• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၁၂၂ ဦး ကုသမှုခံယူလျက်ရှိ

ပလက်ဝမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၁၂၂ ဦး ကုသမှုခံယူလျက်ရှိ

0
By Editor on July 23, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်မားလျှက်ရှိပြီး ဇူလိုင် (၁) ရက်နေ့မှ ဇူလိုင်လ (၂၂) နေ့အထိ ပိုးတွေ့လူနာ (၁၆၇) ဦးအထိရှိခဲ့ပြီး ယခုလက်ရှိ ကုသမှုခံယူနေသူ (၁၂၂) ဦးရှိသည်ဟု ပလက်ဝမြို့ ပြည်သူ့ဆေးရုံမှ ဒေါက်တာခိုင်ဝင်းကပြောသည်။

“ဒီနေ့က ဆေးရုံဆင်းတာက (၆) ယောက်ရှိတယ်၊ လက်ရှိကုသဆဲက (၁၂၂) ယောက်ရှိတယ်၊ ပိုးတွေ့လူနာတွေမှာ သူတို့အခက်အခဲတွေ့တာကတော့ သူတို့အစားအသောက်က အိမ်ကနေယူလာရတာဆိုတော့ တချို့က ရွာကနေလာတဲ့သူရှိတယ်လေ၊ သူတို့စားဖို့ အရမ်းခက်တယ်၊ စားဖို့ရှာရတယ်၊ ပိုးတွေ့လူနာတွေအတွက် အစားအစာ အဟာရရှိတဲ့ဟာစားဖို့ အခက်အခဲဖြစ်တယ်” ဟု ဒေါက်တာခိုင်ဝင်းကပြောသည်။

ပလက်ဝမြို့နယ်အတွင်းရှိ ကိုဗစ်ပိုးတွေ့လူနာ (၁၆၇) ဦးအနက် (၄၅) ဦးမှာ သက်သာပျောက်ကင်းကာ ဆေးရုံမှဆင်းသွားကြပြီဖြစ်၍ ယခုလက်ရှိ (၁၂၂) ဦး ကုသမှုခံယူနေကြဆဲဖြစ်သည်။

ပိုးတွေ့လူနာများတွင် အသက်ကြီးများနှင့် ရောဂါအခံရှိသူများ တိုးများလာခြင်းကြောင့် အောက်ဆီဂျင်လိုအပ်မှု မြင့်တက်လာကြောင်း ဆရာဝန်ကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

မိုခါမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများအတွက် KIO က ကျပ်သိန်း ၂၀၀၀ လှူဒါန်း

ချင်းပြည်နယ်တွင် ကျောင်းပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ပြီး ကျောင်းတက်သူဦးရေ ၃၅၀၀၀ ကျော်ရှိ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.