Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့နယ်၏ ၉၉ ရာခိုင်နှုန်းတွင် အုပ်ချုပ်ရေးယန္တရားများလည်ပတ်နေဟု CDF-Thantlang ပြော

ထန်တလန်မြို့နယ်၏ ၉၉ ရာခိုင်နှုန်းတွင် အုပ်ချုပ်ရေးယန္တရားများလည်ပတ်နေဟု CDF-Thantlang ပြော

0
By Editor on March 5, 2025 Headline

(004SS)

ချင်းပြည်နယ် ထန်တလန်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခြင်း မရှိသေးသော် လည်း မြို့နယ်၏ ၉၉ % တွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားများကောင်းမွန်စွာလည်ပတ်နေသည်ဟု CDF-Thantlang ၏ အထွေထွေအတွင်းရေးမှူး Salai Khamh Pek Lian ကပြောသည်။

ယနေ့မတ်လ ၅ ရက်နေ့တွင် Global Thantlang Relief Organization – GTRO မှ ကျင်းပပြုလုပ်သော ထန်တလန် အတွက် အွန်လိုင်းရန်ပုံငွေရှာဖွေခြင်းအစီအစဉ်မှာ CDF-Thantlang အထွေထွေအတွင်းရေးမှူးက ထိုကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

“လက်ရှိမှာ ကျွန်တော်တို့ စစ်‌ကို အနိုင်မရသေးပေမဲ့ အနိုင်ရတာတစ်ခုရှိပါတယ်။ ဒါကတော့ ထန်တလန်မြို့နယ်ရဲ့ ၉၉ % မှာ ကျွန်တော်တို့ အုပ်ချုပ်ရေးလည်ပတ်နေပါတယ်။ ပညာရေးပိုင်းကြည့်မယ်ဆိုရင် grade 12 ထိ ကောင်းကောင်းဖွင့်နေနိုင် တယ်။ နောက် ကျန်းမာရေးဆိုရင်လဲ တစ်နှစ်အတွင်း လူနာပေါင်း ၁ သောင်း ၇ ထောင်နီးပါးကို ဆေးရုံးဆေးခန်းမှာ ကျန်းမာရေးစောင့်လျှောက်မှု ပေးနိုင်ခဲ့တယ်။ နောက် တရားရေးမှာဆိုလို့ရှိရင် ကောင်စီအနေနဲ့ civil case ပေါင်း ၂၄ ခု စီရင်ပေးနိုင်ခဲ့တယ်” ဟု Salai Khamh Pek Lian က ပြောသည်။

၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းကစ၍ ထန်တလန်မြို့သိမ်းစစ်ဆင်ရေးအဖြစ် Tilim Operation -4 စစ်ဆင်ရေးကို CDF-Thantlang အပါအဝင် ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့က ဖော်ဆောင်ခဲ့ရာ ထန်တလန်မြို့ပေါ်က စစ်ကောင်စီအထိုင်ချစခန်း ခလရ ၂၆၉ အပါအဝင် စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ထားနိုင်ကြသော်လည်း မြို့ကိုတော့ ယနေ့ချိန်ထိ အပြီးသတ် သိမ်းပိုက်နိုင်ခြင်းမရှိသေးပေ။

CDF-Thantlang သည် တပ်ရင်းပေါင်း ၆ ခု ဖြင့်ဖွဲ့စည်းထားပြီး ထန်တလန်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်တွင် စစ်ဗျူဟာပြန်လည်စိစစ်ပြင်ဆင်ခြင်း၊ တပ်အင်အားပြန်လည်စုစည်းခြင်းများ ဆောင်ရွက်သွားမည်ဟု CDF-Thantlang အတွင်းရေးမှူးက ပြောသည်။

