Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက္၀-ေက်ာက္ေတာ္ လိုင္းဆြဲစက္ေလွမ်ားမေျပးဆြဲရဲေသး၊ စားနပ္ရိကၡာမ်ားျပတ္လပ္

ပလက္၀-ေက်ာက္ေတာ္ လိုင္းဆြဲစက္ေလွမ်ားမေျပးဆြဲရဲေသး၊ စားနပ္ရိကၡာမ်ားျပတ္လပ္

0
By Editor on February 25, 2020 Headline

Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕ႏွင့္ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕အၾကား စက္ေလွေျပးဆြဲမႈ ရပ္ဆိုင္းေနေသးသည့္အတြက္ ကုန္စည္စီးဆင္းမႈမရွိေသာေၾကာင့္ အေျခခံစားေသာက္ကုန္မ်ားျဖစ္သည့္ ဆန္၊ ဆီ၊ ဆားႏွင့္ ေလာင္စာဆီစသည့္ စားနပ္ရိကၡာမ်ား ျပတ္လပ္မည့္အေျခအေနႏွင့္ ရင္ဆိုင္ေနၾကရသည္ဟု သိရသည္။

“ပိုက္ဆံရိွရင္ေတာင္မွ ၀ယ္လို႔မွမရတာ၊ အဲဒီေတာ့ အဆင္ေျပသလို ဒီလိုပဲေနေနရတာ၊ လမ္းေၾကာင္းကလည္း ပိတ္တာေတာ့မဟုတ္ဘူး၊ ေၾကာက္လို႔မသြားရဲၾကတာ၊ အေနအထားက အဲလိုျဖစ္ေတာ့ ဆန္ေတြကလည္း အခုဒီမွာ မေရာက္ႏိုင္ေသးဘူး၊ စည္ပင္ေစ်းမွာ တရား၀င္ေရာင္းတဲ့သူေတြက အကုန္ပိတ္ေနေတာ့ ေစ်းႏႈန္းကေတာ့ ဘယ္လိုရိွလဲေျပာလို႔မရဘူး၊ ဒါေပမဲ့ အဆင္ေျပတဲ့ေနရာမွာ ရိွတဲ့လူဆီကေန အကူအညီေတာင္းျပီးမွ ၀ယ္ရတဲ့အေနအထားျဖစ္တယ္” ဟု ပလက္၀ေဒသခံ ပရဟိတအဖြဲ႕၀င္တစ္ဦးကေျပာသည္။

ပလက္၀ၿမိဳ႕ေပၚတြင္ ဆန္ေရာင္းသည့္ဆိုင္ အနည္းဆံုး (၁၀) ဆိုင္ခန္႔ရွိၿပီး ေရာင္းစရာဆန္မရွိသည့္အတြက္ ဆိုင္ပိတ္ထားၾကသည္ဟု သူကဆက္ေျပာသည္။

ခ်င္းျပည္နယ္ေတာင္ပိုင္း၊ ပလက္၀ျမိဳ႕နယ္ ေဒသခံျပည္သူမ်ားသည္ အေျခခံစားေသာက္ကုန္မ်ားျဖစ္သည့္ ဆန္၊ ဆီ၊ ဆားႏွင့္ ေလာင္စာဆီမ်ားကို ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ဘက္မွ အဓိက သယ္ယူေလ့ရွိၾကသည္။

သို႔ေသာ္လည္း ၿပီးခဲ့သည့္ ေဖေဖာ္၀ါရီလဆန္းပိုင္းကစ၍ ပလက္၀ႏွင့္ ေက်ာက္ေတာ္ၿမိဳ႕အၾကားတြင္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔ တိုက္ပြဲျဖစ္ပြားမႈ ပိုမိုျပင္းထန္လာသည့္အတြက္ ကုလားတန္ျမစ္ေၾကာင္းအတိုင္း ေျပးဆြဲေနၾကသည့္ လိုင္းဆြဲစက္ေလွမ်ားေျပးဆြဲမႈ ရပ္တန္႔ခဲ့ၾကရသည္။

ပလက္၀ႏွင့္ ေက်ာက္ေတာ္ၿမိဳ႕အၾကားတြင္ ျမန္မာ့တပ္မေတာ္မွ ေသနတ္ပစ္ေဖာက္ၿပီး စစ္ေဆးမႈမ်ားရွိေနသည့္အတြက္ ခရီးသည္မ်ားႏွင့္ စက္ေလွမ်ား မသြားရဲရျခင္းျဖစ္သည္ဟု ပလက္၀ေဒသခံ စက္ေလွပိုင္ရွင္တစ္ဦးကေျပာသည္။

