• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်တွင် ကြွက်သောင်းကျန်းမှုကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က တောင်ယာစပါးများ ရိတ်သိမ်းစရာမရှိအောင်ပျက်စီး

ပလက်ဝမြို့နယ်တွင် ကြွက်သောင်းကျန်းမှုကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က တောင်ယာစပါးများ ရိတ်သိမ်းစရာမရှိအောင်ပျက်စီး

0
By Editor on November 28, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ကြွက်သောင်းကျန်းမှုကြောင့် ကျွေးရွာပေါင်း (၂၀) က တောင်ယာစပါးများ ရိတ်သိမ်း စရာမရှိအောင်ပျက်စီးသွားသည့်အတွက် ဒေသခံတောင်သူများ အခက်ခဲများကြုံတွေ့နေကြရကြောင်း သိရ သည်။

ပလက်ဝမြို့ နှင့် ဆမီးမြို့တို့တွင် ဝါးများဖူးပွင့်ကာ တောထဲ၌ ကြွက်ပေါများလာ၍ ဒေသခံများစိုက်ပျိူးထားသောတောင် ယာစပါးများနှင့် အခြားသောသီးနှံများကို ကိုက်ဖြတ်စားသောက်ကုန်သည့်အတွက် စပါးများရိတ်သိမ်းစရာပင်မရှိတော့ ကြောင်း ဆမီးမြို့ခံတစ်ဦးကပြောသည်။

“စပါးအဖူးအသီးတွေရှိလာပြီးအထဲမှာ အရည်လေးတွေရှိတယ် အဲဒီချိန်ကနေပြီး အကုန်၊ အပင်ရော တောင်ယာတခု လုံးကိုဖျက်စီးတာ၊ ဆမီးဖက်မှာဆိုရင် လုံးဝစပါးမရိတ်ရတဲ့အနေအထားရှိတယ် ကြွက်တွေတော်တော်သောင်းကျန်းတဲ့ အချိန်မှာ တောင်ယာစပါးတွေမရိတ်ရတဲ့ရွာတွေဆို ရွာပေါင်း ၂၀ လောက်ရှိတယ်” ဟု ဆမီးမြို့ခံကပြောသည်။

ဒေသအခေါ် ဝါးတမျိုးဖြစ်သည့် မသေးဝါး၊ သလကူဝါးများပွင့်ချိန် စက်တင်ဘာလမှ စတင်ကာ တောထဲတွင်ကြွက်များ ပေါများလာခြင်းဖြစ်ပြီး စပါးအပါအဝင် ကောက်ပဲသီးနှံများကိုလည်း စားသောက်ဖျက်စီးခဲ့ကြခြင်းဖြစ်သည်။

ကြွက်သောင်းကျန်းမှုဒဏ်ကြောင့် ပလက်ဝမြို့နယ်ထဲက အဘောင်သား၊ စက်လှေရွာ၊ စမ်းစိပ်ရွာ၊ ချီးပလာင်း၊ စိမ့်စင်း၊ လောင်ကဒူး၊ အင်ခိုဝ၊ စိမ်းလက်ဝ၊ ဟာဒဝ ကျေးရွာအပါအဝင် ဆမီး-မတူပီ ကားလမ်းမတလျှောက်ရှိ ကျေးရွာများ၊ ဆမီး ချောင်းအောက်ပိုင်း၊ အထက်ပိုင်းရှိကျေးရွာများနှင့် ပလက်ဝ-ဆမီးကြား ကျေးရွာတို့မှ တောင်ယာစပါးများ ရိတ်သိမ်းစရာ မရှိအောင် ဆိုးရွားစွာပျက်ဆီးခဲ့ရသည်ဟု သိရသည်။

“ကြွက်တွေက ဒီတောင်ယာပြီးသွားရင် မနက်ဖြန်ကျတော့ ဟိုဖက်တောင်ယာ သူတို့ကအုပ်စုလိုက်ဆိုတော့ အများကြီးပဲ တောင်သူတွေက စပါးပဲအားထားရတာဆိုတော့ ကျွန်တော်တို့ ဆမီးနဲ့ပလက်ဝရော တော်တော် လေးကို အကြပ်ရိုက်တ ယ်၊ လမ်းကြောင်းတွေလည်း ပိတ်ထားတဲ့ဒုက္ခရောပဲ” ဟု ဆမီးမြို့ခံက ပြောသည်။

ကြွက်များကို ဒေသခံပြည်သူများမှ မီးထွန်းခြင်း၊ ကြွက်ထောင်ချောက်များထောင်ခြင်း၊ ရိုးရာနည်း ဖြင့်ကြွက်များ ထွက်ပြေး အောင်ပြုလုပ်ခဲ့ကြသော်လည်း အုပ်စုလိုက်သောင်းကျန်းခြင်းဖြစ်သောကြောင့် နိမ်းနှင်းရန် ခက်ခဲသည်ဟု သိရသည်။

“ကြွက်တွေဝင်ပြီဆိုရင် စပါးတစိမှမရတာ၊ ဒါပေမယ့် သူတို့တောင်ယာမှာ ကြွက်အုပ်လိုက် လမ်းကြောင်း မဟုတ်ရင် တော့ နည်းနည်းပေါ့။ သဘောက တင်းပေါင်းငါးဆယ်ရမယ့်ဟာမှာ သဘောက တစ်တင်းတောင်မှ မရဘူးလေ အဲ့လိုမျိုး ဖြစ်ကု န်တာ” ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။

ကြွက်သောင်းကျန်းမှုကြောင့် စပါးရိတ်သိမ်းစရာမရှိသည့်တောင်သူများ စားဝတ်နေရေးအခက်အခဲကြုံနေ ကြရသော ကြောင့် ပလက်ဝမြို့က ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းဖက်မှ တတ်နိုင်သည့်အလျှောက် အိမ်ထောင်စုအလိုက် ဆန် ဝေမျှကူညီပေးခဲ့မှုများရှိသည်ဟု သိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်တုန်းကလည်း ဝါးသီးပြီး ကြွက်ပေါများခဲ့သည့်အတွက် တောင်ယာစပါးနှင့် အခြားသောသီးနှံများအကြီးအကျယ်ဆုံးရှုံးမှုဖြစ်ပွားခဲ့သောကြောင့် အငတ်ဘေးဆိုက်ခဲ့ရပြီးဖြစ်သည်။

ဒေသခံပြည်သူများ၏ အဆိုအရ ဝါးပင်များသည် အနှစ် ၅၀ တွင် တစ်ကြိမ်အသီးသီးပြီး ယင်းအသီးများကို ကြွက်များက အုပ်စုလိုက်ဖြင့် လာရောက်စားသောက်လေ့ရှိကြပြီး တောင်ယာစပါးနှင့် အခြားသီးနှံများကိုပါ အကုန်ကိုက်ဖြတ်စား သောက်လေ့ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.