Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက္၀အေျခစိုက္ တပ္မ (၇၇) မွ ဆန္သယ္ယူခြင့္ပိတ္ပင္ၿပီး အဆမတန္ေစ်းတင္ေရာင္းခ်ေန

ပလက္၀အေျခစိုက္ တပ္မ (၇၇) မွ ဆန္သယ္ယူခြင့္ပိတ္ပင္ၿပီး အဆမတန္ေစ်းတင္ေရာင္းခ်ေန

0
By Editor on April 3, 2020 Headline

#Zawgyi

ရခိုင္ျပည္နယ္ႏွင့္ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားျပတ္ေတာက္မႈေၾကာင့္ စားနပ္ရိကၡာျပတ္လပ္ေနသည့္ ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္တြင္ ခ်င္းျပည္နယ္ႏွင့္ အျခားၿမိဳ႕နယ္မ်ားမွ ဆန္သယ္ယူခြင့္ကို ရွင္းလက္၀အေျခစိုက္ တပ္မ (၇၇) မွ ကန္႔သတ္ပိတ္ပင္မႈေတြရွိေနၿပီး ၎တို႔ကိုယ္တိုင္က ဆန္ေစ်းႏႈန္းမ်ားကို အဆမတန္ျမင့္တင္ကာ ေရာင္းခ်မႈမ်ားရွိေနသည္ဟု စံုစမ္းသိရွိရသည္။

မၾကာေသးခင္ရက္ပိုင္းက ပလက္၀ၿမိဳ႕နယ္အတြင္းရွိ ေက်းရြာအုပ္စု (၅) အုပ္စုတို႔ စုေပါင္း၍ မတူပီၿမိဳ႕နယ္၊ လိုင္လင္းပီၿမိဳ႕တြင္ ဆန္၀ယ္ယူရန္သြားေရာက္ခဲ့ၾကေသာ္လည္း ရွင္းလက္၀ေက်းရြာတြင္ တပ္စြဲထားသည့္ တပ္မ (၇၇) က အျခားၿမိဳ႕နယ္မ်ားမွ ဆန္မ်ား၀ယ္ယူပါက သယ္ယူခြင့္ျပဳမည္မဟုတ္ေၾကာင္းေျပာဆိုကာ တပ္မေတာ္က ေရာင္းခ်သည့္ ဆန္ကိုသာ၀ယ္ယူရန္ ေျပာဆိုခဲ့သည္ဟု လိုင္လင္းပီၿမိဳ႕သို႔ ဆန္၀ယ္ရန္သြားေရာက္သည့္အဖြဲ႔တြင္ပါ၀င္ သူတစ္ဦးက ခိုႏူမ္းသုန္ကို ေျပာသည္။

“လိုင္လင္းပီကိုသြားမယ္ဆိုရင္ရွင္းလက္၀ကိုျဖတ္ရတယ္၊ အဲဒီရွင္းလက္၀မွာ တပ္မ (၇၇) ဆိုတာရွိတယ္သတင္းပို႔ရတယ္၊ က်ေနာ္တို႔ကလည္း လိုင္လင္းပီဘက္မွာ ဆန္၀ယ္မယ္ဆိုၿပီးေျပာေတာ့ ဆန္၀ယ္ဖို႔ဆိုရင္ ခြင့္မျပဳဘူးတဲ့၊ ရွင္းလက္၀မွာဘဲ ၀ယ္လိုက္ပါတဲ့၊ ရွင္းလက္၀မွာက ေစ်းကႀကီးတယ္ဆုိေတာ့ မ၀ယ္ႏုိင္ဘူးေလ၊ ဆန္တစ္အိတ္ကို က်ပ္ (၆ ေသာင္း) ေက်ာ္ဆိုေတာ့ မ၀ယ္ႏုိင္ဘူးေလ၊ လိုင္းလင္းပီမွာက ဆန္တစ္အိတ္ကို က်ပ္ ႏွစ္ေသာင္းေက်ာ္ေက်ာ္ေလာက္ဘဲေလ၊ သယ္ယူခနဲ႔ေတာင္မွ ၃ေသာင္းေလာက္ပဲဆိုေတာ့ သက္သာတယ္ေလ’’ ဟု အဆိုပါေဒသခံကေျပာျပသည္။

