• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပါတီမူဝါဒ ၄ ချက်အား အကောင်အထည်ဖော်ဆောင်ပေးမည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းမည်ဟု ZCD ပြော

ပါတီမူဝါဒ ၄ ချက်အား အကောင်အထည်ဖော်ဆောင်ပေးမည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းမည်ဟု ZCD ပြော

0
By Editor on February 10, 2021 Headline

#Unicode

By လားနွန် – ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်(ZCD) ပါတီက ၁၉၈၈ ခုနှစ်ကတည်းက ယနေ့ချိန်ထိ ကိုင်စွဲထားသည့် ၎င်းတို့၏ပါတီမူဝါဒ ၄ ချက်အား အကောင်အထည်ဖော်ဆောင်ပေးမည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းပါဝင်သွားမည်ဟု ဖေဖော်ဝါရီလ ၇ ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်သည်။
တပ်မတော်သည် အရပ်သားအစိုးရထံမှ အာဏာသိမ်းယူပြီးနောက် နိုင်ငံတော်စီမံံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ပြီး တိုင်းရင်းသားနိုင်ငံရေးပါတီများအပါအဝင် ပြည်မနိုင်ငံရေးပါတီများအား ပူးပေါင်းပါဝင်ရန်ဖိတ်ခေါ်သည့်အထဲတွင် ZCD ပါတီလည်းပါဝင်ကာ ယင်းကိစ္စနှင့်ပတ်သက်၍ ထိုကဲ့သို့တုန့်ပြန်လိုက်ခြင်းဖြစ်သည်။
ဇိုမီဒီမိုကရေစီအဖွဲ့ချုပ် ZCD ပါတီအတွင်းရေးမှူး ပူးဂင်ကမ်းလျန်က “ ဖုန်းနဲ့ဆက်သွယ်လာတယ် နှစ်ခါလောက် အားလုံး လိုလိုပါပဲ ပါတီတိုင်း UEC ကနေဆက်တာ စာနဲ့ပေနဲ့အတိအကျတော့မရှိပါဘူး ဒါပေမဲ့ ကျနော်တို့ အခုထိဘာမှအကြောင်း မပြောသေးဘူး ကျနော်တို့ကြေညာချက်တော့ထုတ်ပြီးပြီ ကျနော်တို့ကတော့ ပါတီရပ်တည်ချက် မူဝါဒ (၄) ချက်ရှိတယ် အဲဒီမူဝါဒကို အကောင်ထည်ဖော်ပေးမယ့် မည်သည့် အဖွဲ့အစည်းနဲ့မဆို လက်တွဲနိုင်ပါတယ် ဖော်ပေးတဲ့သူတော့ ပူးပေါင်း ရမှာပေါ့” ဟု ဇိုမီဒီမိုကရေစီအဖွဲ့ချုပ် ZCD ပါတီအတွင်းရေးမှူး ပူးဂင်ကမ်းလျန်ကပြောသည်။
ဇိုမီဒီမိုကရေစီအဖွဲ့ချုပ် ZCD ပါတီ၏ မူဝါဒ ရပ်တည်ချက် (၄) ချက် (၁) ဘိုးဘွားစဉ် ဌာနေများက ဇိုမီးတိုင်းရင်းသား များဖြစ်ကြောင်း မူရင်းလူမျိုးအမည် ဇိုမီးခေါ်ဆိုရေး၊ (၂) စစ်မှန်သော ဒီမိုကရေစီအစိုးရပေါ်ပေါက်လာရေး၊ (၃) လွတ်လပ်ရေး စျေးကွက်စီးပွားရေးစနစ်နှင့် (၄) ပင်လုံစိတ်ဓာတ်မြှင့်တင်ရေး(Panglong Spirit) တို့ဖြစ်သည်။
“ကျနော်တို့ ရပ်တည်ချက် နံပတ် ၂/၃/၄ က ၂၀၀၈ ဖွဲ့စည်းပုံပြင်မှရမယ် ၂၀၀၈ က လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း ပါဝင် နေသေးတော့ ဒီမိုကရေစီလို့ခေါ်လို့မရဘူး ပြီးတော့ ပင်လုံစိတ်ဓာတ်ဆိုတာလည်း ပင်လုံကတိကဝတ်ကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုဖော်ဆောင်ပေးမယ့်သဘောကိုပြောတာဖြစ်တယ် ဆိုတော့ အဲဒါတွေ ၂၀၀၈ မှာမပါဘူးလေ သူတို့က ၂၀၀၈ အတိုင်းသွားမယ်ဆိုရင်တော့ သိပ်တော့အလားအလာမရှိဘူးထင်တာပဲ” ဟု ပူးဂင်ကမ်းလျန်ကပြောသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော ZCD ပါတီ၏ ကြေညာချက်တွင် တပ်မတော်မှ နိ််ုင်ငံတော်စီမံအုပ်ချူပ်မှုကို တာဝန်ယူထိန်းသိမ်းခြင်းကြောင့် တိုင်းပြည်အနာဂတ်အရေးအတွက် စိုးရိမ်ပူပန်မိကြောင်း၊ ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေး အကြပ်အတည်းသည်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်ကြောင့်သာလျှင်ဖြစ်ကြောင်းဖော်ပြထား သည်။
၅၄ သန်းကျော်သော ပြည်သူလူထုကိုထောက်ထား၍ အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်၊ တိုင်းရင်းသား အင်အားစုများနှင့် တပ်မတော်တို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ပင်လုံကတိကဝတ်များကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမူကို ချမှတ်ရေးဆွဲနိ်ုင်မှသာလျှင် ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးနှင့် ရေရှည်တည်ငြိမ်မှုရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ZCD ၏ ကြေညာချက်တွင်ဖော်ပြထားသည်။
ထို့အပြင် နိုင်ငံတောသမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် ဖမ်းဆီးထိန်း သိမ်းခံရသူများအားလုံးကို ခြျွင်းချက်မရှိပြန်လည်လွတ်ပေးရန်လည်း ZCD ကတောင်းဆိုထားသည်။
၁၉၉၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရပါတီလည်းဖြစ် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD) ပါတီ၏ မဟာမိတ်ပါတီလည်းဖြစ် သည့် ZCD ပါတီသည် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ မဲဆန္ဒနယ်မြေ ၂ နေရာရရှိထားသည်။
တပ်မတော်မှဖွဲ့စည်းလိ်ုက်သော နိုင်ငံတော်စီမံံအုပ်ချုပ်ရေးကောင်စီအဖွဲ့တွင် ပူးပေါင်းပါဝင်ရန် တိုင်းရင်းသားပါတီများအ နက် ရခိုင်အမျိူးသားပါတီ(ANP)၊ မွန်ညီညွတ်ရေးပါတီ(MUP) တို့က လက်ခံထားကြပြီး ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) နှင့် အရှိုချင်းအမျိူးသားပါတီ(ACNP) တို့ကတော့ တပ်မတော်၏ကမ်းလှမ်းမှုကို ငြင်းပယ်ထားကြသည်။
#Zawgyi


