Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက္ဝၿမိဳ႕နယ္အတြင္း စစ္ေဘးေရွာင္ကေလးငယ္မ်ား ေက်ာင္းတက္နိုင္ေရး လိုအပ္ခ်က္မ်ားစြာရွိေနေသး

ပလက္ဝၿမိဳ႕နယ္အတြင္း စစ္ေဘးေရွာင္ကေလးငယ္မ်ား ေက်ာင္းတက္နိုင္ေရး လိုအပ္ခ်က္မ်ားစြာရွိေနေသး

0
By Editor on July 14, 2020 Headline

#Unicode

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ကလေးငယ်များ အချိန်မီကျောင်းတက်နိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့က ယာယီကျောင်းဆောင်များဆောက်လုပ်ပေးလျက်ရှိသော်လည်း လုံလောက်မှုရှိဦးမည်မဟုတ် သည့်အပြင် ကျောင်းသင်ထောက်ကူပစ္စည်များလည်း အရေးတကြီးလိုအပ်နေသည်ဟု စစ်ဘေးရှောင်အရေးကူညီဆောင် ရွက်ပေးနေသည့်အဖွဲ့အစည်းများကပြောသည်။

ယခုလက်ရှိ ဆမီးမြို့တွင်ခိုလုံနေကြသည့် စစ်ဘေးရှောင်ကလေးငယ်များအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့က ဆမီး အ.ထ.က နှင့် လိပ်ခုံး အ.လ.က ကျောင်းတွင် အကျယ် ပေ ၈၀*၃၀ ရှိသော ယာယီကျောင်းဆောင် ၂ ဆောင်ဆောက် လုပ်ပေးလျက်ရှိပြီး (၁၀၀၀) နီးပါးခန့်ရှိသော စစ်ဘေးရှောင်ကျောင်းသူကျောင်းသားများအတွက် လုံလောက်မှု ရှိဦးမည်မဟုတ်ကြောင်း စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသည့် People Hope အဖွဲ့မှဒါရိုက်တာ ဦးဇော်လီအောင်ကပြောသည်။

“ကိုဗစ်ကလည်း ဒုတိယအသုတ် အားပြန်ကောင်းလာတယ်ဆိုတော့ ချင်းပြည်နယ်မှာဆိုရင် အိန္ဒိယဘက်ကလာတဲ့သူ ပိုများတာပေါ့နော် အဲဒါကြောင့်စိုးရိမ်မိတော့ ကျောင်းဆောင် ပေ ၈၀ * ၃၀ ဆိုတာက ကျောင်းသား ၂၀၀ ကျော်လောက်ပဲ ဆံ့မယ် ဒါကြောင့်ကျောင်းဆောင် ၂ ဆောင်လောက်ကတော့ ထပ်ဆောက်ဖို့ ကျနော်တို့စဉ်းစားထားတယ်၊ ဒီ IDPs စခန်းမှာ ကျောင်းသားတွေတော်တော်များတဲ့အခါမှာ ဝန်ကြီးကတော့ ကျောင်းထပ်ဆောက်ဖို့လျာထားတာတော့ရှိတယ် ဒါပေမယ့်ခုချိန်ထိတော့ ပြည်တွင်းပြည်ပအလှူများလည်းပဲမတွေ့ရသေးဘူး၊ ဒါပေမယ့် လောလောဆယ်တော့ အထက်တန်းတွေပဲ အရင်ဆုံးတက်ဦးမှာဆိုတော့ အဆင်ပြေအောင်တော့လုပ်လို့ရသေးတယ်’’ ဟု ဦးဇော်လီအောင်ကပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြားစစ်ရေးပဋိပက္ခကြောင့် ဆမီးမြို့ပေါ်တွင် စစ်ဘေးရှောင်ပြည်သူ ၃၃၀၀ ကျော်ရှိသည့်အနက် သူငယ်တန်းမှ ၁၀ တန်းအထိ တက်ရောက်ကြမည့် စစ်ဘေးရှောင်ကလေးငယ်များအယောက် (၈၀၀) ကျော်ရှိသည်ဟု သိရသည်။

