• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက္ဝၿမိဳ႕ေပၚတြင္ ဆန္ျပတ္လပ္မႈေၾကာင့္ ေဒသခံျပည္သူမ်ား အခက္အခဲၾကဳံေနရ

ပလက္ဝၿမိဳ႕ေပၚတြင္ ဆန္ျပတ္လပ္မႈေၾကာင့္ ေဒသခံျပည္သူမ်ား အခက္အခဲၾကဳံေနရ

0
By Editor on August 10, 2020 Headline

#Unicode

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ပေါ်တွင် ဆန်နှင့်အခြားစားသုံးကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိသည့်အတွက် မြို့ပေါ်တွင်နေထိုင်ကြသော ဒေသခံပြည်သူများ စားဝတ်နေရေးအတွက် အခက်ကြုံတွေ့ နေကြရသည်ဟု ပလက်ဝမြို့နယ် စားနပ်ရိက္ခာဖူလုံရေး အထောက်အကူပြုကော်မတီက ပြောဆိုလိုက်သည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)အကြားဖြစ်ပွားနေသည့် စစ်ရေးပဋိက္ခကြောင့် ရခိုင်ပြည်နယ် ကျောက်တော်နှင့်ဆက်သွယ်သည့် ရေလမ်း၊ ကုန်လမ်းများကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့ကတည်းက ယနေ့ချိန်ထိ ပိတ်ပင်ထားသည့်အတွက် ဆန်နှင့်အခြားစားသုံးကုန်ပစ္စည်းများ သယ်ယူ၍မရတော့ဘဲ ပလက်ဝမြို့ပေါ်ရှိဒေသခံပြည်သူများသည် နပ်ရိက္ခာပြတ်လပ်မှုကြုံတွေ့နေကြရခြင်းဖြစ်သည်။

ချင်းပြည်နယ်အစိုးရအဖွဲ့အပါအဝင် ကမ္ဘာစားနပ်ရိက္ခာအစီစဉ်(WFP) ကဲ့သို့သော အဖွဲ့အစည်းများက ရိက္ခာဆန်ပြတ်လပ်နေသည့် ပလက်ဝမြို့နယ်အတွက် ဆန်နှင့် အခြားကုန်စည်များ ပို့ဆောင်ပေးမှုရှိနေသော်လည်း စစ်ဘေးဒုက္ခသည်များအတွက်သာဖြစ်ပြီး မြို့ပေါ်နေဒေသခံပြည်သူများမရရှိကြသည်အတွက် ဆန်ပြတ်လပ်နေကြရသည်ဟု ပလက်ဝမြို့နယ် စားနပ်ရိက္ခာဖူလုံရေး အထောက်အကူပြုကော်မတီခေါင်းဆောင် ဦးရာကျော်ကပြောသည်။

” ပလက်ဝ -ဆမီးဖက်လမ်းကြောင်းကနေ ပို့ပေးတဲ့ဆန်တွေကလည်း စစ်ဘေးရှောင်တွေအတွက် သီးသန့်ဘဲပေးတဲ့အခါကြတော့ သူတို့အတွက်ပဲ လုံလောက်တယ်၊ ကျွန်တော်တို့ပြည်သူတွေအတွက်တော့ မလုံလောက်တော့ဘူး၊ စစ်ဘေးရှောင်တွေတိုးလာတဲ့အခါကြတော့ ကျွန်တော်တို့ ပြည်သူလူထုတွေ ကြတော့ မရတော့ဘူးပေါ့ ” ဟု ဦးရာကျော်ကပြောသည်။

ပလက်ဝမြို့နယ်သည် ၂၀၁၅ ခုနှစ်မှစပြီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ နှစ်ဆန်းပိုင်းတွင် တိုက်ပွဲများပိုမိုပြင်းထန်လာကာ ပလက်ဝ- ကျောက်တော် ယာဉ်လိုင်းပြေးဆွဲမှုလည်း ရပ်နားခဲ့ရသည်။

