Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်ထဲက ဒေသခံ ၅ ဦးကို CDF နှင့် ပတ်သက်မှုစွပ်စွဲချက်ဖြင့် ULA/ AA ထပ်မံဖမ်းဆီး

ပလက်ဝမြို့နယ်ထဲက ဒေသခံ ၅ ဦးကို CDF နှင့် ပတ်သက်မှုစွပ်စွဲချက်ဖြင့် ULA/ AA ထပ်မံဖမ်းဆီး

0
By Editor on October 16, 2024 Headline

|| ပလက်ဝမြို့ (ခေတ္တ)ဆေးရုံတာဝန်ခံ ဒေါက်တာအေးကျော်ကို ULA/ AA ပြန်လွှတ်

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ဝက်မကျေးရွာက ဒေသခံ ၅ ဦးကို CDF – ပလက်ဝနှင့် ပတ်သက်သည်ဟူ၍ စွပ်စွဲပြီး ULA/ AA က ထပ်မံဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပလက်ဝဒေသခံတချို့က ပြောသည်။

အောက်တိုဘာလ ၁၄ ရက် မနက် ၁၀ နာရီခန့်မှာ ဆမီးမြို့ ဝက်မကျေးရွာက အသက် ၃၀ မှ ၄၀ အရွယ် မြိုချင်းလူမျိုးများဖြစ်သည့် ဦးအေးလွန်၊ ဦးကြာလုံး၊ ဦးဝင်းကြည်၊ ဦးကျင်ဝပ်၊ ဦးမနော့တို့ကို CDF – ပလက်ဝနှင့် ပတ်သက်သည်ဟူ၍ စွပ်စွဲပြီး ဆမီးမြို့က ULA/ AA စခန်းကို ဟွန်ဒါစက်လှေဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတချို့က ပြောသည်။

“ဝက်မရွာကို ရောက်လာတဲ့ CDF ပလက်ဝဘက်က လူတွေက တခြားဒေသက ပြန်လာတော့ အသိမိတ်ဆွေတွေရှိတဲ့အတွက် အသိမိတ်ဆွေအိမ်ကို ခဏဝင်တာပေါ့နော်။ အဲဒါကို AA/ ULA က CDF ကို ထောက်ပံ့ကူညီတယ်ဆိုပြီး ဖမ်းတာဖြစ်ပါတယ်။ ဖမ်းတဲ့အထဲမှာ အကုန်လုံးက CDF ပလက်ဝကအဖွဲ့ဝင်တွေ ခဏဝင်လည်တဲ့ အိမ်ကလူတွေ မဟုတ်ဘူး။ အဲမှာ ၂ ဦးလောက်ပဲ ဖြစ်တယ်။ အသိမိတ်ဆွေသဘောအရ ဝင်လည်တာဖြစ်တယ်” ဟု ပလက်ဝ ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများသည် CDF ပလက်ဝတပ်ဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုမရှိဘဲ သာမန်အရပ်သားပြည်သူများသာဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပလက်ဝမြို့ပေါ်က ပလက်ဝ (ခေတ္တ) ဆေးရုံအုပ် ဒေါက်တာအေးကျော်ကိုလည်း စက်တင်ဘာလ ၂၉ ရက်က ULA/ AA က ဖမ်းဆီးခဲ့ပြီး ၁၀ ရက်ခန့်အကြာ အောက်တိုဘာလ ၉ ရက်တွင် ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ကာ နေအိမ်အကျယ်ချုပ်ချထားကြောင်း ပလက်ဝဒေသခံတချို့က ပြောသည်။

ဒေါက်တာအေးကျော်သည် ဖမ်းဆီးစစ်ဆေးခံရစဉ်ကာလအတွင်း ခြိမ်းခြောက်ခံရမှုများရှိခဲ့ပြီး ULA/ AA က မည်သည့်အတွက်ကြောင့် ဖမ်းဆီးခဲ့ကြောင်း၊ မည်သည့်အတွက်ကြောင့် ပြန်လွှတ်ပေးခဲ့သည်ကို မသိရှိရကြောင်း ဒေသခံတချို့က ပြောသည်။

သွားဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာအေးကျော်သည် ယခင်က ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်သော်လည်း ပလက်ဝမြို့ကို ULA/ AA က ထိန်းချုပ်ပြီးနောက်ပိုင်း ပလက်ဝဆေးရုံတွင် ဆေးရုံအုပ်တာဝန်ခံအဖြစ် ULA/AA က တာဝန်ပေးခံရသူဖြစ်ကြောင်း သိရသည်။

ဒေါက်တာအေးကျော်နှင့်အတူ ဖမ်းဆီးခံရသည့် ဒေသခံ ၂ ဦးမှာ လက်ရှိအချိန်ထိ ပြန်လွတ်လာခြင်းမရှိသေးကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် ချင်းတော်လှန်ရေးအင်အားစုများကို ထောက်ပံ့ကူညီနေသည့် စွပ်စွဲချက်ဖြင့် ချင်းပြည်သူ ၃၀ နီးပါးကို အာရက္ခတပ်တော် ULA/AA က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကြားကာလ ခူမီး ချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ – IKACC က ပြုစုထားသောစာရင်းအရ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.