• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့် (၂) လ ထပ်တိုး

ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့် (၂) လ ထပ်တိုး

0
By Editor on January 10, 2020 Headline

By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် နယ်မြေလုံခြုံရေး တည်ငြိမ်အေးချမ်းမှု မရှိသေးဟုဆိုကာ ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ (၁၄၄) ညမထွက်ရအမိန့်ကို (၂) လ ထပ်တိုးလိုက်သည်ဟု ဇန်န၀ါရီလ (၉) ရက်နေ့က ပလက်ဝမြို့နယ်အုပ်ချူပ်ရေးမှူးက ထုတ်ပြန်လိုက်သည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့တို့ စစ်မက်ဖြစ်ပွားရာဒေသ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကစ၍ ညမထွက်ရအမိန့်ကို (၂) လတိတိထုတ်ပြန်ခဲ့ပြီး ဇန်န၀ါရီလ (၉) ရက်နေ့က သက်တမ်းကုန်ဆုံးခဲ့သည်။

သို့သော်လည်း ပလက်ဝမြို့နယ်၏ နယ်မြေလုံခြုံရေးအခြေအနေသည် တည်ငြိမ်အေးချမ်းမှု မရှိသေးသည့်အတွက် ညမထွက်ရအမိန့်ကို ဇန်န၀ါရီလ (၉) ရက်နေ့ကစ၍ (၂) လအထိ ထပ်မံထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

၎င်းအမိန့်ထုတ်ပြန်ချက်အရ ပလက်ဝမြို့နယ်အတွင်း မည်သူမဆို ည (၆) နာရီမှ နံနက် (၆) နာရီအတွင်း အမိန့်တစ်စုံတရာမရှိဘဲ လုံခြုံရေးတာဝန်ရှိသူမှအပ သွားလာလှုပ်ရှားခြင်းမပြုကြောင်း ပလက်ဝမြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အဦးနေရာများတွင် ဆူပူလှုံ့ဆောင်လိုသောရည်ရွက်ချက်ဖြင့်ဖြစ်စေ၊ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်လိုသောရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ လူ (၅) ဦးသို့မဟုတ် (၅) ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်ပြုခြင်းတို့ကို မပြုလုပ်ရန်အကယ်၍ အဆိုပါတားမြစ်ချက်များကို ကျူးလွန်ဖောက်ဖျက်ပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်မည်ဟု ပါရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

မိုခါမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများအတွက် KIO က ကျပ်သိန်း ၂၀၀၀ လှူဒါန်း

ချင်းပြည်နယ်တွင် ကျောင်းပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ပြီး ကျောင်းတက်သူဦးရေ ၃၅၀၀၀ ကျော်ရှိ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.