• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ထန်တလန်မြို့ပေါ်ရှိ ပြည်သူတစ်ထောင်ကျော် ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်

ထန်တလန်မြို့ပေါ်ရှိ ပြည်သူတစ်ထောင်ကျော် ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်

0
By Editor on September 12, 2021 Khonumthung

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြို့တွင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် ထောင်နှင့်ချီသော ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ နေ့စဉ် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ထန်တလန်မြို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။

“အခုလူဦးရေအရတော့ ကျွန်တော်တို့ဒေတာ အတိအကျတော့မရသေးဘူး၊ ဒေတာကောက်နေတုန်းပဲ အခုရထားသလောက်တော့ တစ်ထောင်ကျော်လောက်တော့ရှိပြီ၊ ဒါပေမယ့် ဒီထက်အများကြီး ရှိနိုင်ပါသေးတယ်၊ ဒီနေ့လည်း အဆက်မပြတ်စစ်ဘေးရှောင်တွေ သွားနေကြတုန်းဆိုတော့၊ အခုက ထန်တလန်မြို့ပေါ်က ထက်ဝက်လောက်ကတော့ အနီးအနားရွာတွေကို ပြေးကြကုန်ပြီ” ဟု ထန်တလန်မြို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောသည်။

ထန်တလန်မြို့ပေါ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နောက်ပို််င်းကစပြီး မြို့တွင်း တိုက်ပွဲဖြစ်ပွားလာခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာတွင် လူနေအိမ်များ ကျည်ထိပျက်စီးမှုနှင့် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ သေဆုံးမှုရှိလာခဲ့ပြီးနောက် ယခုရက်ပိုင်းတွင်လည်းတိုက်ပွဲ ထပ်မံဖြစ်ပွားလာသောကြောင့် မြို့ပေါ်နေပြည်သူအများစုမှာ ကျေးလက်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

ထန်တလန်မြို့ပေါ်ရှိ ပြည်သူများသည် ဘေးလွတ်ရာကျေးရွာများတွင် စစ်ဘေးရှောင်နေရသော်လည်း စစ်ဘေးလုံခြုံ စိတ်ချမှုမရှိသေးကြောင်းလည်း ထန်တလန်မြို့ပေါ်က စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ဆက်ပြောသည်။

“အခုတော့ လုံခြုံမှုစိတ်ချမှုတော့မရသေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီစစ်သားတွေက ဘယ်နားကနေ စစ်ကြောင်းဖွင့်မယ််ဆိုတာ ကျွန်တော်တို့မသိရသေးဘူး၊ အဲ့အတွက်ကြောင့် လုံခြုံတယ်လို့ပြောလို့မရသေးဘူး၊ အိန္ဒိယပြည် မဖြတ်သေးခင်အထိတော့ လုံခြုံတယ်လို့ပြောလို့မရသေးဘူး” ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ခံကပြောသည်။

လက်ရှိ ချင်းပြည်နယ် ထန်တလန်မြို့ပေါ် ပြည်သူများသည် ရိက္ခာအနည်းငယ်များဖြင့် တိမ်းရှောင်နေကြရပြီး ထန်တလန်မြို့နယ်အတွင်းရှိ ကျေးရွာစာသင်ကျောင်းများ၊ ဆွေမျိုးများနှင့် ထန်တလန်မြို့ ရပ်ကွက်အလိုက်ပြုလုပ်ထားသော Camp များတွင် စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။

ယမန်နေ့တွင်လည်း အိန္ဒိယ-မြန်မာနယ်စပ်၊ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် Lungler ကျေးရွာတွင် ချင်းအမျိုးသားတပ်မတော် CNA/CDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဂျက်လေယာဉ်အသုံးပြုပြီး ဝေဟင်မှ ဗုံးကျဲပစ်ခတ်ခဲ့သောကြောင့် လူနေအိမ်နှင့် ဘုရားကျောင်း ပျက်စီးမှုရှိခဲ့ကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.