• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရသည့် ချင်းလူငယ် ၅ ဦးကို စစ်တွေမှ ပလက်ဝသို့ ပြန်သို့

ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရသည့် ချင်းလူငယ် ၅ ဦးကို စစ်တွေမှ ပလက်ဝသို့ ပြန်သို့

0
By Editor on July 12, 2021 Headline

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသည့် ချင်းလူငယ် ၅ ဦးကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တစ်လနီးပါးခန့် ထိန်းသိမ်းထားပြီးနောက် ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ပြန်ပို့ခဲ့သည်ဟု သိရသည်။

“မနေ့က ၂ နာရီလောက်က ရောက်လာကြတယ်၊ ကျမတို့ လမ်းဘေးနားကစောင့်ပြီး စကားတော့ ပြောလို့မရဘူးပေါ့၊ လက်ပြနှုတ်ဆက်တာတို့တော့ရတယ်၊ ကျန်းမာရေးတော့ ကောင်းကြတယ်၊ သူတို့ရောက်လာတော့ ကိုဗစ်လည်း စစ်ကြတယ်၊ ပိုးမတွေ့ဘူး၊ အခု သူတို့ကို ပလက်ဝရဲစခန်းမှာ ထားတယ်” ဟု အမည်မဖော်လိုသည့်နီးစပ်သည့်ဆွေမျိူးတစ်ဦးက ပြောသည်။

၎င်းတို့ ၅ ဦးကို ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီခန့်က ပလက်ဝမြို့တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း အမှုစစ်ဆေးမှု တစ်စုံတစ်ရာမရှိဘဲ ဇူလိုင်လ ၂၀ ရက်နေ့ကို ရုံးပြန်ချိန်းသည်ဟု သိရသည်။

“ဒီမနက်တော့ ၁၁ နာရီ ရုံးထုတ်တယ်၊ မနေ့ကရောက်တယ်ဆိုတော့ ဒီနေ့ကတော့ စွဲချက်တင်တာပဲရှိသေးတယ်။ လာမယ့် ၂၀ ရက်ကို ရုံးပြန်ချိန်းတယ်၊ ဒီနေ့တော့ မိသားစုဝင်တွေအကုန်လုံးပဲ တရားရုံးမှာစောင့်ပြီးတော့ ခနလေး မိနစ်ပိုင်းလေးတော့ တွေ့ခွင့်ရပါတယ်” ဟု ဖမ်းဆီးခံထားရသော မိသားစုဝင်တစ်ဦးက ပြောသည်။

ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၃ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ၅ ဦးကို ဇွန်လ ၁၇ ရက်နေ့က ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်ည်။

အဆိုပါ ချင်းလူငယ် (၅) ဦးမှာ ကိုအိုက်မင်း (အဆိုတော်)၊ အိုက်ထွန်းမင်း (ကုမ္ပဏီ)၊ အိုက်ထွန်းမင်း (သစ်တော)၊ ကိုအောင်ထွန်းစိုး (ခ) အာလူးနှင့် အဂ္ဂပေလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးရာကျော်တို့ဖြစ်ကြပြီး ၎င်းတို့ ၅ ဦးကို ပလက်မြို့ရဲစခန်းမှ ဇွန်လ ၁၇ ရက်နေ့က ခမရ (၅၁၁) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး နေလင်းအောင်က ခလရ (၂၈၉) တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ဇွန်လ ၁၈ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ပို့ဆောင်ကာ ရဲစခန်းသို့မအပ်သေးပဲ စစ်တပ်က ထိန်းသိမ်းထားပြီးနောက် ဇူလိုင်လ ၁၁ ရက်နေ့တွင် ပလက်ဝမြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ၅ ဦးသည် မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ရန်အတွက် အလှူငွေကောက်ခံသည့်ကိစ္စနှင့်ပတ်သက်၍ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ZZLMS စစ်ဆင်ရေး”အမည်နှင့် ရေဇွာမြို့ကို ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်နှင့်စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိ

လိုင်လင်းပီမြို့တွင် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ CNF နှင့် CDF – Mara တို့ ပူးတွဲဖော်ဆောင်မည်

စစ်ကောင်စီတပ်စွဲရာနေရာအနီး နေထိုင်သူများ ရှောင်တိမ်းကြရန် ကလေးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.