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) အၾကား တိုက္ပြဲပိုမိုျပင္းထန္လာသည့္အတြက္ ပလက္၀ – ေက်ာက္ေတာ္ အၾကား ေရလမ္း/ကုန္လမ္းမ်ားသည္ ၿပီးခဲ့သည့္ေဖေဖာ္၀ါရီ လဆန္းပိုင္းကစ၍ ျပတ္ေတာက္ခဲ့ၿပီး ပလက္၀ၿမိဳ႕နယ္သို႔ ဆန္၊ ဆီ၊ ဆား စေသာ မည္သည့္ ကုန္စည္မွ သယ္ယူႏုိင္ျခင္းမရွိေတာ့ျခင္းျဖစ္သည္။

ထို႔ေၾကာင့္ ပလက္၀ၿမိဳ႕နယ္အတြင္း ေနထိုင္ၾကသည့္ ေဒသခံျပည္သူမ်ားအပါအ၀င္ စစ္ေဘးေၾကာင့္ ေနရပ္စြန္႔ခြါေနၾကသူမ်ားသည္ စားနပ္ရိကၡာ ျပတ္လပ္မႈႏွင့္ႀကံဳေတြ႔ ေနၾကရသည္။

ထို႔ကဲ့သို႔အေျခအေနမ်ဴိးႀကံဳေတြ႔ေနရသည့္အခ်ိန္တြင္ ပလက္၀ၿမိဳ႕ႏွင့္ အနီးစပ္ဆံုးၿမိဳ႕နယ္ျဖစ္သည့္ မတူပီၿမိဳ႕နယ္၊ လိုင္လင္းပီၿမိဳ႕တြင္ ဆန္ေစ်းႏႈန္းသက္သာသည့္အတြက္ ဆန္သယ္ယူရန္ေတာင္းဆိုခဲ့ၾကေသာ္လည္း တပ္မေတာ္က သယ္ခြင့္မျပဳခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

“ရွင္းလက္၀နဲ႔ တရႊန္အိုင္ေက်းရြာမွာအေျခစိုက္တဲ့ စစ္တပ္ေတြက စီးပြားေရးလုပ္တာေလ၊ ဒါေၾကာင့္ က်ေနာ္တို႔ လိုင္လင္းပီကဆန္ေတြ ၀ယ္သြားရင္ေတာ့ သူတို႔စီးပြားေရးထိခိုက္ေတာ့မွာေလ၊ သူတို႔ (စစ္တပ္) ေရာင္းတဲ့ဆန္က သူမ်ားေတြ၀ယ္ၾကေတာ့မွာမဟုတ္ဘူး၊ အဲဒါေၾကာင့္ သူတို႔ခြင့္မျပဳတာ’’ ဟု လိုင္လင္းပီၿမိဳ႕သို႔ ဆန္၀ယ္ရန္ သြားေရာက္သည့္အဖြဲ႔တြင္ပါ၀င္ေသာ ေနာက္ထပ္ေဒသခံတစ္ဦးကေျပာသည္။

ရွင္းလက္၀ေက်းရြာတြင္ အေျခစိုက္သည့္ စစ္တပ္သည္ ဆန္၊ ဆီ၊ ဆား အျပင္ ေလာင္စာဆီမ်ားကိုလည္း စီးပြားျဖစ္ ေရာင္းခ်ေနသည္ဟု အမည္မေဖာ္လိုသူ ရွင္းလက္၀ရြာသားတစ္ဦးကေျပာသည္။  

