• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်တွင် အမျိုသမီးတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေ

ပလက်ဝမြို့နယ်တွင် အမျိုသမီးတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေ

0
By Editor on January 21, 2020 Headline

By လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ငရှားကျေးရွာနေ အမျိုးသမီးတစ်ဦးသည် ဇန်န၀ါရီလ (၁၇) ရက်နေ့က တောင်ယာသွားနေစဉ် မြေမြုပ်မိုင်းနင်းမိရာ ညာဖက်ခြေသလုံးဒဏ်ရာရရှိပြီး ရခိုင်ပြည်နယ်၊ စစ်တွေဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသည်ဟု သိရသည်။

ပလက်ဝမြို့မှမြောက်ပိုင်း မိုင် (၂၀) လောက်ကွာဝေးတဲ့ ငရှားကျေးရွာနေ အဘ ဦးအောင်ဝင်း၏သမီး အသက် (၂၂) အရွယ်ရှိ မခင်လုံးသည် ဇန်န၀ါရီလ (၁၇) ရက်နေ့ မနက်ပိုင်းတွင် တောင်ယာသို့ စပါးထမ်းသွားနေစဉ် မြေမြုပ်မိုင်း နင်းမိခဲ့ခြင်းဖြစ်သည်ဟု ပလက်ဝမြို့မှ ဒေသခံတစ်ဦးကပြောသည်။

“သူက တောထဲတောင်ယာစပါးထမ်းဖို့သွားတာပေါ့ အဲဒီမှာနင်းမိတာ သူ့ဒဏ်ရာကြောင့် အခုစစ်တွေဆေးရုံပို့ လိုက်တယ် ဆေးကုသမှုခံနေပြီ” ပလက်ဝဒေသခံကပြောသည်။

မခင်းလုံး၏ မိခင် ဒေါ်ဟွေ့တင်သည်လည် ယခုလ (၇) ရက်နေ့က တောထဲသွားရာကနေ မြေမြုပ်မိုင်းနင်းမိ၍ ညာဖက်ခြေထောက်နှင့်မျက်နှာတွင် ဒက်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေအနေပြင်းထန်သည့်အတွက် ပလက်ဝဆေးရုံမှာ မကုသနိုင်ဘဲ စစ်တွေဆေးရုံသို့ ပို့ဆောင်က ယခုစစ်တွေဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေလျှက်ရှိသည့်အချိန်တွင် သမီးဖြစ်သူလည်း မြေမြုပ်မိုင်းနင်းမိသည့်အဖြစ်နှင့်ကြုံတွေ့ခဲ့ကြရခြင်းဖြစ်သည်။

မခင်လုံးတို့မိသားစုသည် တောင်သူလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်နေကြပြီး ငွေရေးကြီးအခက်အခဲရှိခြင်းကြောင့် အမေဖြစ်သူအား ဆေးဝါးကုသရာတွင်လည်း အလှူရှင်များထံ၏ အကူအညီဖြင့် ကုသနေရပြီး နောက်ထပ်သမီးဖြစ်သူမှာလည်း မြေမြုပ်မိုင်းထိမှန်ခြင်းကြောင့် ငွေကြေးမှာလည်း ပိုပြီး ခက်ခဲလာနေရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ထားသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်ချက်အရ ပလက်ဝမြို့နယ်တွင် မြေမြုပ်မိုင်းနင်းမိခြင်းကြောင့် လူ (၈) ဦး ထိခိုက်မှုရှိနေပြီဖြစ်ကာ လူ (၃) ဦးမှာသေဆုံးနေပြီဖြစ်ပြီး (၅) ဦးမှာ ဒဏ်ရာရရှိနေသူများဖြစ်ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဟုဆို

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရနိုင်၍ သေဆုံးမှုများရှိလာ

ချင်းပြည်သူများ ဘယ်နိုင်ငံပဲရောက်ရောက် တော်လှန်ရေးနှင့် ချင်းစိတ်ဓါတ်ကို မမေ့ကြရန် ဒေါက်တာ ဆာဆာ ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.