Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပလက်ဝမြို့၊ ရှင်းလက်ဝစစ်စခန်းက ရဲနှင့်စစ်သား ၁၀ ဦးတို့ အလင်းဝင်လာ

ပလက်ဝမြို့၊ ရှင်းလက်ဝစစ်စခန်းက ရဲနှင့်စစ်သား ၁၀ ဦးတို့ အလင်းဝင်လာ

0
By Editor on December 11, 2023 Khonumthung

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝစစ်စခန်းက စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲ ၁၀ ဦးတို့ အလင်းဝင်ရောက်လာခဲ့သည်ဟု ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ ဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။

“သူတို့က လွန်ခဲ့တဲ့ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ တောက်လျှောက်အဆက်အသွယ် ရှိတယ်။ အဲဒီအချိန်မှာ လက်နက်အပြည့်အစုံနဲ့ ဝင်ခဲ့ပါ၊၊ စကစက ပြိုလဲတော့မယ်လို့ ပြောထားတာ၊ သူတို့ကလည်း အခြေအနေကို ကြည့်ဦး မယ်ပေါ့။ လုံခြုံရေးအရလည်း ထွက်လို့ မရဘူးပေါ့နော်။သူတို့က မိသားစုတွေနဲ့ပေါ့နော်၊၊ လက်နက်ခဲယမ်းတွေ မပါဘဲ လူလွတ်နဲ့ ထွက်လာခဲ့ကြတာ” ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာ စစ်ကောင်စီအခြေစိုက် ဗျူဟာ – ၃၊ ခလရ – ၂၉၉ မှ ရဲဘော်ကျော်ထွက်ဝေနှင့် ဒု-တပ်ကြပ် နိုင်လင်းအောင်တို့သည် မိသားစုများနှင့်အတူ CDF – ပလက်ဝထံ နိုဝင်ဘာလ ၂၉ ရက်က အလင်းဝင်လာ ခဲ့သည်။

ထို့အပြင် ရှင်းလက်ဝရဲစခန်းမှ ဒေသခံရဲဝန်ထမ်း (၈) ဦးတို့သည်လည်း ဒီဇင်ဘာလ ၇ ရက်က ထပ်မံအလင်းဝင်လာခဲ့ သည်ဟု သိရသည်။

အလင်းဝင်လာသူများသည် လက်နက်ခဲယမ်းများ မယူဆောင်လာနိုင်ဘဲ လူလွတ်သာ အလင်းဝင်လာနိုင်ခဲ့ကြပြီး လက်ရှိတွင် ဘေးကင်းလုံခြုံသည့်နေရာသို့ ပို့ဆောင်ထားပြီးဖြစ်သည်ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။

စစ်ကောင်စီတပ်စခန်းများတွင် စစ်သားနှင့် ရဲများကို အပြင် အလွယ်တကူထွက်၍မရစေရန် တင်းကြပ်ထားကြပြီး စစ်အရာရှိများက အောက်ခြေတပ်သားများကို ဖိအားများပေးနေသောကြောင့် တပ်တွင်းမှာလည်း မပြေလည်မှုများ ဖြစ်ပွားနေကြသည်ဟု သိရသည်။

စစ်ကောင်စီလက်အောက်က စစ်သားနှင့် ရဲများ အမြန်ဆုံး အလင်းဝင်လာကြရန် ဖိတ်ခေါ်ကြိုဆိုပြီ၊ လက်ရှိ တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ကြရန် ချင်းတော်လှန်ရေးအင်အားစုများက နှိုးဆော်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.