• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက္၀တြင္ အေျခခံပညာေက်ာင္းေပါင္း (၂၀၀) နီးပါးဖြင့္ႏုိ္င္မည္မဟုတ္

ပလက္၀တြင္ အေျခခံပညာေက်ာင္းေပါင္း (၂၀၀) နီးပါးဖြင့္ႏုိ္င္မည္မဟုတ္

0
By Editor on June 25, 2020 Headline

#Zawgyi

By လားႏြန္ – စစ္မက္ျဖစ္ပြားရာေဒသ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္၀ၿမိဳ႕နယ္တြင္ လာမည့္ ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္တြင္ အေျခခံပညာေက်ာင္းေပါင္း (၂၀၀) နီးပါး ဖြင့္လွစ္ႏုိ္င္မည္မဟုတ္ေၾကာင္း သိရွိရသည္။

ပလက္၀ၿမိဳ႕နယ္တြင္ အေျခခံပညာေက်ာင္းေပါင္း (၃၉၁) ေက်ာင္းရွိသည့္အနက္ ေက်ာင္းေပါင္း (၂၀၀) သာဖြင့္လွစ္ႏိုင္မည့္အေနအထားရွိၿပီး  စစ္ေဘးဒဏ္ေၾကာင့္ (၁၉၁) ေက်ာင္းဖြင့္လွစ္ႏုိင္မည္မ ဟုတ္ေၾကာင္း ပလက္၀ ၿမိဳ႕နယ္ပညာေရးမွဴး ဆလိုင္းေအာင္မင္းကေျပာသည္။

“ေက်ာင္းမ်ားအားလံုးျပန္ဖြင့္ႏုိင္ဖို႔ကေတာ့ မျဖစ္ႏိုင္ဘူး အေျခအေနကမေပးဘူး၊ သြားေရး လာေရးကလည္း အခုထိပိတ္ထားတာလည္းရိွေသးတယ္၊ သြားလို႔မရတဲ့ေက်ာင္းေတြလည္းအမ်ားၾကီးရိွတယ္၊ ပလက္၀ျမိဳ႕အနီး ေက်းရြာေတြကလည္း ပလက္၀ၿမိဳ႕ေပၚမွာ သူတို႔အားလံုးတုိက္ပြဲေရွာင္အေနနဲ႔လာခိုလွံဳက်ေတာ့ ရြာမွာလည္း လူေတြမရိွေတာ့ဘူး အဲဒီအပိုင္းကလည္းရိွတယ္၊ တစ္ခ်ိဳ႕ေက်ာင္းက်ေတာ့ ဆရာ၊ဆရာမေတြ သြားလို႔မရတဲ့အတိုင္းအတာရိွတယ္၊ လမ္းကခုထိမဖြင့္ေသးေတာ့ေလ’’ ဟု ပလက္၀ျမိဳ႕နယ္ ပညာေရးမွဴး ဆလိုင္းေအာင္မင္းကေျပာသည္။

ေက်ာင္းဖြင့္ရန္မျဖစ္ႏုိင္သည့္ေက်းရြာအမ်ားစုသည္ ပလက္၀ၿမိဳ႕၏ အနီးတ၀ိုက္တြင္ တည္ရွိေသာေက်းရြာမ်ား ျဖစ္ၾကၿပီး  ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA) တို႔တိုက္ပြဲေၾကာင့္ ေန႔ရပ္စြန္႔ခြါကာ ပလက္၀ၿမိဳ႕၊ ဆမီးၿမိဳ႕တို႔သို႔ ရြာလံုးကြ်တ္ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကသည့္ေက်းရြာမ်ားျဖစ္ၾကသည္ဟု သိရသည္။

