• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

0
By Editor on January 24, 2023 Khonumthung

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရပြီး ၇ လခန့်ဖမ်းဆီးထိန်းသိမ်းခံရသော တီးတိန်မြို့က သိက္ခာတော်ရဆရာတော် အင်ခတ်မွန် (En Khat Muan) ၏အမှုကို စစ်ကောင်စီကပိတ်သိမ်းကာ ဇန်နဝါရီလ ၁၉ ရက်နေ့က ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။

တီးတိန်မြို့ Shalom Youth Committee လူမှုကူညီရေးအဖွဲဝင်လည်းဖြစ်သည့် ဆရာအင်ခတ်မွန်နှင့် ဦးလျန်ရှန်းမှုန်တို့ ၂ ဦးသည် Non-CDM ဝန်ထမ်းများနှင့်ပတ်သက်သော PDF-Zoland ၏ သတိပေးစာထုတ်ပြန်ချက်ကို လော်စပီကာဖြင့် လိုက်လံကြေညာခဲ့သောကြောင့်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့က ၂၀၂၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တီးတိန်မြို့ဒေသခံတစ်ဦးက “သူ့ကျန်းမာရေးက ကောင်းတယ်၊ PDF-Zoland က ပေးထားတဲ့စာကို သူကြေညာတာဆိုတော့ သူပဲ အချုပ်ထဲရောက်သွားတာ၊ ရက်ပေါင်း နှစ်ရာကျော်တယ်။ တီးတိန်မြို့ပေါ်က မြို့မိ/မြို့ဖေတွရယ်၊ ဘာသာရေးအားလုံးပေါင်းပြီးတော့ ပြန်လွတ်ပေးဖို့တောင်းဆိုတာလေ” ဟု ပြောသည်။

၎င်းတို့နှစ်ဦးကို တီးတိန်မြို့ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် ဆရာအင်ခတ်မွန်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်တရားစွဲဆိုကာ အသံချဲ့စက်ထားရှိသည့် အိမ်ရှင်ဖြစ်သူ ကိုလျန်ရှန်းမုန်ကို ဇူလိုင်လ ၅ ရက်နေ့က ကတိခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ယခုအခါ ဆရာ အင်ခတ်မွန်ကို စစ်ကောင်စီက ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.