“ကျောင်းသူကျောင်းသားများအတွက် အရေးကြီးဆုံးအရာကဘာလဲဆိုတော့ စားပွဲ၊ ထိုင်ခုံတွေလုံးဝမလုံလောက်ဘူး၊ ပျဉ်စွဲပြီးမှ စားပွဲ၊ ထိုင်ခုံရိုက်ဖို့လည်းလုံးဝအဆင်မပြေဘူး မိုးရွာသီလည်းဖြစ်တဲ့အခါကျတော့ မိုးကတောက်လျှောက်ရွာတယ် ဘာမှလုပ်လို့မရဘူး၊ ဒါကြောင့် စာရေးခုံ၊ စားပွဲ ကျောင်းစိမ်းကျောင်းဖြူ လွယ်အိတ်၊ ထီးတွေကတော့ အင်မတန်မှလိုအပ်နေပါသေးတယ်’’ ဟု ဦးဇော်လီအောင်ကပြောသည်။

အလားတူ ပလက်ဝမြို့ပေါ်တွင်လည်း စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ နီးပါးရှိသည့်အနက် ယခုပညာသင်နှစ်တွင် မူလတန်းမှ ၁၀ တန်းအထိတက်ရောက်မည့် ကျောင်းသား/ကျောင်းသူ (၁၁၃၄) ရှိနေပြီး ၎င်းတို့အတွက် ယာယီကျောင်းဆောင်များ ကို ချင်းပြည်နယ်အစိုးရအဖွဲ့က ဆောက်လုပ်ပေးမည်ဖြစ်သော်လည်း ကျောင်းဝတ်စုံ၊ သင်ထောက်ကူပစ္စည်းများ လိုအပ်လျက် ရှိသည်ဟု ပလက်ဝမြို့နယ် တိုက်ပွဲရှောင်နှင့်သဘာဝဘေးကူညီရေးအဖွဲ့ဥက္ကဌ ဦးဇာနီကပြောသည်။

“ချင်းပြည်နယ်အစိုးရက သူတို့အတွက်သီးသန့်ယာယီကျောင်းဆောင်ဆောက်ပေးဖို့ အစီစဉ်ရှိတယ်၊ အခုသစ်တွေခွဲစိတ်နေပြီ အ.ထ.က (၁) မှာ ကျောင်းဆောင် ၂ ဆောင်လျာထားတာရှိတယ်၊ အ.ထ.က (၂) မှာ တစ်ဆောင်လျာထားပေးတာရှိတယ်၊ မကြာခင်ဆောက်မယ် အဲဒီမှာ အလယ်တန်းနဲ့ မူလတန်းတွေတက်မယ်၊ ကျောင်းသူ၊ ကျောင်းသားတွေအတွက်အခက်အခဲရှိမှာက ကျောင်းဝတ်စုံတွေ၊ စာရေးကိရိယာတွေလိုမယ်၊ ဒီမှာလဲ လိုချင်သလိုဝယ်လို့မရဘူး မရှိဘူး’’ ဟု ဦးဇာနီကပြောသည်။

ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်ကျောင်းသားများထဲတွင် KG တန်းတက်မည့် ကျောင်းသားဦးရေ ၁၃၀၊ ပထမတန်းတွင် ၁၁၂၊ ဒုတိယတန်းတွင် ၁၀၆၊ တတိယတန်းတွင် ၁၃၃၊ စတုတ္တတန်းတွင် ၁၅၉၊ ပဥ္စမတန်းတွင် ၁၁၉၊ ဆဌမတန်းတွင် ၈၉၊ သတ္တမတန်းတွင် ၉၁၊ အဌမတန်းတွင် ၇၈၊ နဝမတန်းတွင် ၆၂ နှင့် ၁၀ တန်းတွင် ၅၅ စုစုပေါင်း ကျောင်းသူ၊ ကျောင်းသား (၁၁၃၄) ဦးရှိသည်။

