Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဒု-သမၼတ ဦးဟင္နရီဗန္ထီးယူ ေရြးေကာက္ပြဲၿပီးဆံုးသည္အထိ ထန္တလန္ၿမိဳ႕တြင္ ရွိေနမည္

ဒု-သမၼတ ဦးဟင္နရီဗန္ထီးယူ ေရြးေကာက္ပြဲၿပီးဆံုးသည္အထိ ထန္တလန္ၿမိဳ႕တြင္ ရွိေနမည္

0
By Editor on October 27, 2020 Headline

#Unicode

ချင်းပြည်နယ်သို့ ရောက်ရှိနေသည့် နိုင်ငံတော် ဒုသမ္မတ (၂) ဦးဟင်နီရီဗန်ထီးယူသည် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်မှုကို ကြည့်ရှုစစ်ဆေးပြီးနောက် သူ၏မဲဆန္ဒနယ်မြေ ထန်တလန်မြို့တွင် ရွေးကောက်ပွဲပြီးဆုံးသည်အထိ ဆက်နေသွားမည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ပြောင်ခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“သူကဒီမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ၂ ရက် ၃ ရက်လောက်ကြည့်ရှုပြီးရင် ထန်တလန်ကိုသွားဖို့ရှိပါတယ်၊ ထန်တလန်မှာ သူလည်းရွေးကောက်ပွဲဝင်တယ်ဆိုတော့ သူ့ထန်တလန်မြို့နယ်ထဲမှာတော့ စည်းရုံးရေးလုပ်ငန်းစဉ် တွေအနေနဲ့သွားမှာ၊ ရွေးကောက်ပွဲပြီးတဲ့အထိ သူရှိနေမှာပေါ့ မဲဆွယ်ပြီး ဆန္ဒမဲပြီးမှပဲ ပြန်သွားမယ်ထင်တယ်” ဟုဝန်ကြီး ဦးစိုးထက်ကေ ပြာသည်။

ဒုသမ္မတသည် အောက်တိုဘာလ ၂၅ ရက်နေ့က ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့သို့ရောက်ရှိလာပြီး ဝမ္မသူမောင်းအားကစားကွင်းပွဲကြည့်စင်အသစ်ဆောက်လုပ်သည့်လုပ်ငန်း၊ တရားလွှတ်တော်ချူပ်ရုံးဆောက်လုပ်သည့်လုပ်ငန်း၊ GTI၊ ပညာရေးကောလိပ် တက္ကသိုလ်များအပြင် ဘုံဇုန်းဘိလပ်မြေစက်ရုံ တည်ဆောက်မည့်အခြေအနေများ ကိုလည်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။

“ တည်ဆောက်ရေးလုပ်ငန်းတွေမှာလိုအပ်တာတွေကိုဖြည့်ဆည်းပေးတယ်၊ လိုအပ်တာတွေလမ်းညွန်တာပေါ့။ တည်ဆောက်ရေးလုပ်ငန်းမြန်မြန်ပြီးဖို့ ကြည့်တယ်၊ ပညာရေးကော်လိပ်ကို ပညာရေး ဒီကရေကော်လိပ်တိုးတယ်၊ ပညာရေးဒီကရေ ကော်လိပ်ကို ပညာရေးတက္ကသိုလ်လုပ်မယ်ဒီလိုမျိုးတွေလမ်းညွန်တာပေါ့’’ ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းသာလိုတော့သည့်အချိန်တွင် နိုင်ငံတော်ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ချင်းပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများလာရောက်ကြည့်ရှုသည့်အပေါ် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီ အတွင်းရေးမှူးဆလိုင်းကျဲအိုဘိခ်ထောင်ကယခုကဲ့သို့ပြောဆိုသည်။