ထိုကဲ့သို့ ယာဉ်လိုင်းပြေးဆွဲမှုမရှိတော့သည့်အတွက် အခြေခံစားသောက်ကုန်အတွက် ရခိုင်ပြည်နယ်ကို အဓိက အားထားနေရသည့် ပလက်ဝမြို့နယ်တွင် ကုန်စည်စီးဆင်းမှုရပ်တန့်သွားပြီး ကုန်စျေးနှုန်းအဆမတန်မြင့်တက်သွားသည့်အပြင် ဆန်ဆိုလျင် ဝယ်စရာတောင်မရှိသည့်အတွက် ပလက်ဝမြို့ပေးရှိ အိမ်ထောင်စု (၁၇၇၁) စု လူဦးရေ (၈၃၀၃) တို့သည် စားနပ်ရိက္ခာပြတ်လပ်၍ အခက်အခဲများ ရင်ဆိုင်နေကြရသည်ဟု ဦးရာကျော်ကဆက်ပြောသည်။

“ကျွန်တော်တို့ကဒီမှာက ဆန်ဝယ်မဲ့နေရာမရှိဘူး ။တချို့က အရင်ကစျေးကြီးကြီးနဲ ့ဝယ်တဲ့ နည်းနည်းပါးပါးကျန်တဲ့ ဟာတွေလောလောဆယ်စားသုံးကြတယ် ။ အခုဇူလိုင်လကုုန်ပိုင်းကနေစတာ မရှိိိတဲ့သူတွေကမရှိကြတော့ဘူး၊ ရှိတဲ့သူတွေရှိတယ် လက်လုပ်လက်စားတွေကစားစရာဆန်မရှိတော့ဘူး” ၎င်းကဆက်ပြောသည်။

ထို့ကြောင့် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ပလက်ဝမြို့နယ် ပြည်သူလူထု၏ ဆန်နှင့် အခြေခံစားသောက်ကုန်များပြတ်လပ်နေမှုအပေါ် အမြန်ဆုံး ကူညီထောက်ပံ့ဆောင်ရွက်ရန်လိုအပ်ကြောင်း ပလက်ဝမြို့နယ် စားနပ်ရိက္ခာဖူလုံရေး အထောက်အကူပြုကော်မတီက တောင်းဆိုထားသည်။

ပလက်ဝမြို့နယ်သည် ၂၀၁၅ ခုနှစ် တိုက်ပွဲစတင်ဖြစ်ပွားလာသည့် နောက်ပိုင်းကစ၍ ဒေသခံပြည်သူများ၏ တောင်ယာလုပ်ငန်းထိခိုက်လာသည့်အပြင် ဆက်သွယ်ရေးလမ်းကြောင်း ပိတ်ထားခြင်းကြောင့် ပိုမို အခက်ကြုံနေကြရခြင်းဖြစ်သည်ဟု ပလက်ဝဒေသသတင်းများကို အဓိကရေးသားဖော်ပြနေသော ခူမီးမီဒီယာအဖွဲ့၏ အယ်ဒီတာချူပ်က ကိုပီတာလွယ်လူးကပြောသည်။

“အခု လမ်းတွေကတော့ ပိတ်ထားနေဆဲပဲ ကျောက်တော်-ပလက်ဝလမ်းတွေက ပြီးတော့ ကျနော်တို့ဒေသမှာက ဒေသခံတွေ တောင်ယာလုပ်ငန်းကိုပဲအားကိုးနေရတာလေ ၂၀၁၅ ကနေပြီး တိုက်ပွဲတွေက ဖြစ်နေတော့ တောင်ယာတွေက ကောင်းကောင်းမွန်မွန်လုပ်လို့မရဘူး အရင်တုန်းကဆိုရင် စက်တင်ဘာလလောက်ဆိုရင် စပါးတွေက မှည့်ပြီး ရိုက်သိမ်းလို့ရပြီလေ တိုက်ပွဲကြောင့် တောင်ယာတွေမလုပ်နို်င်ကြတော့ စပါးတွေကလည်းမထွက်ဘူးလေ ဒါကြောင့် ပလက်ဝပြင်ပက ဆန်တွေကို အဓိကအားထားနေရတာ အခုလမ်းကလည်းပိတ်ထားတော့ အတော်လေး ဒုက္ခဖြစ်ကြတာပေါ့” ဟု ကိုပီတာလွယ်လူးကပြောသည်။

#Zawgyi

ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕ေပၚတြင္ ဆန္ႏွင့္အျခားစားသုံးကုန္ပစၥည္းမ်ား ဝင္ေရာက္မႈမရွိသည့္အတြက္ ၿမိဳ႕ေပၚတြင္ေနထိုင္ၾကေသာ ေဒသခံျပည္သူမ်ား စားဝတ္ေနေရးအတြက္ အခက္ၾကဳံေတြ႕ ေနၾကရသည္ဟု ပလက္ဝၿမိဳ႕နယ္ စားနပ္ရိကၡာဖူလုံေရး အေထာက္အကူျပဳေကာ္မတီက ေျပာဆိုလိုက္သည္။

