• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက္၀တစ္ၿမိဳ႕နယ္လံုး၏ ၇၈ ရာခိုင္းႏႈန္းေက်ာ္တြင္ ေရြးေကာက္ပြဲက်င္းပႏုိင္သည့္အေနအထားမွာရွိေနဟုဆို

ပလက္၀တစ္ၿမိဳ႕နယ္လံုး၏ ၇၈ ရာခိုင္းႏႈန္းေက်ာ္တြင္ ေရြးေကာက္ပြဲက်င္းပႏုိင္သည့္အေနအထားမွာရွိေနဟုဆို

0
By Editor on October 27, 2020 Headline

#Unicode

By Benezer – တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ နယ်မြေအားလုံးတွင် တိုက်ပွဲဖြစ်ပွားနေခြင်း မဟုတ်သဖြင့် ပလက်ဝ တစ်မြို့နယ်လုံး၏ ၇၈.၄၃ ရာခိုင်နှုန်းတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်သည့် အနေအထားမှာရှိနေကြောင်း ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဉီးစိုးထက်ကပြောသည်။

“ပလက်ဝမှာ ရွေးကောက်ပွဲကျင်းပဖို့က ဖြစ်နိုင်ပါတယ်၊ ပြည်ထောင်စုကိုလည်း တင်ပြပြီးသွားပြီ၊ တိုက်ပွဲဖြစ်တာလည်းမှန်တယ်၊ နယ်မြေမအေးချမ်းတာလည်းမှန်တယ်၊ ဒါပေမယ့် တစ်နယ်လုံး မအေးချမ်းတာမဟုတ်ဘူး၊ တစ်နယ်လုံး တိုက်ပွဲဖြစ်နေတာမဟုတ်ဘူး၊ ပြည်ထောင်စုကိုလည်း ၇၅ရာခိုင်နှုန်းလောက် ကျင်းပနိုင်မယ်လို့ တင်ပြထားတယ်၊ ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ဝေဖန်တာတစ်ချို့လည်းရှိနေတယ်၊ ကော်မရှင်ကနေပြီးတော့ အမ်းနဲ့ ပလက်ဝကို ပြန်သုံးသပ်မယ်လို့ပြောတယ်၊ အဲဒီအပေါ်မှာတော့ ကော်မရှင်က ဆုံးဖြတ်တဲ့အပေါ်မှာတော့ ဘာမှပြောစရာမရှိပါဘူး၊ ဒါပေမယ့် လုံးဝကျင်းပလို့မရတဲ့ အခြေအနေမဟုတ်ဘူး၊ ကျင်းပလို့ရတဲ့ အတိုင်းအတာတစ်ခုထိရှိပါတယ်” ဟု ဝန်ကြီးဉီးစိုးထက်ကပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ်မြေများကိုကြေညာရာတွင် စစ်မဖြစ်ပွားသည့် မြို့နယ်အချို့ပါဝင်ခဲ့ပြီး စစ်ဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပရန် ခွင့်ပြုပေးလိုက်သည့်အပေါ် ဝေဖန်မှုတစ်ချို့ရှိခဲ့သည်။

ပလက်ဝမြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၁၀၂ အုပ်စုရှိပြီး မဲဆန္ဒနယ် အမှတ် (၁) အုပ်စုတွင် ၄၅ အုပ်စု၊ အမှတ် (၂) တွင် (၅၇) အုပ်စုရှိပြီး ရက္ခိုင့်တပ်မတော် (AA) အဖွဲ့လှုပ်ရှားနေသည့် ကျေးရွာအုပ်စုမှာ ၂၂အုပ်စု ရှိသဖြင့် ကျေးရွာအုပ်စုပေါင်း ၈၀ အုပ်စုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်သည့် အနေအထားမှာရှိသည်ဟု ဝန်ကြီး ဉီးစိုးထက်ကပြောသည်။

