• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်အတွင်း AA တပ်ဖွဲ့၏ လှုပ်ရှားမှုအပေါ် ဒေသခံပြည်သူများစိုးရိမ်

ပလက်ဝမြို့နယ်အတွင်း AA တပ်ဖွဲ့၏ လှုပ်ရှားမှုအပေါ် ဒေသခံပြည်သူများစိုးရိမ်

0
By Editor on April 12, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ရက္ခိိုင့်တပ်တော် (AA) ၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးရန် ကျေးရွာတစ်ရွာတွင် လူဦးရေ လေးဦးနှုန်းဖြင့် တာဝန်ပေးကာ အုပ်ချုပ်ရေးယန္တရား တည်ဆောက်နေမှုအပေါ် ဒေသခံ ချင်းလူထုများကြား စိုးရိမ်ကြောက်ရွံ့မှုများရှိနေသညဟု သိရသည်။

“AA က ရင်ထက်ပိုပြီးမှ ပလက်ဝမြို့နယ်မှာ စိုးမိုးလာတဲ့အနေထားတော့ရှိတယ် သူတို့ရဲ့လှုပ်ရှားမှုက။ ပီချောင်းတလျှောက်လုံးမှာ တရွာကို ၄ ဦးစီကို ရွေးထားတယ် ကျွန်တော်တို့ ချင်းတွေပါပဲ။ ချင်းရွာတွေတော်တော်များပါတယ်။ တဖက်က ဒေသခံတွေအနေနဲ့လည်း သူတို့ရဲ့ သြဇာလွမ်းမိုးမှုကြောင့် မငြင်းသာလို့ လုပ်နေရတဲ့အနေအထားတော့ ဖြစ်နေတယ်” ဟု ပလက်ဝမြို့က ဒေသခံတစ်ဦးက ပြောသည်။

ရက္ခိိုင့်တပ်တော် (AA) သည် ပလက်ဝမြို့ အနောက်ပိုင်း ပီချောင်းနှင့် မြောက်ပိုင်းအုပ်စု (၂၀)၊ ကျေးရွာပေါင်း (၁၀၀) ဝန်းကျင်တွင် တစ်ရွာလျှင် လူ ၄ ဦးစီဖြင့် ရွေးချယ်ကာ ၎င်းတို့၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်တာဝန်ပေးထားသည်ဟု ၎င်းကပြောသည်။

ပီချောင်းဘက်မှ ဒေသခံတစ်ဦးက “ကျွန်တော်တို့ရွာတွင်တော့ မတ္လ (၁၉) ရက်နေ့ အစည်းအဝေးလုပ်ခိုင်းပြီး တာဝန်ပေးအပ်တာပါ၊ မလုပ်ချင်ပေမယ့်လည်း ငြင်းမရတော့ လုပ်ရတာပေါ့၊ အခုလို တာဝန်မပေးခင်တုန်းကလည်း တစ်ရွာကို တစ်လဆန် (၁) အိတ်နှင့် ငွေ (၁) သိန်းနှုန်း တောင်းထားတာကြောင့် မိသားစုတစ္စု ပေးရတဲ့နှုန်းထားက အိမ်ခြေများရင်များသလို နည်းရင်နည်းသလို ဆန် (၄-၈) နို့ဆီဘူး၊ (ငွေ (၃၀၀၀-၇၀၀၀) ကြား အခုထိ ပေးနေရပါတယ်၊ အကယ်၍ တစ်ရွာလုံး ကောက်ခံရရှိတာကို ဆန် (၁) အိတ်၊ ငွေ (၁) သိန်းကျော်သွားခဲ့ရင် AA တွေလာတဲ့အချိန် အသုံးပြုဖို့အတွက် အဲအသုံးစရိတ်အဖြစ် သိမ်းပေးထားရတာပေါ့၊ အဲလိုမလုပ်ပေးရင် ဒဏ်ပေးတာတို့ လုပ်ခိုင်းတယ်၊ အထက်ရွာတစ်ယောက် အစည်းအဝေးမတက်လို့ဆိုပြီး ဝါး (၃၀၀၀) ခုတ်ခိုင်းပြီး ပို့ခိုင်းတယ်” ဟု ပြောသည်။

ရခိုင်တပ်တော် (AA) ၏ လိုအပ်ချက်များဆောင်ရွက်ပေးရန် တာဝန်ပေးထားသည့် ကျေးရွာပြည်သူများသည် ၎င်းတို့ခေါ်သည့်အချိန်တွင် သွားရောက်ရသည့်အပြင် လက်ရှိတွင်လည်း ကျေးရွာတချို့မှ ပြည်သူများ (AA) တပ်စခန်းသို့ သွားရောက်နေကြကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) ၏ အုပ်ချုပ်ရေးယန္တရားတည်ဆောက်ရေးတွင် ပြည်သူများကို အတင်းအဓမ္မခေါ်ဆောင်ခြင်း၊ အခွန်ကောက်ခံခြင်းများရှိနေပြီး တာဝန်ပေးမှုအပေါ် လက်ခံခြင်းမရှိပါက ရွာသားများကို အန္တရာယ်ပြုမည်ကို ဒေသခံများမှ စိုးရိမ်မှု မြင့်တက်နေသည်ဟု ၎င်းကပြောသည်။

ပလက်ဝမြို့နယ်တွင် အုပ်စု (၁၉၆) အုပ်စု၊ ကျေးရွာပေါင်း (၄၀၀) ခန့်ရှိပြီး AA တပ်ဖွဲ့သည် ၂၀၁၅ ခုနှစ်ကစ၍ ပလက်ဝမြို့နယ်တွင် ခြေကုတ်ယူလှုပ်ရှားလာခဲ့ခြင်းဖြစ်သည်။

ယခုအခါ ပလက်ဝမြို့ပေါ် အထက်ပိုင်း အနောက်ကွမ်းဘုတ်၊ ကျောက်ပျဉ်ထောင့်၊ ပိန်နဲတပင်၊ တဲမချောင်း၊ ကြွေသောင်၊ ကျီးလေ၊ မောင်နှမ၊ ကြောင်ချောင်း၊ ချင်းဒေါက်ကျေးရွာများတွင် ရခိုင်တပ်တော် (AA) မှ နေရာယူထားကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.