• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ပလက္၀တြင္ ေက်ာင္းသား (၅၀၀) နီးပါး တကၠသိုလ္၀င္တန္းစာေမးပြဲေျဖဆိုရန္ပ်က္ကြက္

ပလက္၀တြင္ ေက်ာင္းသား (၅၀၀) နီးပါး တကၠသိုလ္၀င္တန္းစာေမးပြဲေျဖဆိုရန္ပ်က္ကြက္

0
By Editor on March 11, 2020 Khonumthung

#Zawgyi

By လားႏြန္ – စစ္မက္ျဖစ္ပြားရာေဒသ ခ်င္းျပည္နယ္ေတာင္ပိုင္း၊ ပလက္၀ၿမိဳ႕နယ္တြင္ တကၠသိုလ္၀င္တန္းစာေမးပြဲကို စာစစ္ဌာနအသီးသီး၌ ယေန႔စတင္ေျဖဆိုခဲ့ၾကေသာ္လည္း ေက်ာင္းသားေက်ာင္းသူ (၅၀၀) နီးပါးက ေျဖဆိုရန္ ပ်က္ကြက္ခဲ့ၾကသည္ဟု သိရသည္။

တကၠသိုလ္၀င္တန္းစားေမးပြဲကို ယေန႔မတ္လ (၁၁) ရက္ေန႔ကစ၍ တစ္ႏုိင္ငံလံုးတြင္ စတင္ေျဖဆိုခဲ့ၾကၿပီး  စာစစ္ဌာန (၅) ခုရွိေသာ ပလက္၀ၿမိဳ႕နယ္တြင္ တကၠသိုလ္၀င္တန္းစာေမးပြဲေျဖဆိုရန္ ေက်ာင္းသား/ေက်ာင္းသူ (၂၆၉၀) ရွိသည့္အနက္ (၂၂၁၇) ဦးကသာ ေျဖဆိုခဲ့ၾကၿပီး (၄၇၃) ဦးက ေျဖဆိုရန္ပ်က္ကြက္ၾကသည္ဟု  ပလက္၀ၿမိဳ႕နယ္ပညာေရးမွဴး ဆလုိင္းေအာင္မင္းကေျပာသည္။

“ေက်ာင္းတြင္းက ေက်ာင္းသားေတြအားလံုးေတာ့ လာေရာက္ေျဖဆိုႏုိင္ၾကတယ္၊ လမ္းပန္းဆက္သြယ္ေၾကာင့္လည္း ပါမယ္ထင္တယ္၊ အျပင္ေျဖေတြက ပ်က္ကြက္တာပိုမ်ားတယ္” ဟု ပညာေရးမွဴးဆလိုင္းေအာင္မင္းကေျပာသည္။

ပလက္၀ျမိဳ႕ေပၚရိွ အ.ထ.က (၁) စာစစ္ဌာန (၂) သည္ ပ်က္ကြက္သူအမ်ားဆံုးျဖစ္ျပီး ေက်ာင္းသား (၂၀၀) ေက်ာ္ ပ်က္ကြက္ခဲ့သည္ဟုလည္း ပညာေရးမွဴးကဆက္ေျပာသည္။

ပလက္၀ၿမိဳ႕နယ္သည္ ခ်င္းျပည္နယ္ရွိ ၿမိဳ႕နယ္မ်ားအလံုးတြင္ တကၠသိုလ္၀င္တန္းစာေမးပြဲေျဖဆိုရန္ ပ်က္ကြက္သူ အမ်ားဆံုးျဖစ္သည္။

ယခုကဲ့သို႔ စာေမးပြဲေျဖဆိုရန္ ပ်က္ကြက္မႈမ်ားရသည့္အေၾကာင္းရင္းကိုမူ မသိရေသာ္လည္း ျမန္မာ့တပ္မေတာ္ႏွင့္ ရကိၡဳင့္တပ္ေတာ္ (AA) တို႔ တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ လံုျခံဳေရးအေျခအေနအရ လမ္းပန္းဆက္သြယ္ေရးခက္ခဲမႈမ်ားေၾကာင့္လည္း ျဖစ္ႏုိင္သည္ဟု ယူဆၾကသည္။