“အဲဒီမွာရွိတဲ့ တပ္က ဓာတ္ဆီတို႔၊ ဆန္တို႔၊ ဆီတို႔ေရာင္းတယ္၊ ဆန္ဆိုရင္လည္း တစ္အိတ္ကို က်ပ္ (၆၂၀၀၀) နဲ႔ေရာင္း တယ္၊ ဓါတ္ဆီဆိုရင္လည္း တစ္ဂါလံကို က်ပ္ ၈ ေထာင္၊ တစ္ေသာင္း အဲလိုေရာင္းတယ္ တခ်ဴိ႕ဆိုင္ေတြက ၆ ေထာင္ ေလာက္နဲ႔ေရာင္းရင္ေတာင္ မေရာင္းနဲ႔ဆိုၿပီးေျပာတယ္၊ အဲဒါက်ေနာ္တို႔ေတာ္ေတာ္ဒုကၡေရာက္တယ္၊ စစ္တပ္ဆိုတာ စီးပြားေရးလုပ္ဖို႔လာတာမဟုတ္ဘူး၊ စစ္တိုက္ဖို႔ ျပည္သူလူထုကို ကာကြယ္ဖို႔လာတာမဟုတ္ဘူးလား၊ ေအေအက ႏွိပ္စက္လိုက္၊ စစ္တပ္ကႏွိပ္စက္လိုက္၊ ျပည္သူေတြက ဒုကၡေရာက္ေနၿပီ’’ ဟု ရွင္းလက္၀ေဒသခံကေျပာသည္။

ယခုကိစၥႏွင့္ပတ္သက္၍ ခ်င္းျပည္နယ္အစိုးရအဖြဲ႔ေျပာေရးဆိုခြင့္ရွိသူ စည္ပင္၀န္ႀကီးဦးစိုးထက္ကေတာ့ တပ္အေနျဖင့္ ဆန္သယ္ခြင့္ပိတ္ပင္ရျခင္းသည္ ရကၡိဳင့္တပ္ေတာ္ (AA) လက္ထဲဆန္ေရာက္သြားမွာကို စိုးရိမ္မႈရွိသည္ကတစ္ပိုင္း၊ လိုင္လင္းပီ၊ ပခုကၠဴဘက္တြင္ ေစ်းႏႈန္းသက္သက္သာသာႏွင့္ ေဒသခံမ်ားက ဆန္၀ယ္ယူကာ သယ္ယူေသာ္လည္း ေစ်းႏႈန္းအဆမတန္ျမွင့္တင္ၿပီး ျပန္လည္ေရာင္းခ်မႈမ်ားရွိေနသည့္အတြက္ေၾကာင့္ျဖစ္သည္ဟု ေျပာသည္။

“တပ္ကေတာ့ ႏွစ္ပိုင္းရွိတာေပါ့ေနာ္၊ ဆန္သယ္လို႔ရွိရင္ အဲဒီဆန္ေတြက AA ဆီေရာက္သြားမွာဆိုတာတစ္ပိုင္း၊ လိုင္းလင္ပီမွာျဖစ္ျဖစ္ ပခုကၠဴမွာျဖစ္ျဖစ္ ေစ်းသက္သက္သာသာနဲ႔ရတယ္ဆိုေပမယ့္ သူတို႔လည္း က်ပ္ ၇ ေသာင္း/၈ ေသာင္းနဲ႔ ျပန္ေရာင္းတယ္၊ အဲလိုျဖစ္ေနတာ၊ တကယ့္ေဒသခံေတြ စားဖို႔အတြက္ကိုရည္စူးတာမဟုတ္ဘူး၊ အျမတ္နဲ႔ေရာင္းစားဖို႔ ရည္စူးခ်က္ေတြ ရွိတယ္၊ အဲဒါကို တပ္ကလည္းသိေတာ့ တားတာ၊ တပ္ကလည္း ၆ ေသာင္းနဲ႔ေရာင္းတာ၊ တကယ္က တပ္ကလည္း အဲေလာက္မတင္သင့္ဘူး၊ ေဒသခံလူႀကီးေတြက ကိုယ့္ေဒသကလူေတြ စားဖို႔အတြက္ကို တကယ္ကိုသယ္တာဆိုရင္ေတာ့ က်ေနာ္တို႔ေျပာေပးမယ္ အဲဒီတပ္ကို အဲလိုမဟုတ္ဘဲနဲ႔ သူတို႔ကိုယ္တိုင္လည္း စီးပြားေရးအရ ေရာင္းစားဖို႔လုပ္ေနတယ္ဆိုၿပီး တပ္ကလည္းစြပ္စြဲတယ္၊ တပ္ကလည္း သူတို႔ရဲ့ရိကၡာအပိုအလွ်ံကို ေရာင္းစားခ်င္တယ္၊ တစ္အိတ္ ၆ ေသာင္းနဲ႔ သူတို႔ကလည္း ေစ်းသက္သာသာနဲ႔ယူၿပီးေတာ့မွ ၇ ေသာင္း၊ ၈ ေသာင္းနဲ႔ေရာင္းေနၾကတယ္၊ ဒီလိုေတြရႈတ္ေထြးေနတာ’’ ဟု ေျပာသည္။

