• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက္ဝျမဳိ႕တြင္ လူနာတင္ကားအပါအဝင္ ေအာက္ဆီဂ်င္စက္ အသုံးျပဳရန္မီးစက္လုိအပ္လွ်က္ရွိေန

ပလက္ဝျမဳိ႕တြင္ လူနာတင္ကားအပါအဝင္ ေအာက္ဆီဂ်င္စက္ အသုံးျပဳရန္မီးစက္လုိအပ္လွ်က္ရွိေန

0
By Editor on December 18, 2020 Headline

#Unicode

နှင်းနှင်း – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့သည် လမ်းပန်း ဆက်သွယ်ရေးခက်ခဲသောကြောင့် အရေးပေါ်လူနာများကို လျှင်မြန်စွာသယ်ယူပို့ဆောင်နိုင်ရန် လူနာတင်ကားနှင့် ဆေးရုံတွင်အရေးပေါ်လူနာများပြားလာမည်ဆိုပါက အောက်ဆီဂျင်စက်အသုံးပြုရန်မီးစက်လိုအပ်လျှက်ရှိသည်ဟု ပလက်ဝမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစိုးသက်ဝင်းကပြောသည်။

“အခုလတ်တလောမှာပဲလိုတာမဟုတ်ပဲ ကျွန်တော်တို့နောက်ပိုင်းအတွက်ကြိုတင်စဉ်းစားပြီး လိုအပ်လာတာတွေကတော့ အောက်ဆီဂျင်စက်လိုမယ်၊ သူနဲ့တွဲပြီးအလှည်းလှယ်လုပ်ရတဲ့မီးစက်ပေါ့၊ မီးစက်အကြီးရှိပြီးသားအပြင် နောက်အရံ အသေးလေးတစ်လုံး၊ နှစ်လုံးရှိတယ်ဆိုရင်တော့ ကိုဗစ်လူ နာတင်မဟုတ်ပဲ ကျန်တဲ့အရေးပေါ်လူနာ၊ ဆေးရုံတက်တဲ့လူနာတွေအတွက်အဲတာတွေရှိထားရင်ပို အဆင်ပြေမယ်” ဟု ဒေါက်တာစိုးသက်ဝင်းကပြောသည်။

ပလက်ဝမြို့နယ်ရှိ ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်စက်ရှိသော်လည်း လူနာ အနည်းငယ်အတွက်သာ အဆင်ပြေပြီး ယခုထက် ကိုဗစ်လူနာ ပိုများလာပါက လုံလောက်မည် မဟုတ်ကြောင်း ဒေါက်တာစိုးသက်ဝင်းကပြောသည်။

ထို့ပြင် ပလက်ဝမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်နေရာတွင်ရှိသဖြင့် အရေးပေါ်လူနာများ သယ်ပို့နိုင်ရန် လမ်းကြမ်းသည့်နေရာများတွင် မောင်းနှင်နိုင်သည့် မော်တော်ယာဉ်တစ်စီးလည်း လိုအပ်နေကြောင်းသိရသည်။

ဒေါက်တာစိုးသက်ဝင်းမှ “လူနာတင်ကားက ကျန်းမားရေးဌာနပေးထားတာရှိတယ်၊ ဒါပေမယ့် ကားကနမ့်နေတော့ ခရီးကြမ်းသွားလို့ရမဲ့ ဖောဝှီးကား တွေရှိရင်လူနာတွေလှဲရ ၊ပြုရပိုပြီးတော့ အဆင်ပြေမယ် ၊ခုကျွန်တော်တိုု့သုံး ပြုတာက ဒီကနေ ပလက်ဝ၊ဆမီးတူ၊မတူပီ၊ မင်းတပ်လမ်းကြောင်းဖက်ကနေ လူနာတွေကိုသယ်ရတာဖြစ်တယ်” ဟု ပြောသည်။