“ဒီက်ေနာ္တို႔တက္လာတုန္းက အစစ္ေဆးေတြရိွတယ္၊ တပ္မေတာ္ဘက္က ဒီေရွ႕တန္း စစ္ေၾကာင္းေတြက တင္းမရြာေအာက္က စစ္ေဆးတဲ့ဟာေတြရိွတာေပ့ါေနာ္၊ အဲဒါနဲ႔ ခရီးသည္ေတြကလည္း ေၾကာက္ျပီးမွ ဟိုဘက္ကလည္း အတက္မရိွဘူး၊ ဒီဖက္ကတက္တာလည္းမရိွဘူးဆိုေတာ့ က်ေနာ္တို႔က မထြက္ျဖစ္ဘူး၊ ပလက္၀နဲ႔ ေက်ာက္ေတာ္ၾကားမွာ ေရွ႕တန္းထြက္တဲ့စစ္သားေတြက ေသနတ္နဲ႔ပစ္တာေတြ အဲဒါမ်ိဳးေတြရိွလို႔ပါ၊ က်ေနာ္တို႔ ခရီးသည္စီးတဲ့ စက္ေလွေတြကို ပစ္တယ္၊ ပစ္ျပီးမွ တားဆီးတာ၊ ဒါေၾကာင့္ က်ေနာ္တို႔ကလည္း မသြားရဲတာ” ဟု စက္ေလွပိုင္ရွင္ကေျပာသည္။

လိုင္းဆြဲစက္ေလမ်ား ဆက္လက္ရပ္ဆိုင္းျပီး ေက်ာက္ေတာ္ဘက္မွ အေျခခံစားေသာက္ကုန္မ်ား မသယ္ယူႏုိင္ပါက ပလက္၀ျမိဳ႕နယ္တြင္ ကုန္ေစ်းႏႈန္းမ်ား ယခင္ထက္ပိုမိုေစ်းတက္လာမည္ကို ေဒသခံမ်ားစိုးရိမ္ေနၾကသည္။

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တို႔အၾကား တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ပလက္၀ျမိဳ႕တြင္ ညမထြက္ရအမိန္႔ ထုတ္ျပန္ထားသည့္အျပင္ ရခိုင္ျပည္နယ္ (၈) ၿမိဳ႕နယ္ႏွင့္ ပလက္၀ၿမိဳ႕နယ္တြင္ အင္တာနက္လိုင္းမ်ားမွာလည္း ဆက္သြယ္ေရး၀န္ၾကီးဌာနမွ ေဖေဖာ္၀ါရီ (၃) ရက္မွစ၍ ျဖတ္ေတာက္ထားသည္။

ယင္းကဲ့သို႔ျဖတ္ေတာက္ထားသည့္ကိစၥႏွင့္ပတ္သက္၍ ၿပီးခဲ့သည့္ ေဖေဖာ္၀ါရီလ (၁၃) ရက္ေန႔က ASEAN Parliamentarians for Human Rights အဖြဲ႔အပါအ၀င္ အဖြဲ႔အစည္းေပါင္း (၂၉) ဖြဲ႔က ေၾကညာခ်က္ထုတ္ျပန္ၿပီး ျမန္မာအစိုးရအေနျဖင့္ အင္တာနက္လိုင္းမ်ားခ်က္ခ်င္းျပန္ဖြင့္ေပးရန္ ေတာင္းဆိုခဲ့ၾကသည္။

အလားတူ ေဖေဖာ္၀ါရီလ (၁၄) ရက္ေန႔ကလည္း ျမန္မာႏိုင္ငံဆိုင္ရာ ကေနဒါသံရံုးက ေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္ကာ ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္တြင္ အင္တာနက္လိုင္းမ်ား ပိတ္ဆို႔ခံထားရေသာ ၿမိဳ႕နယ္မ်ားအားလံုးကို အင္တာနက္ျပန္လည္ဖြင့္ေပးရန္ႏွင့္ ႏုိင္ငံသားမ်ား၏ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးရန္ လူသားခ်င္းစာနာမႈအကူအညီေပးႏုိင္ေရးအတြက္ အကန္႔အသတ္မရွိ သြားလာခြင့္ျပဳရန္ ျမန္မာအစိုးရကို တိုက္တြန္းေတာင္းဆိုခဲ့သည္။

Unicode

By လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အကြား စက်လှေပြေးဆွဲမှု ရပ်ဆိုင်းနေသေးသည့်အတွက် ကုန်စည်စီးဆင်းမှုမရှိသောကြောင့် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆားနှင့် လောင်စာဆီစသည့် စားနပ်ရိက္ခာများ ပြတ်လပ်မည့်အခြေအနေနှင့် ရင်ဆိုင်နေကြရသည်ဟု သိရသည်။

“ပိုက်ဆံရှိရင်တောင်မှ ဝယ်လို့မှမရတာ၊ အဲဒီတော့ အဆင်ပြေသလို ဒီလိုပဲနေနေရတာ၊ လမ်းကြောင်းကလည်း ပိတ်တာတော့မဟုတ်ဘူး၊ ကြောက်လို့မသွားရဲကြတာ၊ အနေအထားက အဲလိုဖြစ်တော့ ဆန်တွေကလည်း အခုဒီမှာ မရောက်နိုင်သေးဘူး၊ စည်ပင်ဈေးမှာ တရားဝင်ရောင်းတဲ့သူတွေက အကုန်ပိတ်နေတော့ ဈေးနှုန်းကတော့ ဘယ်လိုရှိလဲပြောလို့မရဘူး၊ ဒါပေမဲ့ အဆင်ပြေတဲ့နေရာမှာ ရှိတဲ့လူဆီကနေ အကူအညီတောင်းပြီးမှ ဝယ်ရတဲ့အနေအထားဖြစ်တယ်” ဟု ပလက်ဝဒေသခံ ပရဟိတအဖွဲ့ဝင်တစ်ဦးကပြောသည်။