ယခုလက္ရွိတြင္ ေက်ာက္ေတာ္-ပလက္၀ ေရလမ္း/ကုန္းလမ္းျပတ္ေတာက္ေနသည့္အတြက္ မတူပီ-ဆမီး-ပလက္၀ လမ္းကိုအသံုးျပဳ၍ ပလက္၀ၿမိဳ႕နယ္သို႔ ရိကၡာမ်ားပို႔ေဆာင္ရန္စီစဥ္ေနေသာ္လည္း ဆမီးအထိသာ ေရာက္ႏုိင္ၿပီး ဆမီးမွ ပလက္၀အထိ အေရာက္ပို႔ရန္ လံုျခံဳေရးအရ အခက္အခဲျဖစ္ေနသည္ဟု ၀န္ႀကီးကဆက္ေျပာသည္။

ထို႔ေၾကာင့္ ခ်င္းျပည္နယ္အစိုးရအေနျဖင့္ လိုင္လင္းပီႏွင့္ ရွင္းလက္၀ေက်းရြာအၾကား လမ္းေၾကာင္းကို ကုန္တင္ကားသြားႏိုင္ရန္ အေရးေပၚေဖါက္လုပ္ကာ ယခုအခါ ကားသြားႏုိင္ၿပီျဖစ္သည္။

ပလက္၀ၿမိဳ႕နယ္အတြင္းရွိ ေဒသခံျပ ည္သူမ်ားအတြက္ သီတဂူဆရာေတာ္မွ လွဴဒါန္းသည့္ ဆန္အိတ္ ၆၇၀ အနက္ အိတ္ ၂၇၀ သည္လည္း လိုင္လင္းပီ မွတဆင့္ ရွင္းလက္၀သို႔ေရာက္ရွိၿပီျဖစ္ေၾကာင္း၊ ကုလားတန္ျမစ္အထက္ပိုင္းတြင္ရွိသည့္ ေဒသခံျပည္သူမ်ားအား အခမဲ့ျဖင့္ ခြဲေ၀ေပးမည္ျဖစ္ဟု ၀န္ႀကီးဦးစိုးထက္ကေျပာသည္။

#Unicode

#Zawgyi

ရခိုင်ပြည်နယ်နှင့် ဆက်သွယ်ရေးလမ်းကြောင်းများပြတ်တောက်မှုကြောင့် စားနပ်ရိက္ခာပြတ်လပ်နေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ချင်းပြည်နယ်နှင့် အခြားမြို့နယ်များမှ ဆန်သယ်ယူခွင့်ကို ရှင်းလက်ဝအခြေစိုက် တပ်မ (၇၇) မှ ကန့်သတ်ပိတ်ပင်မှုတွေရှိနေပြီး ၎င်းတို့ကိုယ်တိုင်က ဆန်ဈေးနှုန်းများကို အဆမတန်မြင့်တင်ကာ ရောင်းချမှုများရှိနေသည်ဟု စုံစမ်းသိရှိရသည်။

