Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO/ CNDF နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးခဲ့ဟု ဆို

ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO/ CNDF နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးခဲ့ဟု ဆို

0
By Editor on July 31, 2026 Khonumthung

(006SV)

အာဏာသိမ်းစစ်အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံကိန်းကာလအတွင်း ချင်းပြည် နယ်၊ ဖလမ်းမြို့နယ်အခြေစိုက် ချင်းတော်လှန် ရေးတပ်ဖွဲ့ဖြစ်သည့် ချင်းအမျိုုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ (CNO/ CND) တို့နှင့် စစ်အုပ်စုတို့အကြား ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

ယနေ့ ဇူလိုင်လ ၃၁ ရက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမ္မတရာထူး ရယူပြီး ရက် ၁၀၀ ပြည့်အဖြစ် စစ်အုပ် စု၏ အတုအယောင် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားရာမှာ ယင်းသို့ ထည့်သွင်းပြောကြားလာခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ နိုင်ငံရေးရဲ့ သဘောထားကွဲလွဲမှုများကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရောက်ရှိနေသူတွေကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာဖို့နဲ့ ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့အတွက် ဒီရက်ပေါင်း ၁၀၀ အတွင်းမှာ အရှိန်အဟုန်နဲ့ ဆောင်ရွက်ခဲ့ပြီး ငြိမ်းချမ်းရေးတံခါးကို ထာဝရ ဖွင့်လှစ်ပြီး ဖိတ်ခေါ်ခဲ့ပါတယ်။ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့် လှစ်ထားရှိသည်ဆိုတဲ့ ခံယူချက်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAO အားလုံးကို တွေ့ဆုံဆွေးနွေးဖို့ အမြဲဖိတ် ခေါ်နေပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ မထိုးရသေးတဲ့ အဖွဲ့တွေ အားလုံး မည်သည့်ကြိုတင်ကန့်သတ်ချက်ကိုမှ မထားဘဲ တွ့ဆုံဆွေးနွေးကြဖို့ EAO တွေကို ငြိမ်းချမ်းရေးအတွက် ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း ၁၃ ဖွဲ့ တို့နဲ့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်” ဟု အသွင်းပြောင်း စစ်အစိုးရ ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

အာဏာသိမ်းစစ်အုပ်စုနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေခဲ့သော ၁၃ ဖွဲ့ထဲတွင် NCA လက်မှတ်မထိုးရသေးသော အဖွဲ့များထဲမှ CNO အပါအဝင် UWSA ၊ SNA ၊ PSLF/ TNLA၊ SSPP၊ NDAA နှင့် NSCN- K စသည့် ၇ ဖွဲ့ ပါဝင်ပြီး NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များထဲက ၆ ဖွဲ့ ပါဝင်ကြောင်း သိရသည်။

စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးသည်ဟု ရက် ၁၀၀ မိန့်ခွန်းတွင် ထွက်ပေါ်လာမှုအပေါ် CNO/ CNDF တာဝန်ရှိသူများထံ ထပ်မံအတည်ပြုနိုင်ရန် ခိုနူမ်းသုန်အနေဖြင့် ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

CNO/CNDF ခေါင်းဆောင်တစ်ဦးဖြစ်သော ဆလိုင်း ကျုံငိုင်းကတော့ သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် “တော်လှန်ရေးရဲဘော်တွေအားလုံးကို အားနားခြင်းမှ အပ တတ်နိုင်ခြင်းမရှိပါ၊ ကျတော် လိပ်ပြာလုံပါတယ်” ဟု ဖော်ပြထားသည်။

အာဏာသိမ်းစစ်အစိုးရသည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) မှတစ်ဆင့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နေသည်ဟု သိရသည်။

ဖလမ်းမြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) သည် လက်နက်ကိုင်တော်လှန်ရေး ၄ နှစ်ကျော်အကြာ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း ဖလမ်းမြို့ကို အာဏသိမ်းစစ်တပ်ထံမှ သိမ်းယူနိုင်ခဲ့သော်လည်း ၂၀၂၆ ခုနှစ် ဧပြီလတွင် ပြန်လည် လက်လွှတ်လိုက်ရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

မီဇိုရမ်တွင် CDM များအတွက် ပြုလုပ်ပေးသော အမှတ်စဉ် (၃) အခြေခံစက်ချုပ် သင်တန်းပြီးမြောက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.