ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးခံရပြီး ရဲစခန်းတွင် ထိန်းသိမ်းခံရသည့် လူငယ် ၅ ဦးကို ယနေ့တွင် ၂၈၉ တပ်ရင်းသို့ စစ်ကောင်စီများကခေါ်ဆောင်သွားသည်ဟုသိရသည်။
“သူတို့ကို မြို့နယ်တရားရုံးက ၅၀၅ နဲ့ ဆွဲလိုက်တာ ၂ နာရီဝန်းကျင်လောက်မှာ သူတို့ ၂၈၉ တပ်ရင်းကိုခေါ်သွားတယ် ဘာကြောင့်ခေါ်သွားတယ်ဆိုတာမသိရဘူး “ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။
၎င်းတို့သည် ဇွန်လ (၃၀) ရက်နေ့တွင် ရုံးပြန်ချိန်ကာ မိသားစုဝင်များနှင့် အဆက်အသွယ်မရတော့ကြောင်းသိရသည်။
ပလက်ဝမြို့ ထွေအုပ်ရုံးရှေ့ နှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် မေလ ၂၈ ရက်နေ့မနက်က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ ပြီးနောက် အာဏာသိမ်းစစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းတွင်အလုပ်လုပ်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့ချိန်ထိ (၅) ဦးဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်းသိရသည်။