• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ပြည်သူများက PDF Zoland ကို AK-47၊ လောင်ချာနှင့် ကျည်ဆန်များ ထောက်ပံ့

ပြည်သူများက PDF Zoland ကို AK-47၊ လောင်ချာနှင့် ကျည်ဆန်များ ထောက်ပံ့

0
By Editor on October 10, 2023 Khonumthung

(006SV)

ချင်းပြည်နယ်မြောက်ပိုင်းတွင် စစ်အာဏာရှင်ကို ခုခံတိုက်ခိုက်နေသည့် PDF Zoland ထံသို့ ပြည်တွင်း/ပြည်ပ ဇိုမီး (ချင်း) ပြည်သူများက AK-47 ချေးမှုန်ရေးရိုင်ဖယ်များ၊ လောင်ချာများနှင့် ကျည်ဆံထောင်ချီကို ပထမသုတ်အဖြစ် လက်နက် တပ်ဆင်ပေးခဲ့သည်ဟု သတင်းရရှိသည်။ 

AK – 47ချေးမှုရေးရိုင်ဖယ် ၁၀ လက်၊ ပါရိန် (လောင်ချာ) အမျိုးအစား ၂ လက်၊ ကျည်ဘောက် ၄၀ ခု၊ Ey အလုံး ၂၀ နှင့် ကျည်ဆံ ထောင်ချီကို ပထမသုတ်အဖြစ် PDF Zoland က လက်ရရှိခဲ့သည်ဟု ယင်းအဖွဲ့မှ ဓာတ်ပုံနှင့်တကွ ယနေ့ထုတ်ပြန်လာသည်။

“ဒါက ပထမအသုတ်ယူလာတာဖြစ်တယ်။ AK 47 က စုစုပေါင်း ၁၀ လက်ပါ။ ကျည်ကတော့ အသင့်အတင့်တော့ ရှိတယ်။ ထောင်နဲ့ချီပေါ့နော်။ ပမာဏကတော့ အတိအကျ ပြောလို့မရသေးပါဘူး။ နောက်အသုတ်မှာလည်း ရှိသေးတယ်။ ပြည်သူ တွေကနေပဲ ဆက်လက်ပြီးတော့ များများ ဝယ်နိုင်အောင် ခဲယမ်းတွေ သိန်းနဲ့ချီ ဝယ်နိုင်အောင်၊ မြို့တွင်း တိုက်ပွဲ စနိုင်ဖို့က ခဲယမ်းအလုံအလောက်ရှိမှ သိမ်းနိုင်မှာ ဆိုတော့ ဒီဟာကို နောက်အသုတ်မှာလည်း များများ ဝယ်နိုင်အောင် ပံ့ပိုးကူညီကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု PDF- Zoland မှ တာဝန်ရှိသူက ပြောသည်။

ပြည်တွင်း/ပြည်က ဇိုမီး(ချင်း)ပြည်သူများ၏ လက်နက်တပ်ဆင်ပေးမှုသည် ပထမသုတ်အဖြစ် PDF- Zoland ထံ ကောင်းမွန်စွာ ရောက်ရှိခဲ့ပြီး နောက်ထပ်အသုတ်များမှ လက်နက်ခဲယမ်းများ ရရှိနိုင်ရေး ဆက်ကြိုးစားနေသည်ဟု သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-Zoland) သည် ချင်းပြည်နယ်မြောက်ပိုင်းတီးတိန်မြို့နယ်နှင့် အနီးဝန်းကျင်မြို့နယ်များတွင် စစ်အာဏာရှင်တော်လှန်ရေးကို လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် တပ်ဖွဲ့ဖြစ်ပြီး အောက်တိုဘာလ ၂ ရက်က စစ်ကောင်စီ၏ ရဲဒု-တပ်ကြပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့မရဲစခန်းက တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် တမိသားစုလုံး အလင်းဝင်လာ

ပလက်ဝမြို့နယ် “နှုံးဘူး” နှင့် “ထရွန်အိုင်” ဗျူဟာကုန်းများကို အပြီးသိမ်းပိုက်နိုင်ရေး တိုက်ပွဲပြင်းထန်နေ

ကလေးမြို့တွင် တိုက်ပွဲပြင်းထန်လာမည်ဟု စိုးရိမ်မူကြောင့် မြို့ပေါ်နေပြည်သူများ နေရပ်စွန့်ခွါသူများလာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.