ပလက်ဝမြို့နယ်သည် နယ်မြေတည်ငြိမ်းအေးချမ်းမှုမရှိသေးသည့်အတွက် ပလက်ဝမြို့နယ်အတွင်း တာဝန်ကျလာမည့် ကျောင်းဆရာ၊ ဆရာမ များသည်လည်း လာရောက်ရန်စိုးရိမ်မှုများရှိနေကြသည်ဟု People Hope အဖွဲ့ဒါရိုက်တာ ဦးဇော်လီအောင်ကပြောသည်။

“ဆရာ၊ဆရာမတွေက နိုင်ငံရေးအခြေအနေကြောင့် ဒီကိုလာဖို့အခက်အခဲရှိတယ်၊ ဝန်ကြီးကတော့ ကျောင်းဖွင့်တဲ့အချိန်မှာ တော့သူတို့အားလုံးကိုခေါ်ပြီးမှ ဆမီးမှာထားမယ်လို့ပြောတော့ပြောတယ်၊ ဒါပေမယ့် ကျနော်တို့ရတဲ့အချက်အလက်အရ ဆရာ၊ ဆရာမတွေကို ဒီကိုလာဖို့အခက်အခဲများစွာရှိတယ်ဆိုတာကိုတွေ့ရတယ်၊ ဖြစ်နိုင်တယ်ဆိုရင်တော့ CSO တွေဘက်က ဆရာ၊ဆရာမတွေကို ငှါးနိုင်မလားဆိုတဲ့အသံတွေလည်းထွက်လာတယ်’’ ဟု ဦးဇော်လီအောင်ကပြောသည်။

#Zawgyi

ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္အတြင္းရွိ စစ္ေဘးေရွာင္ကေလးငယ္မ်ား အခ်ိန္မီေက်ာင္းတက္နိုင္ေရးအတြက္ ခ်င္းျပည္နယ္အစိုးရအဖြဲ႕က ယာယီေက်ာင္းေဆာင္မ်ားေဆာက္လုပ္ေပးလ်က္ရွိေသာ္လည္း လုံေလာက္မႈရွိဦးမည္မဟုတ္ သည့္အျပင္ ေက်ာင္းသင္ေထာက္ကူပစၥည္မ်ားလည္း အေရးတႀကီးလိုအပ္ေနသည္ဟု စစ္ေဘးေရွာင္အေရးကူညီေဆာင္ ရြက္ေပးေနသည့္အဖြဲ႕အစည္းမ်ားကေျပာသည္။

ယခုလက္ရွိ ဆမီးၿမိဳ႕တြင္ခိုလုံေနၾကသည့္ စစ္ေဘးေရွာင္ကေလးငယ္မ်ားအတြက္ ခ်င္းျပည္နယ္အစိုးရအဖြဲ႕က ဆမီး အ.ထ.က ႏွင့္ လိပ္ခုံး အ.လ.က ေက်ာင္းတြင္ အက်ယ္ ေပ ၈၀*၃၀ ရွိေသာ ယာယီေက်ာင္းေဆာင္ ၂ ေဆာင္ေဆာက္ လုပ္ေပးလ်က္ရွိၿပီး (၁၀၀၀) နီးပါးခန႔္ရွိေသာ စစ္ေဘးေရွာင္ေက်ာင္းသူေက်ာင္းသားမ်ားအတြက္ လုံေလာက္မႈ ရွိဦးမည္မဟုတ္ေၾကာင္း စစ္ေဘးေရွာင္အေရးကူညီေဆာင္ရြက္ေပးေနသည့္ People Hope အဖြဲ႕မွဒါရိုက္တာ ဦးေဇာ္လီေအာင္ကေျပာသည္။

