Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့ရှောင်ကွင်းလမ်းများ ဇန်နဝါရီလ ၇ ရက်မှစတင်၍ သွားလာခွင့်ကန့်သတ်

ဖလမ်းမြို့ရှောင်ကွင်းလမ်းများ ဇန်နဝါရီလ ၇ ရက်မှစတင်၍ သွားလာခွင့်ကန့်သတ်

0
By Editor on January 7, 2025 Headline

(006SV)

ချင်းပြည်နယ်မြောက်ပိုင်းက မြို့သိမ်းစစ်ဆင်ရေးဆောင်ရွက်နေသော ဖလမ်းမြို့တွင် မြို့ရှောင်ကွင်းလမ်းများ အားလုံးကို ဇန်နဝါရီလ ၇ ရက်မှ စတင်၍ ပိတ်ထားသည်ဟု သိရသည်။

ဖလမ်းမြို့ရှောင်ကွင်းလမ်းအားလုံးကို ခရီးသွားပြည်သူများအနေဖြင့် Skat နှင့်Forland ကားများ၊ ၆ ဘီးကား၊ ၁၀ ဘီးကား၊ ၁၂ ဘီးကားအပါအဝင် ကားများကို အသုံးပြု၍ ဖြတ်သန်းသွားလာခြင်းကိုပါ ယမန်နေ့ ဇန်နဝါရီလ ၇ ရက်မှစတင်၍ ကန့်သတ်တားမြစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဖလမ်းစစ်ဆင်ရေးလုပ်နေတဲ့ ကာလမို့ ကျနော်တို့လည်း လုံခြုံရေးအရ အကုန်လုံးတားမြစ်ထားပါတယ်။ ကျနော်တို့ ထုတ်ပြန် ထားတဲ့အတိုင်း ပြည်သူတွေလည်း မထိခိုက်အောင် ၊ တချို့ လုံခြုံရေးအရ ကျနော်တို့ရဲ့ သတင်းတွေလည်း ရန်သူ့ လက်ထဲ မရောက်အောင် တားမြစ်လိုက်တာဖြစ်ပါတယ်။ ဖလမ်းအဝင်အကုန်ပါ ပါဝင်ပါတယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

ပြည်သူလူထု၏ လုံခြုံရေးအတွက်လည်း ဖလမ်းမြို့ခရီးသွားပြည်သူများကို အသိပေး နှိုးဆော်ရခြင်းဖြစ်သည်ဟု သိရသည်။

ခရီးသွားပြည်သူများအနေဖြင့် စည်းကမ်းဖောက်ဖျက်မှုများ ရှိလာလျှင် ကြပ်ကြပ်မတ်မတ်နှင့် အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။

လက်ရှိတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် CNDF ၊ ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်များသည် ဖလမ်းမြို့ အခြေစိုက် ခလရ – ၂၆၈ တပ်ရင်းကို အပြီးသတ် သိမ်းနိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေ ကြောင်း သိရသည်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ နိုဝင်ဘာလ ၉ ရက်မှစတင်၍ ဖော်ဆောင်နေခြင်းဖြစ်ပြီး ခလရ – ၂၆၈ တပ်ရင်းမှအပ စစ်စခန်းအားလုံးကို ချင်းညီနောင် ပူးပေါင်းတပ်က သိမ်းထားကာ ဖလမ်းမြို့ကို ထိန်းချုပ်ထားသည်ဟု သိရသည်။

ဖလမ်းတိုက်ပွဲတွင် စစ်ကောင်စီသည် လေကြောင်းပစ်ကူများ နေ့စဉ်နီးပါး ပေးနေပြီး ပြည်သူနှင့် တော်လှန်ရေးကြားမှာ စိတ်ဝမ်းကွဲအောင် အရပ်သားလူထုနေရာနှင့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုများလည်း ပြုလုပ်နေသည်ဟု သိရသည်။

ဇန်နဝါရီလ ၄ ရက်က ဖလမ်းမြို့နယ်၊ Khuanglung ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီ စစ်သုံ့ပန်း ၇ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာများ ရရှိကာ CNDF ရဲဘော် ၁ ဦး ကျဆုံးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.