Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့တွင် စာဖတ်ဝိုင်းဆက်မပြုလုပ်နိုင်ခြင်းကြောင့် တက္ကသိုလ်ဝင်တန်းအောင်ချက်ထိခိုက်မည်ကို စိုးရိမ်

ပလက်ဝမြို့တွင် စာဖတ်ဝိုင်းဆက်မပြုလုပ်နိုင်ခြင်းကြောင့် တက္ကသိုလ်ဝင်တန်းအောင်ချက်ထိခိုက်မည်ကို စိုးရိမ်

0
By Editor on December 16, 2019 Headline

By လားနွန် – မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားရာဒေသ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့် (ပုဒ်မ ၁၄၄) ထုတ်ပြန်ခြင်းကြောင့် ညစာဖတ်ဝိုင်းများဆက်ပြုလုပ်၍မရသဖြင့် တက္ကသိုလ်ဝင်တန်း အောင်ချက်ထိခိုက်မည်ဟု စိုးရိမ်နေကြသည်။

ချင်းပြည်နယ် မြို့နယ် (၉) မြို့နယ်အနက် ပလက်ဝမြို့နယ်သည် ဆယ်တန်းအောင်ချက်အနိမ့်ဆုံးဖြစ်လေ့ရှိသည့်အတွက် အောင်ချက်မြင့်မားလာစေရန် ပြည်နယ်အစိုးရမှ စာဖတ်ဝိုင်းများပြုလုပ်ခိုင်းသော်လည်း ည (၆) နာရီမှ နံနက် (၆) နာရီအကြား ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့်အတွက် စာဖတ်ဝိုင်းမပြုလုပ်နိုင် တော့ကြောင်း ပလက်ဝမြို့နယ် ပညာရေးမှူးက ဆလိုင်းအောင်မင်းကပြောသည်။

“တချို့စာဖတ်ဝိုင်းတွေက ကျနော်တို့စနေပြီလေ ပုဒ်မ ၁၄၄ ထွက်တာနဲ့ စာဖတ်ဝိုင်းကလုံးဝလုပ်လို့မရတော့ဘူး၊ ဆရာ။မတွေရော ကျောင်းသူ။သားတွေရောမလာချင်ကျတော့ဘူး ပုဒ်မ ၁၄၄ ကြောင့် ကျောင်းသူ။သားတွေရော ဆရာ။မတွေကလည်း အဲလိုလုပ်ဖို့ကလည်းနည်းနည်းလေး စိုးရိမ်ကြတာပေါ့” ဟု မြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။

ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(ဗဗ) တို့ အကြားတိုက်ပွဲများကြောင့် လုံခြုံရေးအရဟုဆိုကာ ညမထွက်ရအမိန့်ကို ပြီးခဲ့သည့် နိုဝင်ဘာလ (၉) ရက်နေ့ကစ၍ ပလက်ဝမြို့အထွေထွေအုပ်ချုပ်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပလက်ဝမြို့နယ်တွင် ယခင်နှစ်များကစပြီး ဆယ်တန်းအောင်ချက်မြင့်မားစေရန်အတွက် စားဖတ်ဝိုင်းနှင့် စာသင်ဝိုင်းများကို အ.ထ.က (ခွဲ) ၊ အ.ထ.က ကျောင်းတို့တွင် ပြုလုပ်လေ့ရှိပြီး ယခုနှစ် စက်တင်ဘာလမှ စပြီး စာဖတ်ဝိုင်းစတင်ပုံမှန်ပြုလုပ်ခဲ့သော်လည်း နိုဝင်ဘာလ (၉) ရက်နေ့ကစပြီး ယခုချိန်ထိဆက်မလုပ်နိုင်ကြ တော့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ စာဖတ်ဝိုင်းများဆက်လုပ်မပြုလုပ်နိုင်တော့သည့်အတွက် လာမည့်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ နှင့် အောင်ချက်ပိုင်းတွင် ထိခိုက်မှုရှိနိုင်သည်ဟု ဆလိုင်းအောင်မင်းကပြောသည်။

