Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့အနီးတွင် လက်နက်ကြီးပစ်ခတ်သံများကြားနေရ

ပလက်ဝမြို့အနီးတွင် လက်နက်ကြီးပစ်ခတ်သံများကြားနေရ

0
By Editor on May 26, 2022 Headline

ချင်းပြည်နယ်၊ ပလက်ဝမြို့အနီးတွင် ယနေ့ မေလ ၂၆ ရက်နေ့ မနက် ၉ နာရီအချိန်ကစ၍ လက်နက်ကြီးပစ်ခတ်သံများ အဆက်မပြတ်ကြားနေရသည်ဟု သိရသည်။

ပလက်ဝမြို့ဒေသခံတစ်ဦးက “ပလက်ဝမှာတော့ ၂၈၉ တပ်ရင်းရှိတော့ တပ်ရင်းကနေပစ်တာ အခါနှစ်ဆယ် နှစ်ဆယ့်ငါး ကျော်ပြီ၊ တိုက်ပွဲဖြစ်လို့ပဲ ပစ်တာ ခါတိုင်းကမပစ်ဘူး။ လက်နက်ကြီးကတော့ ဒီမနက်ကနေ အခုထိပစ်တုန်းပဲ” ဟု ပြောသည်။

ပလက်ဝမြို့နယ် အဘောင်သာကျေးရွာနှင့် ရုပ်ဝကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့တို့ ယနေ့နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားမှုကြောင့် ၂၈၉ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူခြင်းဖြစ်နိုင်သည်ဟု ၎င်းကပြောသည်။

တိုက်ပွဲဖြစ်ပွားမှုအခြေအနေကိုမူ ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြု၍မရသေးပေ။

စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်ခဲ့ပြီးနောက် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ရေးအခြေအနေပြန်လည်တင်းမာမှုရှိလာခဲ့သည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ကလည်း ပလက်ဝမြို့နယ် သံထောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသေးသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား စစ်ရေးတင်းမာနေခြင်းကြောင့် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများ ပြန်လည်ပြင်းထန်လာမည်ကို ဒေသခံပြည်သူများအကြား စိုးရိမ်မှုများမြင့်တက်နေသည်ဟုလည်း သိရသည်။

ပလက်ဝမြို့နယ်တွင် ၂၀၁၅ ခုနှစ်ကစ၍ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်ထဲက ပြည်သူတစ်သောင်းကျော်ခန့် ယနေ့ချိန်ထိ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့က အစိုးရ အဆောက်အဦးနှင့် နေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားများ သေဆုံးမှုရှိဟုဆို

စစ်ကောင်စီကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၀ ကျော်သေဆုံး

မူးယစ်ဆေးဝါးကြောင့် ဖမ်းခံရသူ ၄ ဦးနှင့် မိသားစုဝင်များကို မီဇိုးလူငယ်အသင်း YMA က မြန်မာပြည်ပြန်ရန် နှင်ထုတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.