“ကိုဗစ္ကလည္း ဒုတိယအသုတ္ အားျပန္ေကာင္းလာတယ္ဆိုေတာ့ ခ်င္းျပည္နယ္မွာဆိုရင္ အိႏၵိယဘက္ကလာတဲ့သူ ပိုမ်ားတာေပါ့ေနာ္ အဲဒါေၾကာင့္စိုးရိမ္မိေတာ့ ေက်ာင္းေဆာင္ ေပ ၈၀ * ၃၀ ဆိုတာက ေက်ာင္းသား ၂၀၀ ေက်ာ္ေလာက္ပဲ ဆံ့မယ္ ဒါေၾကာင့္ေက်ာင္းေဆာင္ ၂ ေဆာင္ေလာက္ကေတာ့ ထပ္ေဆာက္ဖို႔ က်ေနာ္တို႔စဥ္းစားထားတယ္၊ ဒီ IDPs စခန္းမွာ ေက်ာင္းသားေတြေတာ္ေတာ္မ်ားတဲ့အခါမွာ ဝန္ႀကီးကေတာ့ ေက်ာင္းထပ္ေဆာက္ဖို႔လ်ာထားတာေတာ့ရွိတယ္ ဒါေပမယ့္ခုခ်ိန္ထိေတာ့ ျပည္တြင္းျပည္ပအလႉမ်ားလည္းပဲမေတြ႕ရေသးဘူး၊ ဒါေပမယ့္ ေလာေလာဆယ္ေတာ့ အထက္တန္းေတြပဲ အရင္ဆုံးတက္ဦးမွာဆိုေတာ့ အဆင္ေျပေအာင္ေတာ့လုပ္လို႔ရေသးတယ္’’ ဟု ဦးေဇာ္လီေအာင္ကေျပာသည္။

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA) တို႔အၾကားစစ္ေရးပဋိပကၡေၾကာင့္ ဆမီးၿမိဳ႕ေပၚတြင္ စစ္ေဘးေရွာင္ျပည္သူ ၃၃၀၀ ေက်ာ္ရွိသည့္အနက္ သူငယ္တန္းမွ ၁၀ တန္းအထိ တက္ေရာက္ၾကမည့္ စစ္ေဘးေရွာင္ကေလးငယ္မ်ားအေယာက္ (၈၀၀) ေက်ာ္ရွိသည္ဟု သိရသည္။

“ေက်ာင္းသူေက်ာင္းသားမ်ားအတြက္ အေရးႀကီးဆုံးအရာကဘာလဲဆိုေတာ့ စားပြဲ၊ ထိုင္ခုံေတြလုံးဝမလုံေလာက္ဘူး၊ ပ်ဥ္စြဲၿပီးမွ စားပြဲ၊ ထိုင္ခုံရိုက္ဖို႔လည္းလုံးဝအဆင္မေျပဘူး မိုးရြာသီလည္းျဖစ္တဲ့အခါက်ေတာ့ မိုးကေတာက္ေလၽွာက္ရြာတယ္ ဘာမွလုပ္လို႔မရဘူး၊ ဒါေၾကာင့္ စာေရးခုံ၊ စားပြဲ ေက်ာင္းစိမ္းေက်ာင္းျဖဴ လြယ္အိတ္၊ ထီးေတြကေတာ့ အင္မတန္မွလိုအပ္ေနပါေသးတယ္’’ ဟု ဦးေဇာ္လီေအာင္ကေျပာသည္။

အလားတူ ပလက္ဝၿမိဳ႕ေပၚတြင္လည္း စစ္ေဘးေရွာင္ျပည္သူ ၅၀၀၀ နီးပါးရွိသည့္အနက္ ယခုပညာသင္ႏွစ္တြင္ မူလတန္းမွ ၁၀ တန္းအထိတက္ေရာက္မည့္ ေက်ာင္းသား/ေက်ာင္းသူ (၁၁၃၄) ရွိေနၿပီး ၎တို႔အတြက္ ယာယီေက်ာင္းေဆာင္မ်ား ကို ခ်င္းျပည္နယ္အစိုးရအဖြဲ႕က ေဆာက္လုပ္ေပးမည္ျဖစ္ေသာ္လည္း ေက်ာင္းဝတ္စုံ၊ သင္ေထာက္ကူပစၥည္းမ်ား လိုအပ္လ်က္ ရွိသည္ဟု ပလက္ဝၿမိဳ႕နယ္ တိုက္ပြဲေရွာင္ႏွင့္သဘာဝေဘးကူညီေရးအဖြဲ႕ဥကၠဌ ဦးဇာနီကေျပာသည္။