ပလက်ဝမြို့နယ်ရှိ နယ်မြေအချို့တွင် လုံခြုံရေးအခြေအနေအရ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာတွင် အခက်အခဲရှိနေသော်လည်း ပလက်ဝမြို့နယ်အနေဖြင့် လွှတ်တော်ကိုယ်စာလှယ် ဆုံးရှုံးမှု မရှိစေရန် လုံခြုံသည့် နေရာများတွင် ရွေးကောက်ပွဲ ကျင်းပစေလိုကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းဦးဇာနီကပြောသည်။

“ကျနော်တို့ပလက်ဝနယ်မှာ လုံခြုံတဲ့နေရာရှိတယ် မလုံခြုံတဲ့နေရာရှိတယ်၊ ဘာဘဲဖြစ်ဖြစ်လုံခြုံတဲ့နေရာကို ရွေးကောက်ပွဲကော်မရှိက ကျင်းပပေးနိုင်ရင်တော့ ကျနော်တို့ ပလက်ဝမြို့နယ်အတွက် လွှတ်တော်ကိုယ်စားလှယ် ရရှိဖို့အတွက် ဆုံးရှုံးမှုတွေ ရှိမှာ မဟုတ်တော့ဘူး၊ ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပလက်ဝမြို့နယ်မှာ ဘယ်နေရာတွေကို ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာ မသေချာသေးဘူးဖြစ်နေတယ်၊ ရွေးကောက်ပွဲက ၂ပတ်သာသာဘဲ လိုတော့တဲ့အခါမှာ ပလက်ဝမြို့နယ်မှာ ဘယ်နေရာတွေက ကျင်းပနိုင်လဲ ဘယ်နေရာတွေက မကျင်းပနိုင်လဲဆိုတာ အမြန်ဆုံးထုတ်ပြန်ပေးစေချင်တယ်”ဟု ဦးဇာနီကပြောသည်။

ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) မှဦးစောမြကလည်း ပလက်ဝတစ်မြို့နယ်လုံးတွင် ရွေးကောက်ပွဲ ကျင်းပနိုင်သည့်အနေအထားတွင်မရှိသော်လည်း ကျင်းပလို့ရသည့်နေရာများတွင် ကျင်းပပေးစေလိုကြောင်း ယခုလိုပြောဆိုသည်။

“ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲက ကျင်းပနိုင်မှာပါ၊ ပလက်ဝတစ်နယ်လုံး လုပ်လို့မရရင်တောင် လုပ်လို့ရတဲ့နေရာတွေ အများကြီးရှိတယ်လေ၊ ဒီနေရာမှာတော့ ရွေးကောက်ပွဲကောက်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို သဘောတူတယ်၊ ဘယ်လောက်ဘဲလုပ်နိုင်လုပ်နိုင် ရတဲ့နေရာတော့ လုပ်ရမှာပေါ့၊ ငါးနှစ်တစ်ကြိမ်ဘဲလုပ်တာဆိုတော့လေ၊ လုံခြုံရေးအပိုင်းမှာလည်း အစိုးရတပ်တွေ နေရာယူထားတဲ့နေရာတွေအများကြီးရှိတာဘဲဆိုတော့ အဲဒီနေရာတွေမှာတော့ လုပ်လို့ရမယ်”ဟုပြောသည်။

လွှတ်တော် မဲဆန္ဒနယ်မြေ (၅) ခုရှိသည့် ပလက်ဝမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၆) ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၄ ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

#Zawgyi

By Benezer – တပ္မေတာ္ႏွင့္ ရကိၡဳင့္တပ္ေတာ္(AA) တို႔သည္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ရွိ နယ္ေျမအားလုံးတြင္ တိုက္ပြဲျဖစ္ပြားေနျခင္း မဟုတ္သျဖင့္ ပလက္ဝ တစ္ၿမိဳ႕နယ္လုံး၏ ၇၈.၄၃ ရာခိုင္ႏႈန္းတြင္ အေထြေထြေရြးေကာက္ပြဲ က်င္းပနိုင္သည့္ အေနအထားမွာရွိေနေၾကာင္း ခ်င္းျပည္နယ္ အစိုးရေျပာေရးဆိုခြင့္ရွိသူ စည္ပင္ဝန္ႀကီး ဉီးစိုးထက္ကေျပာသည္။ 