“အများကြီးထိခိုက်နိုင်မယ်လို့တော့ ကျနော်ထင်တယ် ဥပမာ စာဖတ်ဝိုင်းပုံမှန်မလုပ်ဘူးဆိုရင် ကလေးတွေရဲ့စိတ်ထဲမှာလည်း နည်းနည်းကြောက်စိတ်ဝင်နေတာဆိုတော့ ဒီသင်ကြားရေးပိုင်းကစပြီးတော့ ဘာသာရပ်အလိုက် ပြည့်စုံတဲ့ဆရာအင်အားလည်းမရှိတဲ့အခါကြတော့ အဲဒီပိုင်းကအားနည်းချက်ရှိတယ် နောက်ပြီးတော့စာဖတ်ဝိုင်းမလုပ်ဘူးဆိုဆိုရင် ကျနော်တို့အတွက်က များစွာဒီနှစ်အောင်ချက်မြင့်မားရေးအတွက်တော်တော်ကိုထိခိုက်နိုင်တယ်” ဟု ပညာရေးမှူးကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင်းထန်က “တစ်ဖက်လုံခြုံအရလုပ်တယ် ကျနော်အကြံပြုတာတော့ သူ့နေရာဒေသအလိုက် ဒီစစ်ရေးကလည်းကျနော်တို့က ဘာမှလုပ်လို့မရဘူး ဘာမှပြောလို့မရဘူးဖြစ်နေတဲ့အခါကျတော့ ဒေသခံမိဘများအနေနဲ့ ဘယ်လိုလုပ်လို့ရသလဲ စာကျက်ဝိုင်း ကျောင်းမှာအိပ် ညနေပိုင်းမှစု စာကျက်အတူတူကျက် အဲလိုဟာဖြစ်စေချင်တာလေ အဲဒါကြောင့် ကျနော်တို့က ဒီမြို့နယ်ပညာရေးမှူးတွေကိုလည်း ပြောထားတယ်တကယ်လို့ ဆီဖိုးလိုရင် ဆီဖိုးတွေကိုကျနော်တို့ပံ့ပိုးပေးမယ် အဲလိုလုပ်ထားတယ်၊ စည်းကမ်းအရဆိုရင် သွားလာလို့ရတယ် ဟိုဘက်ဒီဘက် ညမှာလျှောက်လည်လို့မရအောင်ပေါ့နော် အပြင်မှာလေးငါးယောက်တွဲလို့မရအောင် ကန့်သတ်ထားတာရှိတယ် ဒါပေမဲ့ကျောင်းထဲမှာနေပြီးတော့ ထမင်းစားပြီးတာနဲ့ အဲဒီမှာစု စာကျက် မနက်ကျမှပြန် ရနိုင်လောက်တယ်” ဟု ဝန်ကြီးကပြောသည်။

ပလက်ဝမြို့ ညအပြင်မထွက်ရအမိန့်သည် လုံခြုံရေးအရ အချိန်ကန့်သတ်ခြင်းမရှိ ထုတ်ပြန်ထားခြင်းကြောင့် ကျောင်းသားကျောင်းသူများအတွက် စာဖတ်ဝိုင်းပြုလုပ်ရန် ယခုကဲ့သို့အခက်ကြုံနေသည့်အပေါ် စဉ်းစားပေးရန် တင်ပြလာပါက အစိုးရအနေဖြင့် နည်းလမ်းများရှာဖွေပေးနိုင်မည်ဟု ဝန်ကြီးကဆက်ပြောသည်။

ပလက်ဝမြို့နယ်တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းသည် အပြစ်မဲ့ဒေသခံပြည်သူများ၏ လူနေမှုဘဝနှင့် ကျောင်းသားများအတွက် နစ်နာမှုအများကြီးဖြစ်စေသည်ဟု ခူမီးမီဒီယာ အယ်ဒီတာ ကိုပီတာလွယ်လူး ကပြောသည်။

“အခုဆိုရင်ပလက်ဝ ခရစ်ယာန်တွေကအများစုဖြစ်နေတဲ့အတွက်ကြောင့် ခရစ်စမတ်ဆိုရင် အဲဒီညပိုင်းထွက်တဲ့ ခမေသူ တို့လည်းမထွက်ရတော့ဘူး ခရစ်စမတ်ဆိုရင်လည်း လွတ်လွတ်လပ်လပ်သွားလို့မရတော့ဘူး အခုကျောင်းသားတွေအောင်ချက်များအောင်ဆိုပြီးတော့ စာသင်ဝိုင်း စာကျက်ဝိုင်းတွေဆိုရင်လည်း လုပ်လို့မရတော့ဘူး ဒါဟာ တကယ့်ကိုနစ်နာတဲ့လက္ခာပေါ့နော်၊ အခုလည်းပဲ ကလေးတွေမကဘူး လူကြီးတွေကအစ အကုန်လုံးကကြောက်နေကြတာ တိုက်ပွဲတွေဖြစ်လိုက် ဖြစ်နေတဲ့အချိန်ကြတော့လေ ဘယ်သူ့မှလည်းမကြောက်မလန့်ပဲမနေကြဘူး ဆိုတော့ ဒေသခံတွေအားလုံးက ရွာမှာနေရင်တောင်မှ အကုန်လုံးက ကြောက်နေကြသလိုဖြစ်နေရတာပေါ့နော် စိတ်မကောင်းဘူး တကယ်လည်းမဖြစ်သင့်ဘူးလို့ထင်တယ်” ဟု ကိုပီတာလွယ်လူး ကပြောသည်။

ချင်းပြည်နယ်၏ ၂၀၁၈ – ၂၀၁၉ ပညာသင်နှစ် မြို့နယ်အလိုက်အောင်ချက်အရ ရာခိုင်နှုန်းအားဖြင့် ဖလမ်းမြို့နယ်သည် ၂၉.၄၃ ဖြင့် အောင်ချက်အများဆုံးဖြစ်ပြီး ပလက်ဝမြို့နယ်သည် ၆.၈၄ ရာခိုင်နှုန်းဖြင့် အောင်ချက်အနည်းဆုံးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့တွင် MPT ဖုန်းလိုင်းတစ်ခုသာရပြီး ငွေဖြည့်ကဒ်များကို ဈေးပိုပေးဝယ်ယူနေရ

မင်းတပ်မြို့က အစိုးရ အဆောက်အဦးနှင့် နေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားများ သေဆုံးမှုရှိဟုဆို

စစ်ကောင်စီကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၀ ကျော်သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.