလ်ဇောလ် ကျေးရွာမှ ၁၂၁ ဦး၊ ကလေးမြို့နယ် ဟားခါးလေးကျေးရွာ ၄၆ ဦး၊ ချောင်းခွရွာမှ ၃ ဦး တို့ဖြစ်ကြပြီး ၎င်းတို့ကို ကလေးမြ်ိုသို့ခေါ်ဆောင်လာကြပြီးနောက် အများစုမှာ ဆွေမျိုး အိမ်များတွင် သွားရောက်ခိုလှုံနေကြသည့်အပြင်၊ ဆွေမျိုးမရှိသူတစ်ချို့မှာ လူမှုကူညီရေးအဖွဲ့မှ နေရာထိုင်ခင်းစီစဉ်ပေးထားကြောင်းလည်းသိရသည်။

စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲများကြောင့် ကလေးမြို့နယ်မှ ပြည်သူ အများအပြားသည် ကလေးမြို့ပေါ်တွင် လာရောက်ခိုလှုံနေကြရပြီး ၎င်းတို့အတွက် စားသောက်ကုန်၊ ရိက္ခာများလိုအပ်နေ သည်ဟု စစ်ဘေး ရှောင်ကူညီပေးနေသူ ဦးပွီးရာ ကပြောသည်။

“မြို့ထဲက ပင်လုံ-တပ်ဦးကျောင်းရှိတယ်။ နတ်မြောင်း-ဘုန်းကြီးကျောင်းနားတဝိုက်မှာလည်း တဲထိုး ပြီးတော့နေတာ လူဦးရေတော်တော်များတယ်။ သူတို့က ဒီဖက်လာနေချင်ရင်တော့ ကျွန်တော်တို့က အိိမ်လုပ်ထားတယ်မြို့ခံတွေက။ ဘုန်းကြီးကျောင်း၊ဘုရားကျောင်း၊ ကျမ်းစာကျောင်းတွေမှာ အဆင် သင့်လုပ်ထားတယ်။ အဓိက အဝတ်အစားနဲ့ စောင်၊ ဆန်၊ ဆီ စားနပ်ရိက္ခာတွေလိုအပ်တယ်။” ဟု ဦးပွီးယာက ပြောသည်။

ကလေးမြို့ပေါ်တွင် စစ်ဘေးရှောင်ပြည်သူလူဦးရေ တစ်ထောင်ကျော်ခန့်သည်ဟုသိရပြီး ၎င်းတို့ကို ကလေးမြို့၊ လူမှုကူ ညီရေးအသင်း၊ ဘာသာရေးအဖွဲ့အစည်းများနှင့် အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် ကူညီဆောင်ရွက်ပေးနေသည်ဟု သိရသည်။

စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ပေးအပ်လိုပါက အောက်ပါဖုန်းနံဘတ်များတွင် ဆက်သွယ်နိင်သည်။

Pu Lalpuia – 09400507337

Pu Biakhmingthanga- 09262286887

U Ye Ti Ha Aung- 09400309800

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဟုဆို

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရနိုင်၍ သေဆုံးမှုများရှိလာ

ချင်းပြည်သူများ ဘယ်နိုင်ငံပဲရောက်ရောက် တော်လှန်ရေးနှင့် ချင်းစိတ်ဓါတ်ကို မမေ့ကြရန် ဒေါက်တာ ဆာဆာ ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.