ပလက်ဝမြို့တွင်ကိုဗစ်ပိုးတွေ့ရှိမှုရှိလာသောကြောင့် လမ်းပန်းဆက်သွယ်ရေး၊လုံခြုံရေး အခက်အ ခဲကြားမှ နည်းလမ်းမျိုးစုံအသုံးပြီး ပလက်ဝမြို့ဆေးရုံတွင်လိုအပ်သောဆေးဝါးပစ္စည်းများကို ပို့ဆောင်ပေးနေပြီး အခြားသောလိုအပ်သည့်ဆေးဝါး များကိုပို့ဆောင်ပေးနိုင်ရန် ပြည်နယ်အစိုးရထံတွင်တင်ပြထားကြောင်း ချင်းပြည်နယ်၊ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနမှုး ဒေါက်စံအောင်ငွေစံ ကပြောသည်။

“ပလက်ဝမြို့အတွက် လိုအပ်တဲ့ PPE ဝတ်စုံ၊ 95 Mask ၊ Test Kit တို့ကိုလည်းနည်းမျိုးစုံနဲ့ ရှာဖွေပြီးပို့ဆောင်ခဲ့ပြီးပါပြီ၊ များသောအားဖြင့် ပစ္စည်းတွေကို မတူပီမှာသွားပြီး စုပုံရတယ်၊ ပြီးမှ မတူပီဆရာဝန်နဲ့ ပလက်ဝဆရာဝန်တွေ ဆက်သွယ်ပြီးတော့ လူကြုံတွေနဲ့ပို့ရတာ တွေရှိပါတယ်၊ သွားရေးလာရေး၊ လုံခြုံရေးအခက်အခဲ အနေအထား ကြောင့် ပလက်ဝမြို့နယ်ရဲ့ ကိုဗစ်ကာကွယ်ရေး ပစ္စည်းတွေလောက်ပဲ မဟုတ်ဘူး တခြားသောဆေးဝါးရေး ပစ္စည်းထောက်ပံ့ရေး ပစ္စည်းတွေကအခြားသောမြို့နယ်တွေထက်ရရှိမှုနည်းတယ်လို့ပြောလို့ရမယ်၊ လက်ရှိအနေအထားမှာတော့ ပလက်ဝမြို့ နယ် ဆရာဝန်အနေနဲ့ အခြားမဖြစ်မနေ ဆောင်ရွက်ရမဲ့လိုအပ်တဲ့ပစ္စည်းတွေ ဘာအခက်တွေရှိနေလည်း ဆိုတာသိရဖို့ကျွန်တော်နဲ့ အမြဲမပြတ်အဆက်အသွယ်ရှိပါတယ်” ဟု ဒေါက်စံအောင်ငွေစံ ကပြောသည်။

ပလက်ဝမြို့နယ်တွင် လက်ရှိအချိန်ထိ ကိုဗစ်ကူးစက်ခံရသူ ၁၆ ဦးထိရှိပြီး ၁၄ ဦးမှာ ကျန်းမာရေးကောင်းမွန်လာသောကြောင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီး လက်ရှိတွင် ဆေးကုသမှုခံယူနေသူ ၂ ဦးရှိကြောင်းသိရသည်။

#Zawgyi

ႏွင္းႏွင္း – ခ်င္းျပည္နယ္ေတာင္ပုိင္း၊ ပလက္ဝျမဳိ႕သည္ လမ္းပန္း ဆက္သြယ္ေရးခက္ခဲေသာေၾကာင့္ အေရးေပၚလူနာမ်ားကုိ လွ်င္ျမန္စြာသယ္ယူပုိ႔ေဆာင္ႏိုင္ရန္ လူနာတင္ကားႏွင့္ ေဆးရုံတြင္အေရးေပၚလူနာမ်ားျပားလာမည္ဆုိပါက ေအာက္ဆီဂ်င္စက္အသုံးျပဳရန္မီးစက္လုိအပ္လ်ွက္ရွိသည္ဟု ပလက္ဝျမဳိ႕နယ္ က်န္းမာေရးဦးစီးဌာနမွ ေဒါက္တာစုိးသက္ဝင္းကေျပာသည္။ 

