• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ထန္တလန္တြင္ ဆာကိုဗိုင္းရပ္စ္ေၾကာင့္ ဇြန္လအတြင္း ၀က္ (၄၀) ေက်ာ္ ထပ္မံေသဆံုး

ထန္တလန္တြင္ ဆာကိုဗိုင္းရပ္စ္ေၾကာင့္ ဇြန္လအတြင္း ၀က္ (၄၀) ေက်ာ္ ထပ္မံေသဆံုး

0
By Editor on June 30, 2020 Khonumthung

#Zawgyi

By ႏွင္းႏွင္း – ခ်င္းျပည္နယ္ ၊ ထန္တလန္ၿမိဳ႕တြင္ Porcine Circovirus Type -2 (PCV-2) ဟုေခၚေသာ ဆာကိုဗိုင္းရပ္စ္ေၾကာင့္ ဇြန္လအတြင္း ၀က္ေကာင္ေရ (၄၀) ေက်ာ္ေသဆံုးခဲ့သည္ဟု ထန္တလန္ၿမိဳ႕နယ္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနရုံး ဦးစီးအရာရွိ ေဒါက္တာလ်န္ေဘြးကေျပာသည္ ။

“ဇြန္လထဲမွာ ဝက္ (၄၄) ေကာင္ေသတယ္၊ ဒါေပမယ့္ ၿပီးခဲ့တဲ့စေနေန႔ဇြန္ (၂၇) ကစျပီး ဒီေန႔ထိ ဝက္ေတြမေသေတာ့ဘူး” ဟုေဒါက္တာ လ်န္ေဘြးကေျပာသည္။

ထန္တလန္ၿမိဳ႕တြင္ ၿပီးခဲ့သည့္ ဧၿပီလဆန္းပိုင္းကစ၍ အိမ္ေမြး၀က္မ်ားသည္ ဆာကိုဗိုင္းရပ္စ္ေၾကာင့္ အစာမစား၍ အားနည္းျခင္း၊ ဖ်ားႏွာၿပီး ေရာဂါျပင္းထန္သည့္အတြက္ ေသဆံုးခဲ့ၾကၿပီး ယေန႔အထိ (၃) လအတြင္း ၀က္ေသဆံုးမႈမွာ (၂၃၄) ေကာင္ရွိၿပီဟုသိရသည္။

လက္ရွိအခ်ိန္တြင္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအပုိင္းအေနႏွင့္  ထန္တလန္ျမဳိ႕ေပၚတြင္ ဝက္အဝင္/အထြက္မ်ားကိုပိတ္ထားကာ ဝက္ပုိင္ရွင္မ်ားကုိလည္း ဝက္ျခံမ်ား သန္႔သန္႔ရွင္းရွင္းထားရန္၊ ဝက္ျခံေအာက္တြင္ ေရမဝပ္ေစရန္၊ ဝက္ေခ်းမ်ားကုိ မနက္တုိင္းဖယ္ရွားရန္၊ ပုိးသတ္ေဆးမဖ်န္းႏိုင္လွ်င္ ထုံးျဖဴးေပးရန္ အစရွိသည္တို႔အပါအဝင္ အသိပညာေပးအစီအစဥ္မ်ား ျပဳလုပ္လ်က္ရွိသည္ဟု သိရသည္။

ထို႔အျပင္ ထန္တလန္ၿမိဳ႕တြင္ ဝက္သားမ်ားေရာင္းခ်ျခင္းမျပဳရန္ႏွင့္ ဝက္မ်ားသယ္ယူခြင့္ကုိ ပိတ္ထားဆဲဟုသိရသည္။

#Unicode

By နှင်းနှင်း – ချင်းပြည်နယ် ၊ ထန်တလန်မြို့တွင် Porcine Circovirus Type -2 (PCV-2) ဟုခေါ်သော ဆာကိုဗိုင်းရပ်စ်ကြောင့် ဇွန်လအတွင်း ဝက်ကောင်ရေ (၄၀) ကျော်သေဆုံးခဲ့သည်ဟု ထန်တလန်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး ဦးစီးအရာရှိ ဒေါက်တာလျန်ဘွေးကပြောသည် ။

“ဇွန်လထဲမှာ ဝက် (၄၄) ကောင်သေတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့စနေနေ့ဇွန် (၂၇) ကစပြီး ဒီနေ့ထိ ဝက်တွေမသေတော့ဘူး” ဟုဒေါက်တာ လျန်ဘွေးကပြောသည်။

ထန်တလန်မြို့တွင် ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းကစ၍ အိမ်မွေးဝက်များသည် ဆာကိုဗိုင်းရပ်စ်ကြောင့် အစာမစား၍ အားနည်းခြင်း၊ ဖျားနှာပြီး ရောဂါပြင်းထန်သည့်အတွက် သေဆုံးခဲ့ကြပြီး ယနေ့အထိ (၃) လအတွင်း ဝက်သေဆုံးမှုမှာ (၂၃၄) ကောင်ရှိပြီဟုသိရသည်။

လက်ရှိအချိန်တွင် ရောဂါကာကွယ်ထိန်းချုပ်ရေးအပိုင်းအနေနှင့် ထန်တလန်မြို့ပေါ်တွင် ဝက်အဝင်/အထွက်များကိုပိတ်ထားကာ ဝက်ပိုင်ရှင်များကိုလည်း ဝက်ခြံများ သန့်သန့်ရှင်းရှင်းထားရန်၊ ဝက်ခြံအောက်တွင် ရေမဝပ်စေရန်၊ ဝက်ချေးများကို မနက်တိုင်းဖယ်ရှားရန်၊ ပိုးသတ်ဆေးမဖျန်းနိုင်လျှင် ထုံးဖြူးပေးရန် အစရှိသည်တို့အပါအဝင် အသိပညာပေးအစီအစဉ်များ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ထို့အပြင် ထန်တလန်မြို့တွင် ဝက်သားများရောင်းချခြင်းမပြုရန်နှင့် ဝက်များသယ်ယူခွင့်ကို ပိတ်ထားဆဲဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံ Crystal Meth စိတ်ကြွမူးယစ်ဆေးတစ်မျိုး ဖမ်းမိ

ဂန့်ဂေါမြို့နယ်ထဲက ပျူစောထီးနှင့်စကစ စခန်းကို PDF နှင့် CDF တို့ ပူးပေါင်းတိုက်ခိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မီဇိုရမ်တွင် ချင်းစစ်ဘေးရှောင်လူငယ်တစ်ဦးသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.