ပလက္၀ျမိဳ႕နယ္ ပညာေရးမွဴး ဆလိုင္းေအာင္မင္းက “က်ေနာ္တို႔က ေက်ာင္းသားေက်ာင္းသူေတြအတြက္ ဆံုးရံႈးမႈမရိွေအာင္က်ေနာ္တို႔စီစဥ္ထားပါတယ္ အခုျပည္နယ္အစိုးရကလမ္းညႊန္တာက ယာယီေက်ာင္းေဆာင္ေတြကိုလုပ္ခိုင္းထားတယ္ က်ေနာ္အခုလုပ္ငန္းကလည္းစေနျပီ သူတို႔လည္း ျမိဳ႕ေပၚမွာ ယာယီေက်ာင္းေဆာင္ေဆာက္ျပီးေတာ့ အဲဒီမွာ ေက်ာင္းသားေက်ာင္းသူေတြမနစ္နာေအာင္ က်ေနာ္တို႔က အဲဒီမွာေက်ာင္းတက္ခိုင္းမယ္ ေပါင္းတက္ရမယ္ က်ေနာ္တို႔ သူတို႔ပညာေရးမနစ္နာေအာင္ ပညာျပန္သင္လို႔ရေအာင္ သူတို႔ကရြာလည္းျပန္သြားလို႔မရဘူး တစ္ခ်ိ္ဳ႕ရြာေတြကမရိွေတာ့ဘူး မီးေလာင္တဲ့အထဲမွာပါတယ္ တစ္ခ်ိဳ႕ကလည္း ပ်က္စီးသြားတဲ့အထဲမွာပါတယ္ ဒါေပမဲ့ အခုကသူတို႔က အားလံုးျမိဳ႕ေပၚမွာပဲသူတို႔ေနတယ္ သူတို႔ျမိဳ႕ေပၚမွာေနတဲ့သားသမီးေတြကို မနစ္နာေအာင္က်ေနာ္တို႔ ျပည္နယ္အစိုးရလမ္းညႊန္းတဲ့အတိုင္းေဆာင္ရြက္တယ္” ဟုေျပာသည္။

သို႔ေသာ္လည္း ပလက္၀ၿမိဳ႕နယ္တြင္ တာ၀န္ထမ္းေဆာင္ေနၾကေသာ ေက်ာင္းဆရာ/ဆရာမ အေယာက္ (၂၀၀) ခန္႔သည္လည္း တစ္ျခားၿမိဳ႕နယ္ႏွင့္ေဒသမ်ားသို႔ေျပာင္းေရႊ႕ခြင့္တင္ထား ၾကသည့္အတြက္ လာမည့္ ေက်ာင္းဖြင့္ရာသီတြင္ ေက်ာင္းဆရာ/ဆရာမ လိုအပ္ခ်က္ျမင့္္မားေနဦးျဖစ္သည္ဟု ၎ကဆက္ေျပာသည္။

ခ်င္းျပည္နယ္တြင္ အေျခခံပညာေက်ာင္းေပါင္း (၁၄၉၈) ေက်ာင္းရွိၿပီး ပလက္၀ၿမိဳ႕နယ္မွလႊဲ၍ က်န္ရွိသည့္ၿမိဳ႕နယ္မ်ားအားလံုးသည္ ပညာေရး၀န္ႀကီးဌာနမွသတ္မွတ္ခ်က္အရ ေက်ာင္းမ်ားဖြင့္လွစ္အခက္အခဲမရွိေၾကာင္းသိရသည္။ သို႔ေသာ္လည္း ေက်ာင္းဆရာ/ဆရာမ လိုအပ္ခ်က္ကေတာ့ ၿမိဳ႕နယ္တိုင္းတြင္ရွိေနသည္ဟုသိရသည္။

#Unicode

By လားနွန် – စစ်မက်ဖြစ်ပွားရာဒေသ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် လာမည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း (၂၀ဝ) နီးပါး ဖွင့်လှစ်နိ်ုင်မည်မဟုတ်ကြောင်း သိရှိရသည်။

ပလက်ဝမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၃၉၁) ကျောင်းရှိသည့်အနက် ကျောင်းပေါင်း (၂၀ဝ) သာဖွင့်လှစ်နိုင်မည့်အနေအထားရှိပြီး  စစ်ဘေးဒဏ်ကြောင့် (၁၉၁) ကျောင်းဖွင့်လှစ်နိုင်မည်မ ဟုတ်ကြောင်း ပလက်ဝ မြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။