“အခုလတ္တေလာမွာပဲလုိတာမဟုတ္ပဲ ကြ်န္ေတာ္တို႔ေနာက္ပုိင္းအတြက္ၾကဳိတင္စဥ္းစားျပီး လုိအပ္လာတာေတြကေတာ့ ေအာက္ဆီဂ်င္စက္လုိမယ္၊ သူနဲ႔တြဲျပီးအလွည္းလွယ္လုပ္ရတဲ့မီးစက္ေပါ့၊ မီးစက္အၾကီးရွိျပီးသားအျပင္ ေနာက္အရံ အေသးေလးတစ္လုံး၊ ႏွစ္လုံးရွိတယ္ဆုိရင္ေတာ့ ကိုဗစ္လူ နာတင္မဟုတ္ပဲ က်န္တဲ့အေရးေပၚလူနာ၊ ေဆးရုံတက္တဲ့လူနာေတြအတြက္အဲတာေတြရွိထားရင္ပုိ အဆင္ေျပမယ္” ဟု ေဒါက္တာစိုးသက္ဝင္းကေျပာသည္။

ပလက္ဝၿမိဳ႕နယ္ရွိ ျပည္သူ႔ေဆးရံုတြင္ ေအာက္ဆီဂ်င္စက္ရွိေသာ္လည္း လူနာ အနည္းငယ္အတြက္သာ အဆင္ေျပၿပီး ယခုထက္ ကိုဗစ္လူနာ ပိုမ်ားလာပါက လံုေလာက္မည္ မဟုတ္ေၾကာင္း ေဒါက္တာစိုးသက္ဝင္းကေျပာသည္။

ထို႔ျပင္ ပလက္ဝၿမိဳ႕နယ္သည္ လမ္းပန္းဆက္သြယ္ေရးခက္ခဲသည့္ေနရာတြင္ရွိသျဖင့္ အေရးေပၚလူနာမ်ား သယ္ပို႔ႏိုင္ရန္ လမ္းၾကမ္းသည့္ေနရာမ်ားတြင္ ေမာင္းႏွင္ႏိုင္သည့္ ေမာ္ေတာ္ယာဥ္တစ္စီးလည္း လိုအပ္ေနေၾကာင္းသိရသည္။

ေဒါက္တာစိုးသက္ဝင္းမွ “လူနာတင္ကားက က်န္းမားေရးဌာနေပးထားတာရွိတယ္၊ ဒါေပမယ့္ ကားကနမ့္ေနေတာ့ ခရီးၾကမ္းသြားလုိ႔ရမဲ့ ေဖာဝွီးကား ေတြရွိရင္လူနာေတြလွဲရ ၊ျပဳရပုိျပီးေတာ့ အဆင္ေျပမယ္ ၊ခုကြ်န္ေတာ္တုို႔သုံး ျပဳတာက ဒီကေန ပလက္ဝ၊ဆမီးတူ၊မတူပီ၊ မင္းတပ္လမ္းေၾကာင္းဖက္ကေန လူနာေတြကိုသယ္ရတာျဖစ္တယ္။” ဟု ေျပာသည္။ 

ပလက္ဝျမဳိ႕တြင္ကုိဗစ္ပုိးေတြ႔ရွိမႈရွိလာေသာေၾကာင့္ လမ္းပန္းဆက္သြယ္ေရး၊လုံျခဳံေရး အခက္အ ခဲၾကားမွ နည္းလမ္းမ်ဳိးစုံအသုံးျပီး ပလက္ဝျမဳိ႕ေဆးရုံတြင္လုိအပ္ေသာေဆးဝါးပစၥည္းမ်ားကို ပုိ႔ေဆာင္ေပးေနၿပီး အျခားေသာလုိအပ္သည့္ေဆးဝါး မ်ားကိုပုိ႔ေဆာင္ေပးႏုိင္ရန္ ျပည္နယ္အစုိးရထံတြင္တင္ျပထားေၾကာင္း ခ်င္းျပည္နယ္၊ျပည္သူ႔က်န္းမာေရး၊ ကုသေရးဦးစီးဌာနမႈး ေဒါက္စံေအာင္ေငြစံ ကေျပာသည္။

