• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာတွင် စစ်ကောင်စီတပ်က လူနေအိမ် ၇ လုံး မီးရှို့

ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာတွင် စစ်ကောင်စီတပ်က လူနေအိမ် ၇ လုံး မီးရှို့

0
By Editor on May 5, 2022 Headline

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဟားခါး-ဖလမ်းကားလမ်းပေါ်ရှိ ရမ်ထလိုကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ယနေ့မေလ ၄ ရက်မှာ လူနေအိမ် ၇ လုံးမီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖလမ်းဒေသခံတစ်ဦးကပြောသည်။

“စစ်ကောင်စီတပ်က ဟားခါးဖက်ကနေ ဖလမ်းဖက်ကိုလာလို့ ဖလမ်းနဲ့ဟားခါးကြား ရွာတွေမှာ ဖြစ်တာ။ အခုဒီ နေ့တော့ ရမ်ထလိုကျေးရွာက အိမ် ၇ လုံးတော့ လောင်ပြီးပြီ။ရွာသားတွေက တောထဲရောက်ကုန်ပြီ သူတို့ကို ဆက်သွယ်လို့မရဘူး ဆက်သွယ်မှု ဧရိယာပဖြစ်ကုန်တယ်” ဟု ဖလမ်းဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီယာဉ်တန်းစစ်ကြောင်းသည် မေလ ၂ ရက်နေ့က ဟားခါးမြို့မှ ဖလမ်းမြို့ဘက်သို့ ထွက်ခွာလာကာ ယမန်နေ့ ညနေပိုင်းက CDF- Hakha တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ တပ်မှ ဖလမ်း-ဟားခါး လမ်းမပေါ်ရှိ လူနေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF- Hakha သည် ယမန်နေ့က စစ်ကောင်စီတပ်ဖွဲဲ့ကို ချွန်ကျုံးကျေးရွာနှင့် ဒုတ်ထစ်ကျေးရွာ ကြားတွင် ကြားဖြတ်တိုက်ခိုက်ကာ စစ်ကောင်စီတပ်သား ၁၃ ဦး သေဆုံးခဲ့သည်ဟု CDF- Hakha တပ်ဖွဲ့ထံမှသိရသည်။

ဟားခါးမြို့မှထွက်လာသည့် စစ်ကောင်စီယာဉ်တန်းတွင် စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်နှင့် သံချပ်ကား ၂ စီး၊ စစ်ကားအစီး ၂၀ ကျော်ပါဝင်သည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

ဖလမ်း-ဟားခါးကြားတွင် ပျောက်ဆုံးသွားသူနှစ်ဦး၏ မီးရှို့ခံထားရသော အလောင်းတွေ့ရှိ

ဟားခါးမြို့ပေါ်တွင် ဓားပြတိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦးဓားထိုးခံရ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.