Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့နယ်တွင် ဇန်နဝါရီလအတွင်း တိုက်ပွဲ ၁၂ ကြိမ်ဖြစ်ပွား စစ်ကောင်စီ ၈၀ ကျော်သေဆုံး

ဖလမ်းမြို့နယ်တွင် ဇန်နဝါရီလအတွင်း တိုက်ပွဲ ၁၂ ကြိမ်ဖြစ်ပွား စစ်ကောင်စီ ၈၀ ကျော်သေဆုံး

0
By Editor on February 4, 2022 Khonumthung

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အအထိ တစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့တိုက်ပွဲ ၁၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၈၀ ကျော်သေဆုံးသည်ဟု ဖေဖော်ဝါရီလ ၃ ရက်နေ့က CNDF က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ လဆန်းပိုင်းကစ၍ ဖလမ်းမြို့နယ်ထဲကို စစ်အင်အား ၃၀၀ ခန့်နှင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာမှ CNDF တပ်ဖွဲ့က ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြရာတွင် တိုက်ပွဲဖြစ်ပွားမှု အနည်းဆုံး ၁၂ ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီဘက်က သေဆုံးသူ ၈၁ ဦးထိရှိခဲ့ပြီး ဒဏ်ရာရရှိသူအနည်းဆုံး ၆၀ ကျော်ရှိခဲ့သည်ဟု ၎င်းတို့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားကြသည့် အနီးအနား (၈) နေရာခန့်တွင် စစ်ကောင်စီတပ်က အလောင်းများ ပုံထားသည်ကိုတွေ့ရပြီး CNDF မှ (၆၀) မမ၊ (၄၀) မမ နှင့် ကျည်အများအပြား သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်နှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း CNDF ဘက်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး မိုင်းရှင်းလင်းစဉ် ဒဏ်ရာရသူတဦးအပါအဝင် တိုက်ပွဲအတွင်း ဒဏ်ရာရသူ စုစုပေါင်း (၈) ဦးအထိရှိခဲ့သည်ဟု CNDF က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ရေးအခြေအနေကြောင့် ပြည်သူများ ရိက္ခာ၊ ဆေးဝါးများလုံလောက်စွာစုဆောင်းပြီး ဗုံးခိုကျင်းများကြိုတင်ပြင်ဆင်ရန် ဆဲန်ထန်ဗဟိုကောင်စီထုတ်ပြန်

ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖို့အတွက် အဖမ်းအဆီးကြမ်းနေ

လုံခြုံရေးအခြေအနေကြောင့် ရိဒ်ခေါဒါရ်- လိုင်တွီးလမ်းကို အချိန်အကန့်အသတ်ဖြင့်သာ သွားလာခွင့်ပြုမည်ဟု CDF-Hualngoram ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.