“ပလက္ဝမွာ ေရြးေကာက္ပြဲက်င္းပဖို႔က ျဖစ္နိုင္ပါတယ္၊ ျပည္ေထာင္စုကိုလည္း တင္ျပၿပီးသြားၿပီ၊ တိုက္ပြဲျဖစ္တာလည္းမွန္တယ္၊ နယ္ေျမမေအးခ်မ္းတာလည္းမွန္တယ္၊ ဒါေပမယ့္ တစ္နယ္လုံး မေအးခ်မ္းတာမဟုတ္ဘူး၊ တစ္နယ္လုံး တိုက္ပြဲျဖစ္ေနတာမဟုတ္ဘူး၊ ျပည္ေထာင္စုကိုလည္း ၇၅ရာခိုင္ႏႈန္းေလာက္ က်င္းပနိုင္မယ္လို႔ တင္ျပထားတယ္၊ ဒီကိစၥနဲ႔ပတ္သတ္ၿပီးေတာ့ ေဝဖန္တာတစ္ခ်ိဳ႕လည္းရွိေနတယ္၊ ေကာ္မရွင္ကေနၿပီးေတာ့ အမ္းနဲ႔ ပလက္ဝကို ျပန္သုံးသပ္မယ္လို႔ေျပာတယ္၊ အဲဒီအေပၚမွာေတာ့ ေကာ္မရွင္က ဆုံးျဖတ္တဲ့အေပၚမွာေတာ့ ဘာမွေျပာစရာမရွိပါဘူး၊ ဒါေပမယ့္ လုံးဝက်င္းပလို႔မရတဲ့ အေျခအေနမဟုတ္ဘူး၊ က်င္းပလို႔ရတဲ့ အတိုင္းအတာတစ္ခုထိရွိပါတယ္”ဟု ၀န္ႀကီးဉီးစိုးထက္ကေျပာသည္။

ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔က ၂၀၂၀ အေထြေထြေရြးေကာက္ပြဲ မက်င္းပနိုင္သည့္ မဲဆႏၵနယ္ေျမမ်ားကိုေၾကညာရာတြင္ စစ္မျဖစ္ပြားသည့္ ၿမိဳ႕နယ္အခ်ိဳ႕ပါဝင္ခဲ့ၿပီး စစ္ျဖစ္ပြားေနသည့္ ပလက္ဝၿမိဳ႕နယ္မွာ ေရြးေကာက္ပြဲက်င္းပရန္ ခြင့္ျပဳေပးလိုက္သည့္အေပၚ ေဝဖန္မႈတစ္ခ်ိဳ႕ရွိခဲ့သည္။

ပလက္ဝၿမိဳ႕နယ္မွာ ေက်းရြာအုပ္စုေပါင္း ၁၀၂ အုပ္စုရွိၿပီး မဲဆႏၵနယ္ အမွတ္ (၁) အုပ္စုတြင္ ၄၅အုပ္စု၊ အမွတ္(၂) တြင္ (၅၇) အုပ္စုရွိၿပီး ရကၡိဳင့္တပ္မေတာ္ (AA) အဖြဲ႕လႈပ္ရွားေနသည့္ ေက်းရြာအုပ္စုမွာ ၂၂အုပ္စု ရွိသျဖင့္ ေက်းရြာအုပ္စုေပါင္း ၈၀ အုပ္စုတြင္ ေရြးေကာက္ပြဲ က်င္းပနိုင္သည့္ အေနအထားမွာရွိသည္ဟု ဝန္ႀကီး ဉီးစိုးထက္ကေျပာသည္။ 

ပလက္ဝၿမိဳ႕နယ္ရွိ နယ္ေျမအခ်ိဳ႕တြင္ လုံျခဳံေရးအေျခအေနအရ မဲဆြယ္စည္း႐ုံးေရး လုပ္ေဆာင္ရာတြင္ အခက္အခဲရွိေနေသာ္လည္း ပလက္ဝၿမိဳ႕နယ္အေနျဖင့္ လႊတ္ေတာ္ကိုယ္စာလွယ္ ဆုံးရႈံးမႈ မရွိေစရန္ လုံျခဳံသည့္ ေနရာမ်ားတြင္ ေရြးေကာက္ပြဲ က်င္းပေစလိုေၾကာင္း ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(CNLD) ပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းဦးဇာနီကေျပာသည္။ 

