• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်ဒေသခံ ၂၀၀ ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်နေရ

တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်ဒေသခံ ၂၀၀ ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်နေရ

0
By Editor on August 26, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အဘောင်သားကျေးရွာ အနီးတဝိုက်တွင် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား အပြန်အလှန်ပစ်ခတ်မှုများရှိနေပြီး ကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် အဘောင်သားကျေးရွာပြည်သူအားလုံးနီးပါးသည် သြဂုတ်လ ၂၄ ရက်နေ့က ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

စစ်ကောင်စီတပ်နှင့် ရိက္ခိုင့်တပ်တော်တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် အဘောင်သားကျေးရွာသားများသည် ရွာလုံးကျွတ်နီးပါ ထွက်ပြေးလာကြပြီး ပလက်ဝမြို့ပေါ်သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်ပြည်သူများအနက် အိမ်ထောင်စု ၅၄ စုကို မြို့ပေါ် ဆိုင်ကလုံးစင်တာတွင် နေရာချထားပေးကာ ကျန် ၆၉ အိမ်ထောင်စုမှာ နီးစပ်ရာဆွေမျိုးများထံ ခေတ္တနေထိုင်ကြရသည်ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။

“မနေ့ညက တဖွဲဖွဲတဖွဲဖွဲနဲ့ ကမန်းကတန်းရောက်လာတဲ့အခါကျတော့ ထင်းမရှိ ဆန်မရှိ ကမန်းကတန်းရှာလုပ် ဟင်းလည်းမရှိတာနဲ့ အခင်းပိုင်ရှင်ဆီသွား လုပ်ဦးလို့ချဉ်ဘောင် အဲဒီတမယ်နဲ့ မနေ့ညကတော့ လုပ်ပေးလိုက်တယ်၊ သူတို့တခါစားရင် ဆန်အိတ်တအိတ်နဲ့ တစ်ဝက်လောက်ကုန်တယ်” ဟု ပလက်ဝမြိုခံက ပြောသည်။

ယခုလက်ရှိ အဘောင်သားရွာထဲတွင် အိမ်ထောင်စု ၄ စုခန့် ကျန်ရှိနေသေးပြီး ၎င်းတို့မှာ ထွက်မပြေးနိုင်ကြသည့် အဘိုးအဘွားအရွယ်များ ဖြစ်ကြသည်ဟု သိရသည်။

ပလက်ဝမြို့နှင့် ၃ မိုင်ကျော်ကျော်ခန့်သာကွာဝေးသည့် အဘောင်သားကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး တိုက်ပွဲများဖြစ်ပွားသည့်အခါတွင် ၂၈၉ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူကာ ရွာထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုများလည်းရှိခဲ့သည်ဟု သိရသည်။

ပလက်ဝမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်လာကြသော အဘောင်သားကျေးရွာပြည်သူများကို ပလက်ဝမြို့ပေါ် ခရစ်ယာန်အသင်းတော်မှ ဆန်နှင့် ဟင်းသီးဟင်းရွက်များ ဝေငှပေးသည့်အပြင် ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် (WFP) မှ ဆန်နှင့် ရိက္ခာများကိုလည်း ထောက်ပံ့ကူညီပေးနိုင်ရန် စီစဉ်ဆောင်ရွက်ေပးနေကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားသည့် အဘောင်သားကျေးရွာသည် ပလက်ဝမြို့မှ ၃ မိုင်ကျော်ကျော်ခန့်ကွာဝေးပြီး အိမ်ခြေပေါင်း ၁၂၇ အိမ်နှင့် လူဦးရေ ၃၀၀ နီးပါးရှိသည်ဟု သိရသည်။

ပလက်ဝမြို့ပေါ်တွင် ယခင်က ရက္ခိိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူ ငါေးထာင်ကျော်ခန့်သည်လည်း ယနေ့ချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘဲ စစ်ဘေးရှောင်စခန်း ၅ ခုတွင် နေထိုင်ကြရဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စခန်းသိမ်းတိုက်ပွဲထိ စစ်ရှိန်မြှင့်မည့် မတူပီမှာ မြို့အဝင်က စစ်စခန်းကို စတင်စီးနင်းတိုက်ခိုက်၊ ဗိုလ်ကြီးအပါအဝင် ၇ ဦး သေဆုံး

ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံအပါအ၀င် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီး

“ZZLMS စစ်ဆင်ရေး”အမည်နှင့် ရေဇွာမြို့ကို ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်နှင့်စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 5, 2023

“မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး၊  အဲ့ဒါကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကို တင်ပြခြင်းဖြစ်တယ်”

November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.