“ခ်င္းျပည္နယ္အစိုးရက သူတို႔အတြက္သီးသန႔္ယာယီေက်ာင္းေဆာင္ေဆာက္ေပးဖို႔ အစီစဥ္ရွိတယ္၊ အခုသစ္ေတြခြဲစိတ္ေနၿပီ အ.ထ.က (၁) မွာ ေက်ာင္းေဆာင္ ၂ ေဆာင္လ်ာထားတာရွိတယ္၊ အ.ထ.က (၂) မွာ တစ္ေဆာင္လ်ာထားေပးတာရွိတယ္၊ မၾကာခင္ေဆာက္မယ္ အဲဒီမွာ အလယ္တန္းနဲ႔ မူလတန္းေတြတက္မယ္၊ ေက်ာင္းသူ၊ ေက်ာင္းသားေတြအတြက္အခက္အခဲရွိမွာက ေက်ာင္းဝတ္စုံေတြ၊ စာေရးကိရိယာေတြလိုမယ္၊ ဒီမွာလဲ လိုခ်င္သလိုဝယ္လို႔မရဘူး မရွိဘူး’’ ဟု ဦးဇာနီကေျပာသည္။

ပလက္ဝၿမိဳ႕ေပၚရွိ စစ္ေဘးေရွာင္ေက်ာင္းသားမ်ားထဲတြင္ KG တန္းတက္မည့္ ေက်ာင္းသားဦးေရ ၁၃၀၊ ပထမတန္းတြင္ ၁၁၂၊ ဒုတိယတန္းတြင္ ၁၀၆၊ တတိယတန္းတြင္ ၁၃၃၊ စတုတၱတန္းတြင္ ၁၅၉၊ ပဥၥမတန္းတြင္ ၁၁၉၊ ဆဌမတန္းတြင္ ၈၉၊ သတၱမတန္းတြင္ ၉၁၊ အဌမတန္းတြင္ ၇၈၊ နဝမတန္းတြင္ ၆၂ ႏွင့္ ၁၀ တန္းတြင္ ၅၅ စုစုေပါင္း ေက်ာင္းသူ၊ ေက်ာင္းသား (၁၁၃၄) ဦးရွိသည္။

ပလက္ဝၿမိဳ႕နယ္သည္ နယ္ေျမတည္ၿငိမ္းေအးခ်မ္းမႈမရွိေသးသည့္အတြက္ ပလက္ဝၿမိဳ႕နယ္အတြင္း တာဝန္က်လာမည့္ ေက်ာင္းဆရာ၊ ဆရာမ မ်ားသည္လည္း လာေရာက္ရန္စိုးရိမ္မႈမ်ားရွိေနၾကသည္ဟု People Hope အဖြဲ႕ဒါရိုက္တာ ဦးေဇာ္လီေအာင္ကေျပာသည္။

“ဆရာ၊ဆရာမေတြက နိုင္ငံေရးအေျခအေနေၾကာင့္ ဒီကိုလာဖို႔အခက္အခဲရွိတယ္၊ ဝန္ႀကီးကေတာ့ ေက်ာင္းဖြင့္တဲ့အခ်ိန္မွာ ေတာ့သူတို႔အားလုံးကိုေခၚၿပီးမွ ဆမီးမွာထားမယ္လို႔ေျပာေတာ့ေျပာတယ္၊ ဒါေပမယ့္ က်ေနာ္တို႔ရတဲ့အခ်က္အလက္အရ ဆရာ၊ ဆရာမေတြကို ဒီကိုလာဖို႔အခက္အခဲမ်ားစြာရွိတယ္ဆိုတာကိုေတြ႕ရတယ္၊ ျဖစ္နိုင္တယ္ဆိုရင္ေတာ့ CSO ေတြဘက္က ဆရာ၊ဆရာမေတြကို ငွါးနိုင္မလားဆိုတဲ့အသံေတြလည္းထြက္လာတယ္’’ ဟု ဦးေဇာ္လီေအာင္ကေျပာသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.