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA)အၾကားျဖစ္ပြားေနသည့္ စစ္ေရးပဋိကၡေၾကာင့္ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ႏွင့္ဆက္သြယ္သည့္ ေရလမ္း၊ ကုန္လမ္းမ်ားကို ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလ (၆) ရက္ေန႔ကတည္းက ယေန႔ခ်ိန္ထိ ပိတ္ပင္ထားသည့္အတြက္ ဆန္ႏွင့္အျခားစားသုံးကုန္ပစၥည္းမ်ား သယ္ယူ၍မရေတာ့ဘဲ ပလက္ဝၿမိဳ႕ေပၚရွိေဒသခံျပည္သူမ်ားသည္ နပ္ရိကၡာျပတ္လပ္မႈၾကဳံေတြ႕ေနၾကရျခင္းျဖစ္သည္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႕အပါအဝင္ ကမၻာစားနပ္ရိကၡာအစီစဥ္(WFP) ကဲ့သို႔ေသာ အဖြဲ႕အစည္းမ်ားက ရိကၡာဆန္ျပတ္လပ္ေနသည့္ ပလက္ဝၿမိဳ႕နယ္အတြက္ ဆန္ႏွင့္ အျခားကုန္စည္မ်ား ပို႔ေဆာင္ေပးမႈရွိေနေသာ္လည္း စစ္ေဘးဒုကၡသည္မ်ားအတြက္သာျဖစ္ၿပီး ၿမိဳ႕ေပၚေနေဒသခံျပည္သူမ်ားမရရွိၾကသည္အတြက္ ဆန္ျပတ္လပ္ေနၾကရသည္ဟု ပလက္ဝၿမိဳ႕နယ္ စားနပ္ရိကၡာဖူလုံေရး အေထာက္အကူျပဳေကာ္မတီေခါင္းေဆာင္ ဦးရာေက်ာ္ကေျပာသည္။

” ပလက္ဝ -ဆမီးဖက္လမ္းေၾကာင္းကေန ပို႔ေပးတဲ့ဆန္ေတြကလည္း စစ္ေဘးေရွာင္ေတြအတြက္ သီးသန႔္ဘဲေပးတဲ့အခါၾကေတာ့ သူတို႔အတြက္ပဲ လုံေလာက္တယ္၊ ကၽြန္ေတာ္တို႔ျပည္သူေတြအတြက္ေတာ့ မလုံေလာက္ေတာ့ဘူး၊ စစ္ေဘးေရွာင္ေတြတိုးလာတဲ့အခါၾကေတာ့ ကၽြန္ေတာ္တို႔ ျပည္သူလူထုေတြ ၾကေတာ့ မရေတာ့ဘူးေပါ့ ” ဟု ဦးရာေက်ာ္ကေျပာသည္။

ပလက္ဝၿမိဳ႕နယ္သည္ ၂၀၁၅ ခုႏွစ္မွစၿပီး ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA) တို႔အၾကား တိုက္ပြဲမ်ားစတင္ျဖစ္ပြားခဲ့ၿပီး ၂၀၂၀ ႏွစ္ဆန္းပိုင္းတြင္ တိုက္ပြဲမ်ားပိုမိုျပင္းထန္လာကာ ပလက္ဝ- ေက်ာက္ေတာ္ ယာဥ္လိုင္းေျပးဆြဲမႈလည္း ရပ္နားခဲ့ရသည္။

ထိုကဲ့သို႔ ယာဥ္လိုင္းေျပးဆြဲမႈမရွိေတာ့သည့္အတြက္ အေျခခံစားေသာက္ကုန္အတြက္ ရခိုင္ျပည္နယ္ကို အဓိက အားထားေနရသည့္ ပလက္ဝၿမိဳ႕နယ္တြင္ ကုန္စည္စီးဆင္းမႈရပ္တန႔္သြားၿပီး ကုန္ေစ်းႏႈန္းအဆမတန္ျမင့္တက္သြားသည့္အျပင္ ဆန္ဆိုလ်င္ ဝယ္စရာေတာင္မရွိသည့္အတြက္ ပလက္ဝၿမိဳ႕ေပးရွိ အိမ္ေထာင္စု (၁၇၇၁) စု လူဦးေရ (၈၃၀၃) တို႔သည္ စားနပ္ရိကၡာျပတ္လပ္၍ အခက္အခဲမ်ား ရင္ဆိုင္ေနၾကရသည္ဟု ဦးရာေက်ာ္ကဆက္ေျပာသည္။

