• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့နယ် စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများအကူအညီလိုအပ်နေ

ထန်တလန်မြို့နယ် စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများအကူအညီလိုအပ်နေ

0
By Editor on December 13, 2021 Headline

စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုနှင့် မီးရမှုများကြောင့် မြို့ကိုစွန့်ခွာကာ ကျေးလက်ဒေသများသို့ စစ်ဘေးတိမ်းရှောင်နေကြရသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှ ဒေသခံပြည်သူများသည် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ လိုအပ်လျှက်ရှိကြောင်း Thantlang Placement Affairs Committee-IDPs Help မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့သယ်လာတဲ့ ဆန်စပါးတွွေက အခုကုန်လုနီးပါးဖြစ်နေပြီ။ ပြီးရင်ကျန်းမာရေးပိုင်းမှာလည်း တချို့ရွာတွေဆိုရင် CDM ကျန်းမာရေးဝန်ထမ်းမရှိတဲ့ နေရာရှိတဲ့အခါကျတော့ သူတို့က ဖျားရင်လည်း ကုမဲ့သူမရှိဘူး။ အများစုကတော့ င်္ဒီလိုမျိုး ကျန်းမာရေးအပိုင်းမှာ အကူညီမဲ့နေတယ်” Thantlang Placement Affairs Committee-IDPs Help တာဝန်ရှိသူက ပြောသည်။

ထန်တလန်မြို့ပေါ်ရှိဒေသခံပြည်သူများသည် ပြီးခဲ့သည့်စက်တင်ဘာလအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် မြို့ပေါ်တွင် မနေရဲကြတော့ပဲ ကျေးလက်ဒေသများသို့ စတင်ထွက်ပြေးခဲ့ကြခြင်းဖြစ်ပြီး ထန်တလန်မြို့နယ်မှ ခွါဟရိန်းတောင်ကြော၊ ဗန်ဇန်းတောင်ကြော၊ ဇနတ်တောင် ကြော၊ ဗိုင်လာမ်တောင်ကြောနှင့် ဘွောလ်တောင်ကြောရှိ ကျေးရွာပေါင်း ၉၄ ရွာတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်။

တချိူ့မှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ထန်တလန်မြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေမှာ ၇၇၂၅ ရှိသည်ဟု Thantlang Placement Affairs Committee-IDPs Help ၏ စာရင်းအရ သိရသည်။

ထန်တလန်မြိုပေါ်ရှိဒေသခံပြည်သူများသည် မြို့ကိုစွန့်ခွာ၍ စစ်ဘေးတမ်းရှောင်နေကြရသည်မှာ လေးလနီးပါးရှိနေပြီဖြစ် ကာ ၎င်းတို့ယူဆောင်လာကြသည့်ရိက္ခာများလည်းပြတ်လုနီးပါးဖြစ်သည့်အပြင် ထန်တလန်မြို့ပေါ်တွင်လည်း ရိက္ခာများ ပြန်သယ်ယူနိုင်ခြင်းမရှိတော့သည့်အတွက် အခက်ကြုံနေကြရခြင်းဖြစ်သည်။

ထို့အပြင်ဆောင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် စစ်ဘေးရှောင်ပြည်သူများအတွက် အနွေးထည်၊ စောင် လိုအပ်မှု မြင့်မားနေသည်ဟုလည်း Thantlang Placement Affairs Committee-IDPs Help တာဝန်ရှိသူကပြောသည်။

“ဆောင်းရာသီဆိုတော့ သူတို့ အိမ်ကနေထွက်လာတဲ့အခါမှာ အနွေးထည်တွေ၊ စောင်တွေ ယူမလာကြဘူးဆိုတော့၊ တချို့နေရာတွေမှာဆိုရင် သူတို့က ဒီလိုမျိုး အနွေးထည်တွေ၊ စောင်လို အပ်တော့ ဒုက္ခရောက်တဲ့သူတွေရှိတယ်” ဟု သူကပြောသည်။

အိမ်ခြေ နှစ်ထောင်ခန့်ရှိပြီး လူဦးရေတစ်သောင်းဝန်းကျင်ခန့်ရှိသည့် ထန်တလန်မြို့တွင် စက်တင်ဘာလကစ၍ အာဏာသိမ်းစစ်ကောင်စီနှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF-Thantlang) တပ်တို့အကြား တိုက်ပွဲဖြစ်ပွားလာသည့်နောက်ပိုင်း စစ်ကောင်စီတပ်က မြို့ပေါ်တွင်လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်များစတင်လောင်ကျွမ်း လာခဲ့ခြင်းဖြစ်သည်။

ထန်တလန်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့ကစ၍ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ၃ လအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုနှင့် တမင်တကာမီးရှို့မှုကြောင့် မီးလောင်ကျွမ်းမှု ၁၁ ကြိမ်ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၅၀၀ ကျော် ပျက်စီးခဲ့ရသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ချင်းပြည်နယ်တွင် ကလေးငယ်၊ အမျိုးသမီးများအပါအဝင် လူဦးရေ ရ သောင်းကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီမှ ဖွင့်လှစ်သောကျောင်းတွင် ကျောင်းအပ်နှံခြင်းမပြုရန် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပန်ကြား

ထန်တလန်မြို့တွင် CDF များက နေအိမ်များအား ထပ်မံမီးရှို့ဆိုတဲ့သတင်း

ပလက်ဝမြို့အနီးတွင် လက်နက်ကြီးပစ်ခတ်သံများကြားနေရ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.