“ဒုသမ္မတက နိုင်ငံတော်အစိုးရရဲ့အစီအစဉ်နဲ့လာတာလား သူတို့ရဲ့ပါတီစည်းရုံးရေးအစီအစဉ်နဲ့လာ တာလား ဆိုတာကျွန်တော်လဲအတိအကျမသိဘူး၊ အထူးသဖြင့်နိုင်ငံတော်ဖွံ့ဖြိုးရေးဆိုင်ရာ အကောင်အထည်ဖော်မှုတွေကို ရွေးကောက်ပွဲအတွက် အသုံးမပြုသင့်ဘူး ၊အမှတ်မယူသင့်ဘူး။ ပြိုင်ဖက်ပါတီတွေကအစိုးရယန္တရားတွေကိုအသုံးမပြုတဲ့ အတွက် နစ်နာတယ် အဲ့နှစ်ခုကိုရောပြီးမလုပ် စေချင်ဘူး ၊ ဒါကြောင့်ဒီတခေါက်ခရီးစဉ်ကို ခွဲခွဲခြားခြားနဲ့ရှင်းရှင်းလင်းလင်းနဲ့ လုပ်ဖို့လိုတယ်။ နောက်ပြီးခုCOVIDလိုင်းကဆိုးနေတယ်ဆိုတော့ ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဘယ်နေရာကနေလာလာ ကိုဗစ်နဲ့ပက်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေ၊ ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို တသဝေမတိမ်းအပြည့်အဝလိုက်နာဖို့လိုအပ်တယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။

ဦးဟင်နရီဗန်ထီးယူသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီကိုယ်စားပြု အနေဖြင့် ထန်တလန်မြို့နယ် အမျိူးသားလွှတ်တော်မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ထန်တလန်မြို့နယ်အမျိူးသားလွှတ်တော်မဲဆန္ဒနယ်မြေတွင် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) မှ ဦးဗန်မွန်လျန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ ရှန်လျန်မှုန်း တို့လည်းဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Photo Crd: Hakha Post

#Zawgyi

ခ်င္းျပည္နယ္သို႔ ေရာက္ရွိေနသည့္ ႏုိင္ငံေတာ္ ဒုသမၼတ(၂) ဦးဟင္နီရီဗန္ထီးယူသည္ ခ်င္းျပည္နယ္အစိုးရအဖြဲ႔၏ ေဒသဖြံ႔ၿဖိဳးေရးလုပ္ငန္းမ်ားအေကာင္အထည္ေဖာ္ေဆာင္မႈကို ၾကည့္ရႈစစ္ေဆးၿပီးေနာက္ သူ၏မဲဆႏၵနယ္ေျမ ထန္တလန္ၿမိဳ႕တြင္ ေရြးေကာက္ပြဲၿပီးဆံုးသည္အထိ ဆက္ေနသြားမည္ဟု ခ်င္းျပည္နယ္အစုိးရအဖြဲ႔ေျပာင္ခြင့္ရပုဂၢိဳလ္ စည္ပင္၀န္ႀကီး ဦးစိုးထက္ကေျပာသည္။ 

“သူကဒီမွာ ဖြံ႔ျဖဳိးေရးလုပ္ငန္းေတြကို ၂ ရက္ ၃ ရက္ေလာက္ၾကည့္႐ႈၿပီးရင္ ထန္တလန္ကိုသြားဖို႔ရွိပါတယ္၊ ထန္တလန္မွာ သူလည္းေရြးေကာက္ပြဲဝင္တယ္ဆုိေတာ့သူ႔ထန္တလန္ျမဳိ႕နယ္ထဲမွာေတာ့ စည္းရုံးေရးလုပ္ငန္းစဥ္ ေတြအေနနဲ႔သြားမွာ၊  ေရြးေကာက္ပြဲျပီးတဲ့အထိ သူရွိေနမွာေပါ့ မဲဆြယ္ျပီး ဆႏၵမဲျပီးမွပဲ ျပန္သြားမယ္ထင္တယ္” ဟု၀န္ႀကီး ဦးစုိးထက္ကေ ျပာသည္။

ဒုသမၼတသည္ ေအာက္တိုဘာလ ၂၅ ရက္ေန႔က ခ်င္းျပည္နယ္၏ၿမိဳ႕ေတာ္ ဟားခါးၿမိဳ႕သို႔ေရာက္ရွိလာၿပီး ၀မၼသူေမာင္းအားကစားကြင္းပြဲၾကည့္စင္အသစ္ေဆာက္လုပ္သည့္လုပ္ငန္း၊ တရားလႊတ္ေတာ္ခ်ဴပ္ရံုးေဆာက္လုပ္သည့္ လုပ္ငန္း၊ GTI၊ ပညာေရးေကာလိပ္ တကၠသိုလ္မ်ားအျပင္ ဘံုဇုန္းဘိလပ္ေျမစက္ရံု တည္ေဆာက္မည့္အေျခအေနမ်ား ကိုလည္း ကြင္းဆင္းၾကည့္႐ႈစစ္ေဆးခဲ့သည္ဟု သိရသည္။ 