“က်ေနာ္တို႔ပလက္ဝနယ္မွာ လုံျခဳံတဲ့ေနရာရွိတယ္ မလုံျခဳံတဲ့ေနရာရွိတယ္၊ ဘာဘဲျဖစ္ျဖစ္လုံျခဳံတဲ့ေနရာကို ေရြးေကာက္ပြဲေကာ္မရွိက က်င္းပေပးနိုင္ရင္ေတာ့ က်ေနာ္တို႔ ပလက္ဝၿမိဳ႕နယ္အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ ရရွိဖို႔အတြက္ ဆုံးရႈံးမႈေတြ ရွိမွာ မဟုတ္ေတာ့ဘူး၊ ဒါေပမယ့္ ေရြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ပလက္ဝၿမိဳ႕နယ္မွာ ဘယ္ေနရာေတြကို ေရြးေကာက္ပြဲ က်င္းပမယ္ဆိုတာ မေသခ်ာေသးဘူးျဖစ္ေနတယ္၊ ေရြးေကာက္ပြဲက ၂ပတ္သာသာဘဲ လိုေတာ့တဲ့အခါမွာ ပလက္ဝၿမိဳ႕နယ္မွာ ဘယ္ေနရာေတြက က်င္းပနိုင္လဲ ဘယ္ေနရာေတြက မက်င္းပနိုင္လဲဆိုတာ အျမန္ဆုံးထုတ္ျပန္ေပးေစခ်င္တယ္”ဟု ဦးဇာနီကေျပာသည္။

ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ားေပါင္းစပ္ညွိႏွိုင္းေရးေကာင္စီ(KACC)မွဦးေစာျမကလည္း ပလက္၀တစ္ၿမိဳ႕နယ္လံုးတြင္ ေရြးေကာက္ပြဲ က်င္းပႏုိင္သည့္အေနအထားတြင္မရွိေသာ္လည္း က်င္းပလို႔ရသည့္ေနရာမ်ားတြင္ က်င္းပေပးေစလိုေၾကာင္း ယခုလိုေျပာဆိုသည္။ 

“ပလက္ဝၿမိဳ႕နယ္မွာ ေရြးေကာက္ပြဲက က်င္းပနိုင္မွာပါ၊ ပလက္ဝတစ္နယ္လုံး လုပ္လို႔မရရင္ေတာင္ လုပ္လို႔ရတဲ့ေနရာေတြ အမ်ားႀကီးရွိတယ္ေလ၊ ဒီေနရာမွာေတာ့ ေရြးေကာက္ပြဲေကာက္မရွင္ရဲ့ ဆုံးျဖတ္ခ်က္ကို သေဘာတူတယ္၊ ဘယ္ေလာက္ဘဲလုပ္နိုင္လုပ္နိုင္ ရတဲ့ေနရာေတာ့ လုပ္ရမွာေပါ့၊ ငါးႏွစ္တစ္ႀကိမ္ဘဲလုပ္တာဆိုေတာ့ေလ၊ လုံျခဳံေရးအပိုင္းမွာလည္း အစိုးရတပ္ေတြ ေနရာယူထားတဲ့ေနရာေတြအမ်ားႀကီးရွိတာဘဲဆိုေတာ့ အဲဒီေနရာေတြမွာေတာ့ လုပ္လို႔ရမယ္”ဟုေျပာသည္။

လႊတ္ေတာ္ မဲဆႏၵနယ္ေျမ (၅) ခုရွိသည့္ ပလက္၀ၿမိဳ႕နယ္တြင္ လာမည့္ေရြးေကာက္ပြဲတြင္ ႏိုင္ငံေရးပါတီ (၆) ခုမွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၂၄ ဦး၀င္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရေးပေါ်ကာလ နောက် ၆ လ ထပ်မံသက်တမ်းတိုး

ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.