• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တိုက်ပွဲကြောင့် ဟားခါးမြို့ပေါ်တွင် စစ်ဘေးတိမ်းရှောင်လာသူ ပိုမိုများလာ

တိုက်ပွဲကြောင့် ဟားခါးမြို့ပေါ်တွင် စစ်ဘေးတိမ်းရှောင်လာသူ ပိုမိုများလာ

0
By Editor on May 11, 2023 Headline

(02HH)

စစ်ကောင်စီတပ်ဖွဲနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမှုကြောင့် ဟားခါးမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်လာသူ ပိုမိုများပြားလာနေပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာ အထောက်အပံ့ များလိုအပ်လျက်ရှိကြောင်း ဟားခါးမြို့နယ် စစ်ဘေးရှောင်စောင့်ရှောက်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တချို့က ရွာလုံးကျွတ်တောင်လာရှောင်ကြတာ လက်ရှိ မြို့ပေါ်မှာ လူဦးရေ ၂၁၇၁ ရှိတယ်။ ဟားခါးမြို့နယ် ရွာတွေမှာ IDP (Camp) ရှိတယ် စစ်ဘေးရှောင် တွေရှိ တယ် အဲ့တာတွေ ပေါင်း လိုက်ရင် ဟားခါးမြို့နယ်မှာ တော့ လူဦးရေ (၉) ထောင်ကျော် လောက်ရှိတယ်။ IDP (Camp) လုပ်ထားတဲ့ တချို့ရွာတွေဆိုရင် စစ်ကြောင်း ရှိတော့ IDP (Camp) လည်းထပ်ရှောင်ရတာပေါ့၊ လုံခြုံတဲ့ရွာတွေမှာ ထပ်ရှောင်တယ် ပြီးတော့ တောထဲမှာ လည်းပဲ ရှောင်တဲ့သူတွေလည်းပဲရှိတယ်။” ဟု ဟားခါးမြို့နယ် စစ်ဘေးရှောင် စောင့်ရှောက်ရေးအဖွဲ့ဝင်ကေပြာသည်။

ဟားခါးမြို့နယ်အတွင်းရှိ ကလေး-ဟားခါး ကားလမ်းမပေါ်နှင့် ဟားခါး-ဂန့်ဂေါကြား ကားလမ်းမတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားလာသည်မှာ တစ်လခန့်ကြာမြင့်လာပြီဖြစ်ပြီး ကားလမ်းဘေးတစ်လျှောက်တွင် နေထိုင်ကြသော ကျေးရွာများသည် ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဟားခါးမြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်လာကြသည့် ကျေးရွာများမှာ ဟားခါးနှင့် ဖလမ်းအကြားတွင်ရှိသော ချွန်ကျုံး၊ ရမ်ထလို၊ ဒေါ့ထက်ရွာ၊ တလန်းဇာရ်ရွာအပါအဝင် ဟားခါး- ဂန့်ဂေါကြား ကျေးရွာတို့မှ ထောင်နှင့်ချီသောပြည်သူများ ဖြစ်ကြသည်။

လက်ရှိ ဟားခါးမြို့ပေါ်တွင် စစ်ဘေးရှောင်သည့် အိမ်ခြေ ၅၈၇ အိမ်၊ လူဦးရေ ၂၁၇၁ ဦး၊ ဟားခါးမြို့နယ်တွင်ရှိသော IDP (Camp) နှင့် ကျေးရွာတို့တွင် စစ်ဘေးရှောင်လူဦးရေ (၉၀၀၀) ကျော် စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်ဟု ဟားခါးမြို့နယ် စစ်ဘေးရှောင်စောင့်ရှောက်ရေးအဖွဲ့စာရင်းအရ သိရသည်။

၎င်း စစ်ဘေးရှောင်ပြည်သူများသည် ဟားခါးမြို့တွင် အိမ်ငှါးနေခြင်း၊ ဆွေးမျိုး၊ ဘာသာရေးအဆောက်အအုံ တို့တွင် နေထိုင်ကြကာ ဘာသာရေးအဖွဲ့အစည်းနှင့် ရပ်ကွက်နေပြည်သူများ၏ ပေးလှူထောက်ပံ့မှုများဖြင့် နေထိုင်စားသောက် နေကြရဆဲဖြစ်သည်ဟု သိရသည်။

ကလေး-ဟားခါးလမ်းနှင့် ဂန့်ဂေါ-ဟားခါးလမ်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ကာ ကုန်တင်ကားများအဝင်အထွက်မရှိ သောကြောင့် ဟားခါးမြို့ပေါ်တွင် ဆန်အပါအဝင် အခြေခံစားသောက်ကုန်များပြတ်လပ်မှုရှိသည့်အပြင် တချိူ့မှာလည်း အဆမတန်ဈေးမြင့်တက်နေသောကြောင့် ပိုမိုအခက်ကြုံစေသည်ဟု သိရသည်။

“စားဝတ်နေရေးအတွက်က တော်တော်လေး အခက်ခဲရှိတာပေါ့သူတို့က ၃ ရက်လောက်ပဲရှောင်ရမယ်ဆိုပြီးထင်တာ တကယ့်တကယ်ကျတော့ ၂ ပတ်ကနေ ၃ ပတ်အထိကြာပြီ အခုက လမ်းပန်းဆက်သွယ်ရေး အခြေအ နေမကောင်းတော့ ဆန်တွေလည်း ပြတ်လပ်မှုရှိတယ်။ အခုလောလောဆယ် လိုအပ်တာက အစားအစာ၊ နေစရာ အခက်အခဲရှိတယ်။ ဟားခါးမြို့ပေါ်မှာဆိုရင် တအိမ်မှာ ၅ အိမ်ထောင်စုအဲ့လိုမျိုးနေကြရတယ်။” ဟု ဟားခါးမြို့နယ်စစ်ဘေးရှောင် စောင့်ရှောက်ရေးအဖွဲ့ဝင်က ပြောသည်။

လက်ရှိတွင် ဟားခါးမြို့နယ်စစ်ဘေးရှောင်စောင့်ရှောက်ရေးအဖွဲ့များက အနယ်နယ်အရပ်ရပ်မှ စစ်ဘေးရှောင်ပြည်သူများ၏ အခြေခံလိုအပ်ရာများရရှိနိုင်ရန် အတတ်နိုင်ဆုံးကူညီနိုင်ရန် ဆောင်ရွက်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.