Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့နယ်၏ ၉၉ ရာခိုင်နှုန်းတွင် အုပ်ချုပ်ရေးယန္တရားများလည်ပတ်နေဟု CDF-Thantlang ပြော

ထန်တလန်မြို့နယ်၏ ၉၉ ရာခိုင်နှုန်းတွင် အုပ်ချုပ်ရေးယန္တရားများလည်ပတ်နေဟု CDF-Thantlang ပြော

0
By Editor on March 5, 2025 Headline

(004SS)

ချင်းပြည်နယ် ထန်တလန်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခြင်း မရှိသေးသော် လည်း မြို့နယ်၏ ၉၉ % တွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားများကောင်းမွန်စွာလည်ပတ်နေသည်ဟု CDF-Thantlang ၏ အထွေထွေအတွင်းရေးမှူး Salai Khamh Pek Lian ကပြောသည်။

ယနေ့မတ်လ ၅ ရက်နေ့တွင် Global Thantlang Relief Organization – GTRO မှ ကျင်းပပြုလုပ်သော ထန်တလန် အတွက် အွန်လိုင်းရန်ပုံငွေရှာဖွေခြင်းအစီအစဉ်မှာ CDF-Thantlang အထွေထွေအတွင်းရေးမှူးက ထိုကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

“လက်ရှိမှာ ကျွန်တော်တို့ စစ်‌ကို အနိုင်မရသေးပေမဲ့ အနိုင်ရတာတစ်ခုရှိပါတယ်။ ဒါကတော့ ထန်တလန်မြို့နယ်ရဲ့ ၉၉ % မှာ ကျွန်တော်တို့ အုပ်ချုပ်ရေးလည်ပတ်နေပါတယ်။ ပညာရေးပိုင်းကြည့်မယ်ဆိုရင် grade 12 ထိ ကောင်းကောင်းဖွင့်နေနိုင် တယ်။ နောက် ကျန်းမာရေးဆိုရင်လဲ တစ်နှစ်အတွင်း လူနာပေါင်း ၁ သောင်း ၇ ထောင်နီးပါးကို ဆေးရုံးဆေးခန်းမှာ ကျန်းမာရေးစောင့်လျှောက်မှု ပေးနိုင်ခဲ့တယ်။ နောက် တရားရေးမှာဆိုလို့ရှိရင် ကောင်စီအနေနဲ့ civil case ပေါင်း ၂၄ ခု စီရင်ပေးနိုင်ခဲ့တယ်” ဟု Salai Khamh Pek Lian က ပြောသည်။

၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းကစ၍ ထန်တလန်မြို့သိမ်းစစ်ဆင်ရေးအဖြစ် Tilim Operation -4 စစ်ဆင်ရေးကို CDF-Thantlang အပါအဝင် ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့က ဖော်ဆောင်ခဲ့ရာ ထန်တလန်မြို့ပေါ်က စစ်ကောင်စီအထိုင်ချစခန်း ခလရ ၂၆၉ အပါအဝင် စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ထားနိုင်ကြသော်လည်း မြို့ကိုတော့ ယနေ့ချိန်ထိ အပြီးသတ် သိမ်းပိုက်နိုင်ခြင်းမရှိသေးပေ။

CDF-Thantlang သည် တပ်ရင်းပေါင်း ၆ ခု ဖြင့်ဖွဲ့စည်းထားပြီး ထန်တလန်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်တွင် စစ်ဗျူဟာပြန်လည်စိစစ်ပြင်ဆင်ခြင်း၊ တပ်အင်အားပြန်လည်စုစည်းခြင်းများ ဆောင်ရွက်သွားမည်ဟု CDF-Thantlang အတွင်းရေးမှူးက ပြောသည်။

CDF-Thantlang သည် ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်ပြီး ထန်တလန်ဒေသတွင်း တိုက်ပွဲများအပြင် သိုင်းငဲန်း၊ ခိုင်ကမ်း၊ တွန်းဇံ၊ ကျီခါး ၊ မတူပီ နှင့် မြေပြန့်‌ဒေသ ကလေး-ဂန့်ဂေါ စသည့် စစ်ဆင်ရေးများတွင်အခြားသော ချင်းတော်လှန်ရေးတပ် ဖွဲ့များနှင့်အတူ ပူးပေါင်းပါဝင်တိုက်ပွဲဆင်နွှဲခဲ့သည်ဟုသိရသည်။

၂၀၂၄ ခုနှစ်အတွင်းမှာ ရက်ပေါင်း ၂၇၀ ကျော်ကြာ တိုက်ပွဲများဆင်နွှဲခဲ့ရပြီး ထိုတိုက်ပွဲအတွင်း ရဲဘော် ၂၇ ဦး ကျဆုံးခဲ့ရ သည်ဟု CDF-Thantlang အတွင်းရေးမှူးကပြောသည်။

“ကျွန်တော်တို့ CDF- Thantlang အနေနဲ့ ၂၀၂၄ ကို ကြည့်မယ်ဆိုရင် တစ်နှစ်ပတ်လုံးနီးပါး ဆက်တိုက်တိုက်ပွဲဝင်တယ်လို့ ပြောလို့ရတယ်။ တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ ရှိတဲ့အထဲ ၉၁ ရက်သာ တိုက်ပွဲမဖြစ်ဘဲ နားခဲ့ရတာပေါ့နော်။ ကျွန်တော်တို့ ထန်တလန်မြို့သိမ်းတိုက်ပွဲ Tilim Operation 4 ဆိုရင် ရက်ပေါင်း ၁၅၈ ကြာဖြစ်ပွားတော့ အကြီးမားဆုံး စစ်ဆင်ရေး‌ပေါ့။ ဒီလို စစ်ဆင်ရေးတွေမှာ တိုက်ပွဲဝင်တဲ့ ကျွန်တော်တို့ ရဲဘော် ၂၇ ဦးကျဆုံးခဲ့ရတယ်။ အသက်ဆုံးရှုံးရုံမက အလောင်းပင် မကောက်နိုင်တာ ၅ လောင်းရှိတယ်။ နောက် ကိုယ်လက် အဂ်ါဆုံးရှုံးသူ ၉ ယောက်ရှိတယ်။ ဒါဏ်ရာရတာက ၁၂၅ ဝန်းကျင်ရှိတယ် ဒါဟာ တစ်နှစ်အတွင်း ကျွန်တော်တို့ ပေးဆပ်ကြရတာပါ” ဟု CDF-Thantlang အတွင်းရေးမှူး က ပြောသည်။

စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် တော်လှန်ရေးကာလ ၄ နှစ်ကျော်အတွင်း CDF-Thantlang မှ ရဲဘော် ၆၇ ဦးကျဆုံးခဲ့ရပြီး၊ ရုပ်အလောင်းပြန်မရသည့် ရဲဘော် ၉ ဦး ၊ ပြင်းထန်ဒဏ်ရာရ ရဲဘော် ၃၀၂ ဦးနှင့် ကိုယ်လက်အဂ်ါဆုံးရှုံးသူအယောက် ၂၀ ဝန်းကျင်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.