မကြာသေးခင်ရက်ပိုင်းက ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅) အုပ်စုတို့ စုပေါင်း၍ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့တွင် ဆန်ဝယ်ယူရန်သွားရောက်ခဲ့ကြသော်လည်း ရှင်းလက်ဝကျေးရွာတွင် တပ်စွဲထားသည့် တပ်မ (၇၇) က အခြားမြို့နယ်များမှ ဆန်များဝယ်ယူပါက သယ်ယူခွင့်ပြုမည်မဟုတ်ကြောင်းပြောဆိုကာ တပ်မတော်က ရောင်းချသည့် ဆန်ကိုသာဝယ်ယူရန် ပြောဆိုခဲ့သည်ဟု လိုင်လင်းပီမြို့သို့ ဆန်ဝယ်ရန်သွားရောက်သည့်အဖွဲ့တွင်ပါဝင် သူတစ်ဦးက ခိုနူမ်းသုန်ကို ပြောသည်။

“လိုင်လင်းပီကိုသွားမယ်ဆိုရင်ရှင်းလက်ဝကိုဖြတ်ရတယ်၊ အဲဒီရှင်းလက်ဝမှာ တပ်မ (၇၇) ဆိုတာရှိတယ်သတင်းပို့ရတယ်၊ ကျနော်တို့ကလည်း လိုင်လင်းပီဘက်မှာ ဆန်ဝယ်မယ်ဆိုပြီးပြောတော့ ဆန်ဝယ်ဖို့ဆိုရင် ခွင့်မပြုဘူးတဲ့၊ ရှင်းလက်ဝမှာဘဲ ဝယ်လိုက်ပါတဲ့၊ ရှင်းလက်ဝမှာက ဈေးကကြီးတယ်ဆိုတော့ မဝယ်နိုင်ဘူးလေ၊ ဆန်တစ်အိတ်ကို ကျပ် (၆ သောင်း) ကျော်ဆိုတော့ မဝယ်နိုင်ဘူးလေ၊ လိုင်းလင်းပီမှာက ဆန်တစ်အိတ်ကို ကျပ် နှစ်သောင်းကျော်ကျော်လောက်ဘဲလေ၊ သယ်ယူခနဲ့တောင်မှ ၃သောင်းလောက်ပဲဆိုတော့ သက်သာတယ်လေ’’ ဟု အဆိုပါဒေသခံကပြောပြသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား တိုက်ပွဲပိုမိုပြင်းထန်လာသည့်အတွက် ပလက်ဝ – ကျောက်တော် အကြား ရေလမ်း/ကုန်လမ်းများသည် ပြီးခဲ့သည့်ဖေဖော်ဝါရီ လဆန်းပိုင်းကစ၍ ပြတ်တောက်ခဲ့ပြီး ပလက်ဝမြို့နယ်သို့ ဆန်၊ ဆီ၊ ဆား စသော မည်သည့် ကုန်စည်မှ သယ်ယူနိုင်ခြင်းမရှိတော့ခြင်းဖြစ်သည်။

ထို့ကြောင့် ပလက်ဝမြို့နယ်အတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူများအပါအဝင် စစ်ဘေးကြောင့် နေရပ်စွန့်ခွါနေကြသူများသည် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့်ကြုံတွေ့ နေကြရသည်။