“ပလက္ဝျမဳိ႕အတြက္ လုိအပ္တဲ့ PPE ဝတ္စုံ၊ 95 Mask ၊ Test Kit တုိ႔ကုိလည္းနည္းမ်ဳိးစုံနဲ႔ ရွာေဖြျပီးပုိ႔ေဆာင္ခဲ့ျပီးပါျပီ၊ မ်ားေသာအားျဖင့္ ပစၥည္းေတြကုိ မတူပီမွာသြားျပီး စုပုံရတယ္၊ ျပီးမွ မတူပီဆရာဝန္နဲ႔ ပလက္ဝဆရာဝန္ေတြ ဆက္သြယ္ျပီးေတာ့ လူၾကဳံေတြနဲ႔ပုိ႔ရတာ ေတြရွိပါတယ္၊ သြားေရးလာေရး၊ လုံျခဳံေရးအခက္အခဲ အေနအထား ေၾကာင့္ ပလက္ဝျမဳိ႕နယ္ရဲ႕ ကုိဗစ္ကာကြယ္ေရး ပစၥည္းေတြေလာက္ပဲ မဟုတ္ဘူး တျခားေသာေဆးဝါးေရး ပစၥည္းေထာက္ပံ့ေရး ပစၥည္းေတြကအျခားေသာျမဳိ႕နယ္ေတြထက္ရရွိမႈနည္းတယ္လုိ႔ေျပာလုိ႔ရမယ္၊ လက္ရွိအေနအထားမွာေတာ့ ပလက္ဝျမဳိ႕ နယ္ ဆရာဝန္အေနနဲ႔ အျခားမျဖစ္မေန ေဆာင္ရြက္ရမဲ့လုိအပ္တဲ့ပစၥည္းေတြ ဘာအခက္ေတြရွိေနလည္း ဆုိတာသိရဖုိ႔ကြ်န္ေတာ္နဲ႔ အျမဲမျပတ္အဆက္အသြယ္ရွိပါတယ္” ဟု ေဒါက္စံေအာင္ေငြစံ ကေျပာသည္။ 

 ပလက္ဝၿမိဳ႕နယ္တြင္ လက္ရွိအခ်ိန္ထိ ကိုဗစ္ကူးစက္ခံရသူ ၁၆ ဦးထိရွိၿပီး ၁၄ ဦးမွာ က်န္းမာေရးေကာင္းမြန္လာ ေသာေၾကာင့္ ေဆးရံုမွ ဆင္းခြင့္ျပဳလိုက္ၿပီး လက္ရွိတြင္ ေဆးကုသမႈခံယူေနသူ ၂ ဦးရွိေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ခမ်းပတ်မြို့အရှေ့ဘက်မှာ ကင်းစောင့်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ၄ ဦးသတ်ဖြတ်

ကလေးမြို့မှာ MPT/Atom ဖုန်းလိုင်းများ ဖြတ်တောက် အူရီဒူးတလိုင်းသာရရှိ

ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေး ညီလာခံကို အားကောင်းသည့် ချင်းကာကွယ်ရေး (၄) ဖွဲ့က တက်ရောက်မည်မဟုတ်ဟု ကြေညာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 6, 2023

တောင်ဇလပ်မြေပေါ်က စစ်အာဏာရှင်ကို တွန်းလှန်နေကြသော ရဲမေများ………

December 5, 2023

“မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး၊  အဲ့ဒါကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကို တင်ပြခြင်းဖြစ်တယ်”

November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.