Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့ကို စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုများရှိဟု ဆို
Photo- We Love Paletwa

ပလက်ဝမြို့ကို စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုများရှိဟု ဆို

0
By Editor on September 29, 2025 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ကို ယနေ့ နေ့လည်ပိုင်းက စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံးများ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်း ထန်ထန်ပြုလုပ်သွားသည်ဟု ပလက်ဝဒေသခံတချို့ထံမှ သိရသည်။

ယနေ့စက်တင်ဘာလ ၂၉ ရက် နေ့လည်ပိုင်းတွင် စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာဖြင့် ပလက်ဝမြို့ကို ပေါင် ၅၀၀ ဗုံး ၃ လုံး ဖြင့် ကြဲချတိုက်ခိုက်ရာ ပလက်ဝဆေးရုံးအနီးမှာ ၁ လုံး ကျရောက်ပေါက်ကွဲပြီး ၂ လုံးမှာ မြို့ပြင်ဘက် ကျရောက်သည်ဟု သိရ သည်။

“ပလက်ဝမြို့ပေါ်ကို ပေါင် ၅၀၀ ဗုံး ၃ လုံးကြဲချတာပါ။ တစ်လုံးက မြို့ထဲ ဆေးရုံးနားမှာ ကျတယ်၊၊ နှစ်လုံးကတော့ မြို့ပြင်ဘက် အနီးမှာ ကျတယ်။ ထိခိုက်မှု အခြေအနေကတော့ အခုက ကျနော်လည်း ဘာမှ မသိရသေးဘူး” ဟု ပလက်ဝ ဒေသခံတဦးက ပြောသည်။

ပလက်ဝမြို့ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှု အခြေအနေများကို ဆက်လက်မေးမြန်းနေဆဲဖြစ်သည်။

ရခိုင်သတင်းဌာန DMG ကတော့ ပလက်ဝကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကနဦးသတင်းအရ ဒေသခံ ၂ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု ရေးသားဖော်ပြသည်။

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ကို အာရက္ခတပ်တော် ULA/ AA က ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်ကာ ထိန်းချုပ်ထာသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တစ်လဝန်းကျင်ကြာ သိုင်းငင်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် Ruan ကျေးရွာက နေအိမ် ၄ လုံး ထပ်မံပျက်စီး

တီးတိန်မြို့အဝင်က စစ်ကော်မရှင်စခန်းတစ်ခုကို ချင်းညီနောင် တိုက်ခိုက်၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.