တပ်မတော်သည် အရပ်သားအစိုးရထံမှ အာဏာသိမ်းယူပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ပြီး တိုင်းရင်းသားနိုင်ငံရေးပါတီများအပါအဝင် ပြည်မနိုင်ငံရေးပါတီများအား ပူးပေါင်းပါဝင်ရန်ဖိတ်ခေါ်သည့်အထဲတွင် ZCD ပါတီလည်းပါဝင်ကာ ယင်းကိစ္စနှင့်ပတ်သက်၍ ထိုကဲ့သို့တုန့်ပြန်လိုက်ခြင်းဖြစ်သည်။


ဇိုမီဒီမိုကရေစီအဖွဲ့ချုပ် ZCD ပါတီ၏ မူဝါဒ ရပ်တည်ချက် (၄) ချက် (၁) ဘိုးဘွားစဉ် ဌာနေများက ဇိုမီးတိုင်းရင်းသား များဖြစ်ကြောင်း မူရင်းလူမျိုးအမည် ဇိုမီးခေါ်ဆိုရေး၊ (၂) စစ်မှန်သော ဒီမိုကရေစီအစိုးရပေါ်ပေါက်လာရေး၊ (၃) လွတ်လပ်ရေး ဈေးကွက်စီးပွားရေးစနစ်နှင့် (၄) ပင်လုံစိတ်ဓာတ်မြှင့်တင်ရေး(Panglong Spirit) တို့ဖြစ်သည်။


ဖေဖော်ဝါရီလ ၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော ZCD ပါတီ၏ ကြေညာချက်တွင် တပ်မတော်မှ နိုင်ငံတော်စီမံအုပ်ချူပ်မှုကို တာဝန်ယူထိန်းသိမ်းခြင်းကြောင့် တိုင်းပြည်အနာဂတ်အရေးအတွက် စိုးရိမ်ပူပန်မိကြောင်း၊ ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေး အကြပ်အတည်းသည်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်ကြောင့်သာလျှင်ဖြစ်ကြောင်းဖော်ပြထားသည်။

၅၄ သန်းကျော်သော ပြည်သူလူထုကိုထောက်ထား၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၊ တိုင်းရင်းသား အင်အားစုများနှင့် တပ်မတော်တို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ပင်လုံကတိကဝတ်များကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမူကို ချမှတ်ရေးဆွဲနိုင်မှသာလျှင် ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးနှင့် ရေရှည်တည်ငြိမ်မှုရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ZCD ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံတောသမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် ဖမ်းဆီးထိန်း သိမ်းခံရသူများအားလုံးကို ချြွင်းချက်မရှိပြန်လည်လွတ်ပေးရန်လည်း ZCD ကတောင်းဆိုထားသည်။

၁၉၉၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရပါတီလည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီ၏ မဟာမိတ်ပါတီလည်းဖြစ် သည့် ZCD ပါတီသည် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ မဲဆန္ဒနယ်မြေ ၂ နေရာရရှိထားသည်။

တပ်မတော်မှဖွဲ့စည်းလိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့တွင် ပူးပေါင်းပါဝင်ရန် တိုင်းရင်းသားပါတီများအ နက် ရခိုင်အမျိုးသားပါတီ(ANP)၊ မွန်ညီညွတ်ရေးပါတီ(MUP) တို့က လက်ခံထားကြပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) နှင့် အရှိုချင်းအမျိုးသားပါတီ (ACNP) တို့ကတော့ တပ်မတော်၏ကမ်းလှမ်းမှုကို ငြင်းပယ်ထားကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရေးပေါ်ကာလ နောက် ၆ လ ထပ်မံသက်တမ်းတိုး

ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.