ပလက်ဝမြို့ပေါ်တွင် ဆန်ရောင်းသည့်ဆိုင် အနည်းဆုံး (၁၀) ဆိုင်ခန့်ရှိပြီး ရောင်းစရာဆန်မရှိသည့်အတွက် ဆိုင်ပိတ်ထားကြသည်ဟု သူကဆက်ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ် ဒေသခံပြည်သူများသည် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆားနှင့် လောင်စာဆီများကို ရခိုင်ပြည်နယ်၊ ကျောက်တော်ဘက်မှ အဓိက သယ်ယူလေ့ရှိကြသည်။

သို့သော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းကစ၍ ပလက်ဝနှင့် ကျောက်တော်မြို့အကြားတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားမှု ပိုမိုပြင်းထန်လာသည့်အတွက် ကုလားတန်မြစ်ကြောင်းအတိုင်း ပြေးဆွဲနေကြသည့် လိုင်းဆွဲစက်လှေများပြေးဆွဲမှု ရပ်တန့်ခဲ့ကြရသည်။

ပလက်ဝနှင့် ကျောက်တော်မြို့အကြားတွင် မြန်မာ့တပ်မတော်မှ သေနတ်ပစ်ဖောက်ပြီး စစ်ဆေးမှုများရှိနေသည့်အတွက် ခရီးသည်များနှင့် စက်လှေများ မသွားရဲရခြင်းဖြစ်သည်ဟု ပလက်ဝဒေသခံ စက်လှေပိုင်ရှင်တစ်ဦးကပြောသည်။

“ဒီကျနော်တို့တက်လာတုန်းက အစစ်ဆေးတွေရှိတယ်၊ တပ်မတော်ဘက်က ဒီရှေ့တန်း စစ်ကြောင်းတွေက တင်းမရွာအောက်က စစ်ဆေးတဲ့ဟာတွေရှိတာပေါ့နော်၊ အဲဒါနဲ့ ခရီးသည်တွေကလည်း ကြောက်ပြီးမှ ဟိုဘက်ကလည်း အတက်မရှိဘူး၊ ဒီဖက်ကတက်တာလည်းမရှိဘူးဆိုတော့ ကျနော်တို့က မထွက်ဖြစ်ဘူး၊ ပလက်ဝနဲ့ ကျောက်တော်ကြားမှာ ရှေ့တန်းထွက်တဲ့စစ်သားတွေက သေနတ်နဲ့ပစ်တာတွေ အဲဒါမျိုးတွေရှိလို့ပါ၊ ကျနော်တို့ ခရီးသည်စီးတဲ့ စက်လှေတွေကို ပစ်တယ်၊ ပစ်ပြီးမှ တားဆီးတာ၊ ဒါကြောင့် ကျနော်တို့ကလည်း မသွားရဲတာ” ဟု စက်လှေပိုင်ရှင်ကပြောသည်။

လိုင်းဆွဲစက်လေများ ဆက်လက်ရပ်ဆိုင်းပြီး ကျောက်တော်ဘက်မှ အခြေခံစားသောက်ကုန်များ မသယ်ယူနိုင်ပါက ပလက်ဝမြို့နယ်တွင် ကုန်ဈေးနှုန်းများ ယခင်ထက်ပိုမိုဈေးတက်လာမည်ကို ဒေသခံများစိုးရိမ်နေကြသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အပြင် ရခိုင်ပြည်နယ် (၈) မြို့နယ်နှင့် ပလက်ဝမြို့နယ်တွင် အင်တာနက်လိုင်းများမှာလည်း ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ (၃) ရက်မှစ၍ ဖြတ်တောက်ထားသည်။

ယင်းကဲ့သို့ဖြတ်တောက်ထားသည့်ကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၃) ရက်နေ့က ASEAN Parliamentarians for Human Rights အဖွဲ့အပါအဝင် အဖွဲ့အစည်းပေါင်း (၂၉) ဖွဲ့က ကြေညာချက်ထုတ်ပြန်ပြီး မြန်မာအစိုးရအနေဖြင့် အင်တာနက်လိုင်းများချက်ချင်းပြန်ဖွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။

အလားတူ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ကလည်း မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် အင်တာနက်လိုင်းများ ပိတ်ဆို့ခံထားရသော မြို့နယ်များအားလုံးကို အင်တာနက်ပြန်လည်ဖွင့်ပေးရန်နှင့် နိုင်ငံသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေးအတွက် အကန့်အသတ်မရှိ သွားလာခွင့်ပြုရန် မြန်မာအစိုးရကို တိုက်တွန်းတောင်းဆိုခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.