ထို့ကဲ့သို့အခြေအနေမျိူးကြုံတွေ့နေရသည့်အချိန်တွင် ပလက်ဝမြို့နှင့် အနီးစပ်ဆုံးမြို့နယ်ဖြစ်သည့် မတူပီမြို့နယ်၊ လိုင်လင်းပီမြို့တွင် ဆန်ဈေးနှုန်းသက်သာသည့်အတွက် ဆန်သယ်ယူရန်တောင်းဆိုခဲ့ကြသော်လည်း တပ်မတော်က သယ်ခွင့်မပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ရှင်းလက်ဝနဲ့ တရွှန်အိုင်ကျေးရွာမှာအခြေစိုက်တဲ့ စစ်တပ်တွေက စီးပွားရေးလုပ်တာလေ၊ ဒါကြောင့် ကျနော်တို့ လိုင်လင်းပီကဆန်တွေ ဝယ်သွားရင်တော့ သူတို့စီးပွားရေးထိခိုက်တော့မှာလေ၊ သူတို့ (စစ်တပ်) ရောင်းတဲ့ဆန်က သူများတွေဝယ်ကြတော့မှာမဟုတ်ဘူး၊ အဲဒါကြောင့် သူတို့ခွင့်မပြုတာ’’ ဟု လိုင်လင်းပီမြို့သို့ ဆန်ဝယ်ရန် သွားရောက်သည့်အဖွဲ့တွင်ပါဝင်သော နောက်ထပ်ဒေသခံတစ်ဦးကပြောသည်။

ရှင်းလက်ဝကျေးရွာတွင် အခြေစိုက်သည့် စစ်တပ်သည် ဆန်၊ ဆီ၊ ဆား အပြင် လောင်စာဆီများကိုလည်း စီးပွားဖြစ် ရောင်းချနေသည်ဟု အမည်မဖော်လိုသူ ရှင်းလက်ဝရွာသားတစ်ဦးကပြောသည်။  

“အဲဒီမှာရှိတဲ့ တပ်က ဓာတ်ဆီတို့၊ ဆန်တို့၊ ဆီတို့ရောင်းတယ်၊ ဆန်ဆိုရင်လည်း တစ်အိတ်ကို ကျပ် (၆၂၀ဝ၀) နဲ့ရောင်း တယ်၊ ဓါတ်ဆီဆိုရင်လည်း တစ်ဂါလံကို ကျပ် ၈ ထောင်၊ တစ်သောင်း အဲလိုရောင်းတယ် တချိူ့ဆိုင်တွေက ၆ ထောင် လောက်နဲ့ရောင်းရင်တောင် မရောင်းနဲ့ဆိုပြီးပြောတယ်၊ အဲဒါကျနော်တို့တော်တော်ဒုက္ခရောက်တယ်၊ စစ်တပ်ဆိုတာ စီးပွားရေးလုပ်ဖို့လာတာမဟုတ်ဘူး၊ စစ်တိုက်ဖို့ ပြည်သူလူထုကို ကာကွယ်ဖို့လာတာမဟုတ်ဘူးလား၊ အေအေက နှိပ်စက်လိုက်၊ စစ်တပ်ကနှိပ်စက်လိုက်၊ ပြည်သူတွေက ဒုက္ခရောက်နေပြီ’’ ဟု ရှင်းလက်ဝဒေသခံကပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်ကတော့ တပ်အနေဖြင့် ဆန်သယ်ခွင့်ပိတ်ပင်ရခြင်းသည် ရက္ခိုင့်တပ်တော် (AA) လက်ထဲဆန်ရောက်သွားမှာကို စိုးရိမ်မှုရှိသည်ကတစ်ပိုင်း၊ လိုင်လင်းပီ၊ ပခုက္ကူဘက်တွင် ဈေးနှုန်းသက်သက်သာသာနှင့် ဒေသခံများက ဆန်ဝယ်ယူကာ သယ်ယူသော်လည်း ဈေးနှုန်းအဆမတန်မြှင့်တင်ပြီး ပြန်လည်ရောင်းချမှုများရှိနေသည့်အတွက်ကြောင့်ဖြစ်သည်ဟု ပြောသည်။