“ကျောင်းများအားလုံးပြန်ဖွင့်နိုင်ဖို့ကတော့ မဖြစ်နိုင်ဘူး အခြေအနေကမပေးဘူး၊ သွားရေး လာရေးကလည်း အခုထိပိတ်ထားတာလည်းရှိသေးတယ်၊ သွားလို့မရတဲ့ကျောင်းတွေလည်းအများကြီးရှိတယ်၊ ပလက်ဝမြို့အနီး ကျေးရွာတွေကလည်း ပလက်ဝမြို့ပေါ်မှာ သူတို့အားလုံးတိုက်ပွဲရှောင်အနေနဲ့လာခိုလှုံကျတော့ ရွာမှာလည်း လူတွေမရှိတော့ဘူး အဲဒီအပိုင်းကလည်းရှိတယ်၊ တစ်ချို့ကျောင်းကျတော့ ဆရာ၊ဆရာမတွေ သွားလို့မရတဲ့အတိုင်းအတာရှိတယ်၊ လမ်းကခုထိမဖွင့်သေးတော့လေ’’ ဟု ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။

ကျောင်းဖွင့်ရန်မဖြစ်နိုင်သည့်ကျေးရွာအများစုသည် ပလက်ဝမြို့၏ အနီးတဝိုက်တွင် တည်ရှိသောကျေးရွာများ ဖြစ်ကြပြီး  မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့တိုက်ပွဲကြောင့် နေ့ရပ်စွန့်ခွါကာ ပလက်ဝမြို့၊ ဆမီးမြို့တို့သို့ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့်ကျေးရွာများဖြစ်ကြသည်ဟု သိရသည်။

ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းက “ကျနော်တို့က ကျောင်းသားကျောင်းသူတွေအတွက် ဆုံးရှုံးမှုမရှိအောင်ကျနော်တို့စီစဉ်ထားပါတယ် အခုပြည်နယ်အစိုးရကလမ်းညွှန်တာက ယာယီကျောင်းဆောင်တွေကိုလုပ်ခိုင်းထားတယ် ကျနော်အခုလုပ်ငန်းကလည်းစနေပြီ သူတို့လည်း မြို့ပေါ်မှာ ယာယီကျောင်းဆောင်ဆောက်ပြီးတော့ အဲဒီမှာ ကျောင်းသားကျောင်းသူတွေမနစ်နာအောင် ကျနော်တို့က အဲဒီမှာကျောင်းတက်ခိုင်းမယ် ပေါင်းတက်ရမယ် ကျနော်တို့ သူတို့ပညာရေးမနစ်နာအောင် ပညာပြန်သင်လို့ရအောင် သူတို့ကရွာလည်းပြန်သွားလို့မရဘူး တစ်ချိ်ု့ရွာတွေကမရှိတော့ဘူး မီးလောင်တဲ့အထဲမှာပါတယ် တစ်ချို့ကလည်း ပျက်စီးသွားတဲ့အထဲမှာပါတယ် ဒါပေမဲ့ အခုကသူတို့က အားလုံးမြို့ပေါ်မှာပဲသူတို့နေတယ် သူတို့မြို့ပေါ်မှာနေတဲ့သားသမီးတွေကို မနစ်နာအောင်ကျနော်တို့ ပြည်နယ်အစိုးရလမ်းညွှန်းတဲ့အတိုင်းဆောင်ရွက်တယ်” ဟုပြောသည်။

သို့သော်လည်း ပလက်ဝမြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသော ကျောင်းဆရာ/ဆရာမ အယောက် (၂၀ဝ) ခန့်သည်လည်း တစ်ခြားမြို့နယ်နှင့်ဒေသများသို့ပြောင်းရွှေ့ခွင့်တင်ထား ကြသည့်အတွက် လာမည့် ကျောင်းဖွင့်ရာသီတွင် ကျောင်းဆရာ/ဆရာမ လိုအပ်ချက်မြင့်မားနေဦးဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

ချင်းပြည်နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၄၉၈) ကျောင်းရှိပြီး ပလက်ဝမြို့နယ်မှလွှဲ၍ ကျန်ရှိသည့်မြို့နယ်များအားလုံးသည် ပညာရေးဝန်ကြီးဌာနမှသတ်မှတ်ချက်အရ ကျောင်းများဖွင့်လှစ်အခက်အခဲမရှိကြောင်းသိရသည်။ သို့သော်လည်း ကျောင်းဆရာ/ဆရာမ လိုအပ်ချက်ကတော့ မြို့နယ်တိုင်းတွင်ရှိနေသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.