“ တည္ေဆာက္ေရးလုပ္ငန္းေတြမွာလုိအပ္တာေတြကုိျဖည့္ဆည္းေပးတယ္၊ လုိအပ္တာေတြလမ္းညြန္တာေပါ့။ တည္ေဆာက္ေရးလုပ္ငန္းျမန္ျမန္ျပီးဖုိ႔ ၾကည့္တယ္၊ ပညာေရးေကာ္လိပ္ကုိ ပညာေရး ဒီကေရေကာ္လိပ္တုိးတယ္၊  ပညာေရးဒီကေရ ေကာ္လိပ္ကုိ ပညာေရးတကၠသုိလ္လုပ္မယ္ဒီလုိမ်ဳိးေတြလမ္းညြန္တာေပါ့’’ ဟု ၀န္ႀကီးဦးစိုးထက္ကေျပာသည္။

ေရြးေကာက္ပြဲက်င္းပရန္ ရက္ပိုင္းသာလိုေတာ့သည့္အခ်ိန္တြင္ ႏိုင္ငံေတာ္ဒုသမၼတ ဦးဟင္နရီဗန္ထီးယူ ခ်င္းျပည္နယ္ဖြံ႔ၿဖိဳးေရးလုပ္ငန္းမ်ားလာေရာက္ၾကည့္႐ႈသည့္အေပၚ ခ်င္းအမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္(CNLD) ပါတီ အတြင္းေရးမွဴးဆလိုင္းက်ဲအိုဘိခ္ေထာင္ကယခုကဲ့သို႔ေျပာဆိုသည္။

“ဒုသမၼတက ႏုိင္ငံေတာ္အစုိးရရဲ႕အစီအစဥ္နဲ႔လာတာလား သူတို႔ရဲ႕ပါတီစည္းရုံးေရးအစီအစဥ္နဲ႔လာ တာလား ဆုိတာကြ်န္ေတာ္လဲအတိအက်မသိဘူး၊ အထူးသျဖင့္ႏုိင္ငံေတာ္ဖြံ႔ျဖဳိးေရးဆုိင္ရာ အေကာင္အထည္ေဖာ္မႈေတြကို ေရြးေကာက္ပြဲအတြက္ အသုံးမျပဳသင့္ဘူး ၊အမွတ္မယူသင့္ဘူး။ ျပိဳင္ဖက္ပါတီေတြကအစုိးရယႏၱရားေတြကုိအသုံးမျပဳတဲ့ အတြက္ နစ္နာတယ္ အဲ့ႏွစ္ခုကုိေရာျပီးမလုပ္ ေစခ်င္ဘူး ၊ ဒါေၾကာင့္ဒီတေခါက္ခရီးစဥ္ကုိ ခြဲခြဲျခားျခားနဲ႔ရွင္းရွင္းလင္းလင္းနဲ႔ လုပ္ဖုိ႔လုိတယ္။ ေနာက္ျပီးခုCOVIDလိုင္းကဆုိးေနတယ္ဆုိေတာ့ ဘယ္လုိပုဂၢဳိလ္ပဲျဖစ္ျဖစ္ ဘယ္ေနရာကေနလာလာ ကုိဗစ္နဲ႔ပက္သက္ျပီး က်န္းမာေရးႏွင့္အားကစားဝန္ၾကီးဌာနရဲ႕ထုတ္ျပန္ခ်က္ေတြ၊ ဥပေဒ လုပ္ထုံးလုပ္နည္းေတြကုိ တသေဝမတိမ္းအျပည့္အဝလုိက္နာဖုိ႔လုိအပ္တယ္” ဟု ဆလိုင္းက်ဲအိုဘိခ္ေထာင္ကေျပာသည္။ 

ဦးဟင္နရီဗန္ထီးယူသည္ လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ အမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္(NLD) ပါတီကိုယ္စားျပဳ အေနျဖင့္ ထန္တလန္ၿမိဳ႕နယ္ အမ်ဴိးသားလႊတ္ေတာ္မဲဆႏၵနယ္ေျမတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္သည္။ 

ထန္တလန္ၿမိဳ႕နယ္အမ်ဴိးသားလႊတ္ေတာ္မဲဆႏၵနယ္ေျမတြင္ ခ်င္းအမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္(CNLD)မွ ဦးဗန္မြန္လ်န္၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီ(USDP)မွ ရွန္လ်န္မႈန္း တို႔လည္း၀င္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.