• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝတွင် အဖမ်းခံရသည့် ချင်းလူငယ် ၅ ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့်အမှုဖွင့်ပြီး စစ်တွေကို ပို့ဆောင်

ပလက်ဝတွင် အဖမ်းခံရသည့် ချင်းလူငယ် ၅ ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့်အမှုဖွင့်ပြီး စစ်တွေကို ပို့ဆောင်

0
By Editor on June 21, 2021 Headline
ချင်းပြည်နယ် ပလက်ဝမြို့တွင် အဖမ်းခံရသည့် ချင်းလူငယ် ၅ ဦးကို အာဏာသိမ်းစစ်ကောင်စီက ပုမ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ကာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ယမန်နေ့ (ဇွန်လ ၁၈) ရက်က ပို့ဆောင်လိုက်ပြီဟု စုံစမ်းသိရှိရသည်။
ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းများတွင်အလုပ်လုပ်ကိုင်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၃ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ၅ ဦးမှာ ဇွန်လ ၁၇ ရက်နေ့က ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်ည်။
အဆိုပါ ချင်းလူငယ် (၅) ဦးမှာ ကိုအိုက်မင်း (အဆိုတော်)၊ အိုက်ထွန်းမင်း (ကုမ္ပဏီ)၊ အိုက်ထွန်းမင်း (သစ်တော)၊ ကိုအောင်ထွန်းစိုး (ခ) အာလူး နှင့် အဂ္ဂပေလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးရာကျော်တို့ဖြစ်ကြပြီး ၎င်းတို့ ၅ ဦးကို ပလက်မြို့ရဲစခန်းမှ ဇွန်လ ၁၇ ရက်နေ့က ခမရ (၅၁၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နေလင်းအောင်က ခလရ (၂၈၉) တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ထို့နောက် ဇွန်လ ၁၈ ရက်နေ့တွင် ရခိုင်ပြည်နယ်စစ်တွေမြို့သို့ ပို့ဆောင်ကာ ရဲစခန်းသို့မအပ်သေးပဲ စစ်တပ်က ထိန်းသိမ်းထားဆဲဟု ၎င်းတို့နှင့်နီးစပ်သည့်သတင်းရပ်ကွက်ထံမှသိရသည်။
“သူတို့ ၅ ဦးကို ၁၇ ရက်နေ့က ၂၈၉ တပ်မှ တစ်ညအိမ်ခိုင်းပြီး နောက်တစ်နေ့ကို စစ်တွေကိုတန်းပို့လိုက်တာ၊ ခုထိ ရဲလက်ထဲတော့မရောက်သေးဘူး စစ်တပ်လက်ထဲမှာပဲရှိနေကြသေးတယ်’’ ဟု ၎င်းတို့နှင့်နီးစပ်သူ တစ်ဦးကပြောသည်။
၎င်းတို့ ၅ ဦးသည် မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ရန်အတွက် အလှူငွေကောက်ခံပြီး ရရှိသောငွေကျပ်(၂၂၄၀၀၀၀) သိန်းကို ပလက်ဝမြို့မြန်မာ့စီးပွားရေးဘဏ်မှတဆင့် မင်းတပ်မြို့ မြန်မာ့စီးပွားရေးဘဏ်သို့ လွှဲအပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိသည့်အတွက်ကြောင့်ဟုဆိုကာ ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံရခြင်းဖြစ်သည်ဟု ၎င်း တို့နှင့်နီးစပ်သည့်သတင်းရပ်ကွက်ထံမှသိရသည်။
လာမည့် ဇွန်လ ၃၀ ရက်နေ့တွင် အမှုထပ်မံစစ်ဆေးရန် ရုံးပြန်ချိန်းသည်ဟု သိရသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.