Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

0
By Editor on January 24, 2023 Khonumthung

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရပြီး ၇ လခန့်ဖမ်းဆီးထိန်းသိမ်းခံရသော တီးတိန်မြို့က သိက္ခာတော်ရဆရာတော် အင်ခတ်မွန် (En Khat Muan) ၏အမှုကို စစ်ကောင်စီကပိတ်သိမ်းကာ ဇန်နဝါရီလ ၁၉ ရက်နေ့က ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။

တီးတိန်မြို့ Shalom Youth Committee လူမှုကူညီရေးအဖွဲဝင်လည်းဖြစ်သည့် ဆရာအင်ခတ်မွန်နှင့် ဦးလျန်ရှန်းမှုန်တို့ ၂ ဦးသည် Non-CDM ဝန်ထမ်းများနှင့်ပတ်သက်သော PDF-Zoland ၏ သတိပေးစာထုတ်ပြန်ချက်ကို လော်စပီကာဖြင့် လိုက်လံကြေညာခဲ့သောကြောင့်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့က ၂၀၂၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တီးတိန်မြို့ဒေသခံတစ်ဦးက “သူ့ကျန်းမာရေးက ကောင်းတယ်၊ PDF-Zoland က ပေးထားတဲ့စာကို သူကြေညာတာဆိုတော့ သူပဲ အချုပ်ထဲရောက်သွားတာ၊ ရက်ပေါင်း နှစ်ရာကျော်တယ်။ တီးတိန်မြို့ပေါ်က မြို့မိ/မြို့ဖေတွရယ်၊ ဘာသာရေးအားလုံးပေါင်းပြီးတော့ ပြန်လွတ်ပေးဖို့တောင်းဆိုတာလေ” ဟု ပြောသည်။

၎င်းတို့နှစ်ဦးကို တီးတိန်မြို့ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် ဆရာအင်ခတ်မွန်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်တရားစွဲဆိုကာ အသံချဲ့စက်ထားရှိသည့် အိမ်ရှင်ဖြစ်သူ ကိုလျန်ရှန်းမုန်ကို ဇူလိုင်လ ၅ ရက်နေ့က ကတိခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ယခုအခါ ဆရာ အင်ခတ်မွန်ကို စစ်ကောင်စီက ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.