“ကၽြန္ေတာ္တို႔ကဒီမွာက ဆန္ဝယ္မဲ့ေနရာမရွိဘူး ။တခ်ိဳ႕က အရင္ကေစ်းႀကီးႀကီးနဲ ့ဝယ္တဲ့ နည္းနည္းပါးပါးက်န္တဲ့ ဟာေတြေလာေလာဆယ္စားသုံးၾကတယ္ ။ အခုဇူလိုင္လကုုန္ပိုင္းကေနစတာ မရွိိိတဲ့သူေတြကမရွိၾကေတာ့ဘူး၊ ရွိတဲ့သူေတြရွိတယ္ လက္လုပ္လက္စားေတြကစားစရာဆန္မရွိေတာ့ဘူး” ၎ကဆက္ေျပာသည္။

ထို႔ေၾကာင့္ ခ်င္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ အရပ္ဘက္အဖြဲ႕အစည္းမ်ားအေနျဖင့္ ပလက္ဝၿမိဳ႕နယ္ ျပည္သူလူထု၏ ဆန္ႏွင့္ အေျခခံစားေသာက္ကုန္မ်ားျပတ္လပ္ေနမႈအေပၚ အျမန္ဆုံး ကူညီေထာက္ပံ့ေဆာင္ရြက္ရန္လိုအပ္ေၾကာင္း ပလက္ဝၿမိဳ႕နယ္ စားနပ္ရိကၡာဖူလုံေရး အေထာက္အကူျပဳေကာ္မတီက ေတာင္းဆိုထားသည္။

ပလက္ဝၿမိဳ႕နယ္သည္ ၂၀၁၅ ခုႏွစ္ တိုက္ပြဲစတင္ျဖစ္ပြားလာသည့္ ေနာက္ပိုင္းကစ၍ ေဒသခံျပည္သူမ်ား၏ ေတာင္ယာလုပ္ငန္းထိခိုက္လာသည့္အျပင္ ဆက္သြယ္ေရးလမ္းေၾကာင္း ပိတ္ထားျခင္းေၾကာင့္ ပိုမို အခက္ၾကဳံေနၾကရျခင္းျဖစ္သည္ဟု ပလက္ဝေဒသသတင္းမ်ားကို အဓိကေရးသားေဖာ္ျပေနေသာ ခူမီးမီဒီယာအဖြဲ႕၏ အယ္ဒီတာခ်ဴပ္က ကိုပီတာလြယ္လူးကေျပာသည္။

“အခု လမ္းေတြကေတာ့ ပိတ္ထားေနဆဲပဲ ေက်ာက္ေတာ္-ပလက္ဝလမ္းေတြက ၿပီးေတာ့ က်ေနာ္တို႔ေဒသမွာက ေဒသခံေတြ ေတာင္ယာလုပ္ငန္းကိုပဲအားကိုးေနရတာေလ ၂၀၁၅ ကေနၿပီး တိုက္ပြဲေတြက ျဖစ္ေနေတာ့ ေတာင္ယာေတြက ေကာင္းေကာင္းမြန္မြန္လုပ္လို႔မရဘူး အရင္တုန္းကဆိုရင္ စက္တင္ဘာလေလာက္ဆိုရင္ စပါးေတြက မွည့္ၿပီး ရိုက္သိမ္းလို႔ရၿပီေလ တိုက္ပြဲေၾကာင့္ ေတာင္ယာေတြမလုပ္နို္င္ၾကေတာ့ စပါးေတြကလည္းမထြက္ဘူးေလ ဒါေၾကာင့္ ပလက္ဝျပင္ပက ဆန္ေတြကို အဓိကအားထားေနရတာ အခုလမ္းကလည္းပိတ္ထားေတာ့ အေတာ္ေလး ဒုကၡျဖစ္ၾကတာေပါ့” ဟု ကိုပီတာလြယ္လူးကေျပာသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.