• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝဒေသခံ ၁၅ ဦးထက်မနည်းကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးထားဟု IKACC ပြော

ပလက်ဝဒေသခံ ၁၅ ဦးထက်မနည်းကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးထားဟု IKACC ပြော

0
By Editor on July 10, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့်ဇွန်လအတွင်းမှာ ဒေသခံ ချင်းလူမျိုး ၁၅ ဦးထက်မနည်းကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (IKACC) က ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်သည်။

ပလက်ဝမြို့နယ် ကုလားတန်မြစ်အနောက်ဘက် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့များ လှုပ်ရှားရာနယ်မြေအတွင်းရှိ ကျေးရွာ ၅ ရွာခန့်က ဒေသခံအရပ်သားပြည်သူ ၁၅ ဦးထက်မနည်းကို AA က ဇွန်လအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့ချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း IKACC က တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျနော်တို့မြေပြင်သတင်းအရ AA ကနေ ဖမ်းတာ ၁၅ ဦးလောက်ရှိတယ်လို့သိရတယ်၊ သူတို့ (AA) ကို အနှောက်အယှက်ပေးလို့ ဖမ်းခံရတာလားဆိုတာတော့ တိတိကျကျမသိရဘူး ဒါပေမယ့် ကျနော်တို့ နားလည်ထားတာကတော့ အခုအဖမ်းခံရတဲ့သူတွေဟာ သာမန်အရပ်သားပြည်သူတွေဖြစ်တယ်လို့ သိရတယ်” ဟု IKACC ကတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အဖမ်းခံရသူများသည် သာမန် ရပ်သူရပ်သားအရပ်သားများသာဖြစ်ပြီး ရက္ခိုင့်တပ်တော်က ခေါ်ယူထိန်းသိမ်းစစ်ဆေးမှု ပြုလုပ်ရသည်အထိ ဆောင်ရွက်ရန် လိုအပ်သူများမဟုတ်ကြောင်း IKACC က ဆိုပါသည်။

ပလက်ဝမြို့နယ်အတွင်းရှိ ချင်းလူမျိူးအပါအဝင် ဒေသခံပြည်သူများအား ရက္ခိုင့်တပ်တော် (AA) က ခေါ်ယူထိန်းသိမ်းမှု ပြုလုပ်ခြင်းသည် ဒေသတွင်း အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရာ၌ မလိုလားအပ်သော နားလည်မှုလွှဲမှာခြင်းမျိုး ထပ်မံပေါ်ပေါက်လာနိုင်သဖြင့် ခေါ်ယူထိန်းသိမ်းထားသည့် ပြည်သူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် IKACC က တောင်းဆိုထားသည်။

“သူတို့ (AA) ကလည်း တော်လှန်ရေးလုပ်တယ်ဆိုတော့ အဖမ်းဆီးတွေရှိတယ်ဆိုပေမယ့် စစ်ဆေးမေးမြန်းပြီးမှ လိုအပ်တဲ့ သိချင်တဲ့ဟာ မေးမြန်းပြီးရင်တော့ ပြန်လည်လွှတ်ပေးဖို့ကောင်းပါတယ်၊ အဲလိုမျိုးမဟုတ်ဘဲနဲ့ ရေရှည်မှာဆိုရင်တော့ တိုင်းရင်းသား တမျိုးနဲ့တမျိုးကြားမှာ တော်လှန်ရေးကာလမှာ စိတ်ဝမ်းကွဲစရာဖြစ်လာမှာကို စိုးရိမ်ပါတယ်၊ အချင်းချင်း အပြန်အလှန်လေးစားမှုနဲ့ သူတို့မြေပြင်မှာ စစ်ရေးအရဆိုတဲ့ဟာရှိကောင်းရှိမယ် ဒါပေမယ့် မေးမြန်းစစ်ဆေးပြီးရင်တော့ အထိခိုက်မရှိ ပြန်လည်လွှတ်ပေးတယ်ဆိုရင် ကောင်းပါတယ် သို့တည်းမဟုတ် အဲလိုမျိုး ခဏခဏလုပ်မယ်ဆိုရင် ရေရှည်မှာ တိုင်းရင်းသားတစ်ခုနဲ့တစ်ခုကြားမှာ အပြန်အလှန် နားလည်မှုလွဲမှာ သဘောထားကွဲမှာကို မဖြစ်ချင်ဘူး” ဟု IKACC မှ တာဝန်ရှိသူကပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA) ပြေရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဖုန်းဖြင့်ဆက်မေးမြန်းရန် ကြိုစားခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့်မေလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်နှင့် AA တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးအခြေအနေ တင်းမာလျှက်ရှိကာ စစ်ကောင်စီဘက်ကလည်း ဒေသခံပြည်သူများအား ဖမ်းဆီးထိန်းသိမ်းမှုများရှိနေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

မိုခါမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများအတွက် KIO က ကျပ်သိန်း ၂၀၀၀ လှူဒါန်း

ချင်းပြည်နယ်တွင် ကျောင်းပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ပြီး ကျောင်းတက်သူဦးရေ ၃၅၀၀၀ ကျော်ရှိ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.