လက္ရွိတြင္ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ႏွင့္ ပလက္၀အၾကား ေရလမ္းေၾကာင္းမ်ား ပိတ္ထားရသည့္အေျခအေန ျဖစ္ေနသည့္အျပင္ ပလက္၀ၿမိဳ႕နယ္တြင္ ညမထြက္ရအမိန္႔ ထုတ္ျပန္ထားသည္။

ခ်င္းျပည္နယ္တြင္ တကၠသိုလ္၀င္တန္းစာေမးပြဲေျဖဆိုရန္ ေက်ာင္းသား/ေက်ာင္းသူ စုစုေပါင္း (၁၄၁၇၇) ရွိသည့္အနက္ (၁၂၃၇၄) ဦးကေျဖဆိုခဲ့ၾကၿပီး ေက်ာင္းသား/ေက်ာင္းသူ (၁၀၈၃) ဦးက ေျဖဆိုရန္ပ်က္ကြက္သည္ဟု သိရသည္။

#Unicode

By လားနွန် – စစ်မက်ဖြစ်ပွားရာဒေသ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာနအသီးသီး၌ ယနေ့စတင်ဖြေဆိုခဲ့ကြသော်လည်း ကျောင်းသားကျောင်းသူ (၅၀ဝ) နီးပါးက ဖြေဆိုရန် ပျက်ကွက်ခဲ့ကြသည်ဟု သိရသည်။

တက္ကသိုလ်ဝင်တန်းစားမေးပွဲကို ယနေ့မတ်လ (၁၁) ရက်နေ့ကစ၍ တစ်နိုင်ငံလုံးတွင် စတင်ဖြေဆိုခဲ့ကြပြီး  စာစစ်ဌာန (၅) ခုရှိသော ပလက်ဝမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ကျောင်းသား/ကျောင်းသူ (၂၆၉၀) ရှိသည့်အနက် (၂၂၁၇) ဦးကသာ ဖြေဆိုခဲ့ကြပြီး (၄၇၃) ဦးက ဖြေဆိုရန်ပျက်ကွက်ကြသည်ဟု  ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။

“ကျောင်းတွင်းက ကျောင်းသားတွေအားလုံးတော့ လာရောက်ဖြေဆိုနိုင်ကြတယ်၊ လမ်းပန်းဆက်သွယ်ကြောင့်လည်း ပါမယ်ထင်တယ်၊ အပြင်ဖြေတွေက ပျက်ကွက်တာပိုများတယ်” ဟု ပညာရေးမှူးဆလိုင်းအောင်မင်းကပြောသည်။

ပလက်ဝမြို့ပေါ်ရှိ အ.ထ.က (၁) စာစစ်ဌာန (၂) သည် ပျက်ကွက်သူအများဆုံးဖြစ်ပြီး ကျောင်းသား (၂၀ဝ) ကျော် ပျက်ကွက်ခဲ့သည်ဟုလည်း ပညာရေးမှူးကဆက်ပြောသည်။

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်ရှိ မြို့နယ်များအလုံးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ အများဆုံးဖြစ်သည်။

ယခုကဲ့သို့ စာမေးပွဲဖြေဆိုရန် ပျက်ကွက်မှုများရသည့်အကြောင်းရင်းကိုမူ မသိရသော်လည်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် လုံခြုံရေးအခြေအနေအရ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများကြောင့်လည်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်နှင့် ပလက်ဝအကြား ရေလမ်းကြောင်းများ ပိတ်ထားရသည့်အခြေအနေ ဖြစ်နေသည့်အပြင် ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၄၁၇၇) ရှိသည့်အနက် (၁၂၃၇၄) ဦးကဖြေဆိုခဲ့ကြပြီး ကျောင်းသား/ကျောင်းသူ (၁၀၈၃) ဦးက ဖြေဆိုရန်ပျက်ကွက်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.