ချင်းပြည်နယ် တီးတိန်မြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း နေရာယူထားသော စစ်ကောင်စီတပ်ဖွဲ့ကို PDF-Zoland တပ်ဖွဲ့က မတ်လ ၁၂ ရက်ညက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စကစ တပ်သားများ သေဆုံးမှုရှိသလို လက်နက်နှင့်အခြားပစ္စည်များလည်း သိမ်းဆည်းရမိသည်ဟု PDF-Zoland ကသတင်းထုတ်ပြန်သည်။
ယမန်နေ့ညကဖြစ်ပွားသော အဆိုပါတိုက်ပွဲမှာ တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားများ နေရာမှ စွန့်ခွါသွားခဲ့ကြပြီး လက်နက်၊ ဖုန်းနှင့် အခြားပစ္စည်းတချိူ့သိမ်းဆည်းရမိသည်ဟု ဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်သားများ ဒဏ်ရာရသူနှင့် သေဆုံးသူရှိပြီး အသေအပျောက်စာရင်းကိုမူ အတည်မပြုနိုင်သေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်သားများမှာ ဘေးကင်းလုံခြုံလျက်ရှိကြသည်ဟု PDF-Zoland ကထုတ်ပြန်သည်။