“တပ်ကတော့ နှစ်ပိုင်းရှိတာပေါ့နော်၊ ဆန်သယ်လို့ရှိရင် အဲဒီဆန်တွေက AA ဆီရောက်သွားမှာဆိုတာတစ်ပိုင်း၊ လိုင်းလင်ပီမှာဖြစ်ဖြစ် ပခုက္ကူမှာဖြစ်ဖြစ် ဈေးသက်သက်သာသာနဲ့ရတယ်ဆိုပေမယ့် သူတို့လည်း ကျပ် ၇ သောင်း/၈ သောင်းနဲ့ ပြန်ရောင်းတယ်၊ အဲလိုဖြစ်နေတာ၊ တကယ့်ဒေသခံတွေ စားဖို့အတွက်ကိုရည်စူးတာမဟုတ်ဘူး၊ အမြတ်နဲ့ရောင်းစားဖို့ ရည်စူးချက်တွေ ရှိတယ်၊ အဲဒါကို တပ်ကလည်းသိတော့ တားတာ၊ တပ်ကလည်း ၆ သောင်းနဲ့ရောင်းတာ၊ တကယ်က တပ်ကလည်း အဲလောက်မတင်သင့်ဘူး၊ ဒေသခံလူကြီးတွေက ကိုယ့်ဒေသကလူတွေ စားဖို့အတွက်ကို တကယ်ကိုသယ်တာဆိုရင်တော့ ကျနော်တို့ပြောပေးမယ် အဲဒီတပ်ကို အဲလိုမဟုတ်ဘဲနဲ့ သူတို့ကိုယ်တိုင်လည်း စီးပွားရေးအရ ရောင်းစားဖို့လုပ်နေတယ်ဆိုပြီး တပ်ကလည်းစွပ်စွဲတယ်၊ တပ်ကလည်း သူတို့ရဲ့ရိက္ခာအပိုအလျှံကို ရောင်းစားချင်တယ်၊ တစ်အိတ် ၆ သောင်းနဲ့ သူတို့ကလည်း ဈေးသက်သာသာနဲ့ယူပြီးတော့မှ ၇ သောင်း၊ ၈ သောင်းနဲ့ရောင်းနေကြတယ်၊ ဒီလိုတွေရှုတ်ထွေးနေတာ’’ ဟု ပြောသည်။

ယခုလက်ရှိတွင် ကျောက်တော်-ပလက်ဝ ရေလမ်း/ကုန်းလမ်းပြတ်တောက်နေသည့်အတွက် မတူပီ-ဆမီး-ပလက်ဝ လမ်းကိုအသုံးပြု၍ ပလက်ဝမြို့နယ်သို့ ရိက္ခာများပို့ဆောင်ရန်စီစဉ်နေသော်လည်း ဆမီးအထိသာ ရောက်နိုင်ပြီး ဆမီးမှ ပလက်ဝအထိ အရောက်ပို့ရန် လုံခြုံရေးအရ အခက်အခဲဖြစ်နေသည်ဟု ဝန်ကြီးကဆက်ပြောသည်။

ထို့ကြောင့် ချင်းပြည်နယ်အစိုးရအနေဖြင့် လိုင်လင်းပီနှင့် ရှင်းလက်ဝကျေးရွာအကြား လမ်းကြောင်းကို ကုန်တင်ကားသွားနိုင်ရန် အရေးပေါ်ဖေါက်လုပ်ကာ ယခုအခါ ကားသွားနိုင်ပြီဖြစ်သည်။

ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံပြ ည်သူများအတွက် သီတဂူဆရာတော်မှ လှူဒါန်းသည့် ဆန်အိတ် ၆၇၀ အနက် အိတ် ၂၇၀ သည်လည်း လိုင်လင်းပီ မှတဆင့် ရှင်းလက်ဝသို့ရောက်ရှိပြီဖြစ်ကြောင်း၊ ကုလားတန်မြစ်အထက်ပိုင်းတွင်ရှိသည့် ဒေသခံပြည်သူများအား အခမဲ့ဖြင့် ခွဲဝေပေးမည်ဖြစ်ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.