• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်မြို့တွင် လူနေအိမ် ၆ လုံး မီးလောင်ပြာကျ၊ အမျိုးသမီး ၂ ဦးသေဆုံး

ဖလမ်မြို့တွင် လူနေအိမ် ၆ လုံး မီးလောင်ပြာကျ၊ အမျိုးသမီး ၂ ဦးသေဆုံး

0
By Editor on January 12, 2021 Khonumthung

#Unicode

ချင်းပြည်နယ် ဖလမ်းမြို့ လမ်းဆုံးအနီးတွင် ယနေ့နံနက်ပိုင်း ၃ နာရီခွဲခန့်က မီးလောင်းမှုဖြစ်ပွားကာ လူနေအိမ် ၆ လုံး လောင်ကျွမ်းပြာကျသွားပြီး အမျိူးသမီး ၂ ဦးသေဆုံးသွားကြောင်းသိရသည်။

မီးလောင်ကျွမ်းသည့်အနေရာသည် ဖလမ်းမြို့မှ ဟားခါးမြို့ဘက်သို့ သွားသည့် လမ်းဆုံအနီး ဗိုလ်ချူပ်လမ်းဘေးရှိ နေအိမ်များဖြစ်ကြပြီး၊ အဆိုပါမီးလောင်မှုကြောင့် အသက် (၆၉)နှစ်အရွယ် အိမ်ရှင် ဒေါ်မန်းလှယ်ဇိန်း နှင့်အသက် (၄၂) နှစ်အရွယ် ဒေါ်ရဇိန်းတို့ သေဆုံးသွားသည်ဟုသိရသည်။

ဖလမ်းမြို့အခြေစိုက် Chinland Herald သတင်းဌာနအယ်ဒီတာ Salai Samuel က “ မီးက ဘယ်လိုကနေ ဘာကြောင့် လောင်းတယ်ဆိုတော့ အတိအကျမသိရသေးဘူး၊ လျှပ်စစ်မီးကြောင့်လို့တော့ထင်ကြတယ်၊ အိမ် ၆ လုံးနဲ့ အမျိူးသမီး ၂ ဦး သေဆုံးသွားတယ်’’ ဟု ပြောသည်။

ချင်းပြည်နယ် ဝန်ကြီးချူပ် ဆလိုင်းလျန်လွယ်သည်လည်း ယနေ့နံနက်ပိုင်းက ဖလမ်းမြို့သို့သွားရောက်ပြီး မီးလောင်မှု အခြေအနေအားကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။

ဆောင်ရာသီကာလအတွင်း ချင်းပြည်နယ်တွင် ရာသီဥတုအေးသည့်အတွက် ဒေသခံပြည်သူများသည် ညအချိန်တွင် မီးလှုံခြင်း၊ လျှပ်စစ်အပူပေးစက်( Heater) များအသုံးပြုလေ့ရှိကြသည်။ ထိုမှတဆင့် မီးလောင်ကျွမ်းမှုလည်းဖြစ်ပွား လေ့ရှိသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း ဟားခါးမြို့ မြို့သစ်ရက်ကွက်တွင် လျှပ်စစ်အပူပေးသည့် Heater အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး လူနေအိမ် ၃ လုံးလောင်ကျွမ်းပြာကျကာ အသက် ၃၆ နှစ်ရွယ် အမျိူးသားတစ်ဦးသေဆုံးခဲ့သည်။

#Zawgyi

ချင်းပြည်နယ် ဖလမ်းမြို့ လမ်းဆုံးအနီးတွင် ယနေ့နံနက်ပိုင်း ၃ နာရီခွဲခန့်က မီးလောင်းမှုဖြစ်ပွားကာ လူနေအိမ် ၆ လုံး လောင်ကျွမ်းပြာကျသွားပြီး အမျိုးသမီး ၂ ဦးသေဆုံးသွားကြောင်းသိရသည်။ 


ဖလမ်းမြို့အခြေစိုက် Chinland Herald သတင်းဌာနအယ်ဒီတာ Salai Samuel က “ မီးက ဘယ်လိုကနေ ဘာကြောင့် လောင်းတယ်ဆိုတော့ အတိအကျမသိရသေးဘူး၊ လျှပ်စစ်မီးကြောင့်လို့တော့ထင်ကြတယ်၊ အိမ် ၆ လုံးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးသွားတယ်’’ ဟု ပြောသည်။ 



ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း ဟားခါးမြို့ မြို့သစ်ရက်ကွက်တွင် လျှပ်စစ်အပူပေးသည့် Heater အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး လူနေအိမ် ၃ လုံးလောင်ကျွမ်းပြာကျကာ အသက် ၃၆ နှစ်ရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့မရဲစခန်းက တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် တမိသားစုလုံး အလင်းဝင်လာ

ပလက်ဝမြို့နယ် “နှုံးဘူး” နှင့် “ထရွန်အိုင်” ဗျူဟာကုန်းများကို အပြီးသိမ်းပိုက်နိုင်ရေး တိုက်ပွဲပြင်းထန်နေ

ကလေးမြို့တွင် တိုက်ပွဲပြင်းထန်လာမည်ဟု စိုးရိမ်မူကြောင့် မြို့ပေါ်နေပြည်သူများ နေရပ်စွန့်ခွါသူများလာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 5, 2023

“မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး၊  အဲ့ဒါကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကို တင်ပြခြင်းဖြစ်တယ်”

November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.