CDF-Thantlang သည် ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်ပြီး ထန်တလန်ဒေသတွင်း တိုက်ပွဲများအပြင် သိုင်းငဲန်း၊ ခိုင်ကမ်း၊ တွန်းဇံ၊ ကျီခါး ၊ မတူပီ နှင့် မြေပြန့်‌ဒေသ ကလေး-ဂန့်ဂေါ စသည့် စစ်ဆင်ရေးများတွင်အခြားသော ချင်းတော်လှန်ရေးတပ် ဖွဲ့များနှင့်အတူ ပူးပေါင်းပါဝင်တိုက်ပွဲဆင်နွှဲခဲ့သည်ဟုသိရသည်။

၂၀၂၄ ခုနှစ်အတွင်းမှာ ရက်ပေါင်း ၂၇၀ ကျော်ကြာ တိုက်ပွဲများဆင်နွှဲခဲ့ရပြီး ထိုတိုက်ပွဲအတွင်း ရဲဘော် ၂၇ ဦး ကျဆုံးခဲ့ရ သည်ဟု CDF-Thantlang အတွင်းရေးမှူးကပြောသည်။

“ကျွန်တော်တို့ CDF- Thantlang အနေနဲ့ ၂၀၂၄ ကို ကြည့်မယ်ဆိုရင် တစ်နှစ်ပတ်လုံးနီးပါး ဆက်တိုက်တိုက်ပွဲဝင်တယ်လို့ ပြောလို့ရတယ်။ တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ ရှိတဲ့အထဲ ၉၁ ရက်သာ တိုက်ပွဲမဖြစ်ဘဲ နားခဲ့ရတာပေါ့နော်။ ကျွန်တော်တို့ ထန်တလန်မြို့သိမ်းတိုက်ပွဲ Tilim Operation 4 ဆိုရင် ရက်ပေါင်း ၁၅၈ ကြာဖြစ်ပွားတော့ အကြီးမားဆုံး စစ်ဆင်ရေး‌ပေါ့။ ဒီလို စစ်ဆင်ရေးတွေမှာ တိုက်ပွဲဝင်တဲ့ ကျွန်တော်တို့ ရဲဘော် ၂၇ ဦးကျဆုံးခဲ့ရတယ်။ အသက်ဆုံးရှုံးရုံမက အလောင်းပင် မကောက်နိုင်တာ ၅ လောင်းရှိတယ်။ နောက် ကိုယ်လက် အဂ်ါဆုံးရှုံးသူ ၉ ယောက်ရှိတယ်။ ဒါဏ်ရာရတာက ၁၂၅ ဝန်းကျင်ရှိတယ် ဒါဟာ တစ်နှစ်အတွင်း ကျွန်တော်တို့ ပေးဆပ်ကြရတာပါ” ဟု CDF-Thantlang အတွင်းရေးမှူး က ပြောသည်။

စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် တော်လှန်ရေးကာလ ၄ နှစ်ကျော်အတွင်း CDF-Thantlang မှ ရဲဘော် ၆၇ ဦးကျဆုံးခဲ့ရပြီး၊ ရုပ်အလောင်းပြန်မရသည့် ရဲဘော် ၉ ဦး ၊ ပြင်းထန်ဒဏ်ရာရ ရဲဘော် ၃၀၂ ဦးနှင့် ကိုယ်လက်အဂ်ါဆုံးရှုံးသူအယောက် ၂၀ ဝန်းကျင်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတောင်သို့ အင်အားရာချီနှင့်တက်လာသော စစ်တပ်ကို CC နှင့် CB တို့ ပူးပေါင်းစုဖွဲ့ခုခံနေ

ပလက်ဝမြို့နယ်တွင် မြေမြှုပ်မိုင်းကြောင့် အမျိုးသားတစ်ဦးသေဆုံး၊ တစ်ဦး ပြင်းထန်ဒါဏ်ရာရ

ရိခေါဒါရ်မြို့က မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသူများနှင့် လုံးဝပတ်သက်မှုမရှိကြောင်း CNO ပညာရေးဌာနထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.