Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့ရှောင်ကွင်းလမ်းများ ဇန်နဝါရီလ ၇ ရက်မှစတင်၍ သွားလာခွင့်ကန့်သတ်

ဖလမ်းမြို့ရှောင်ကွင်းလမ်းများ ဇန်နဝါရီလ ၇ ရက်မှစတင်၍ သွားလာခွင့်ကန့်သတ်

0
By Editor on January 7, 2025 Headline

(006SV)

ချင်းပြည်နယ်မြောက်ပိုင်းက မြို့သိမ်းစစ်ဆင်ရေးဆောင်ရွက်နေသော ဖလမ်းမြို့တွင် မြို့ရှောင်ကွင်းလမ်းများ အားလုံးကို ဇန်နဝါရီလ ၇ ရက်မှ စတင်၍ ပိတ်ထားသည်ဟု သိရသည်။

ဖလမ်းမြို့ရှောင်ကွင်းလမ်းအားလုံးကို ခရီးသွားပြည်သူများအနေဖြင့် Skat နှင့်Forland ကားများ၊ ၆ ဘီးကား၊ ၁၀ ဘီးကား၊ ၁၂ ဘီးကားအပါအဝင် ကားများကို အသုံးပြု၍ ဖြတ်သန်းသွားလာခြင်းကိုပါ ယမန်နေ့ ဇန်နဝါရီလ ၇ ရက်မှစတင်၍ ကန့်သတ်တားမြစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဖလမ်းစစ်ဆင်ရေးလုပ်နေတဲ့ ကာလမို့ ကျနော်တို့လည်း လုံခြုံရေးအရ အကုန်လုံးတားမြစ်ထားပါတယ်။ ကျနော်တို့ ထုတ်ပြန် ထားတဲ့အတိုင်း ပြည်သူတွေလည်း မထိခိုက်အောင် ၊ တချို့ လုံခြုံရေးအရ ကျနော်တို့ရဲ့ သတင်းတွေလည်း ရန်သူ့ လက်ထဲ မရောက်အောင် တားမြစ်လိုက်တာဖြစ်ပါတယ်။ ဖလမ်းအဝင်အကုန်ပါ ပါဝင်ပါတယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

ပြည်သူလူထု၏ လုံခြုံရေးအတွက်လည်း ဖလမ်းမြို့ခရီးသွားပြည်သူများကို အသိပေး နှိုးဆော်ရခြင်းဖြစ်သည်ဟု သိရသည်။

ခရီးသွားပြည်သူများအနေဖြင့် စည်းကမ်းဖောက်ဖျက်မှုများ ရှိလာလျှင် ကြပ်ကြပ်မတ်မတ်နှင့် အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။

လက်ရှိတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် CNDF ၊ ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်များသည် ဖလမ်းမြို့ အခြေစိုက် ခလရ – ၂၆၈ တပ်ရင်းကို အပြီးသတ် သိမ်းနိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေ ကြောင်း သိရသည်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ နိုဝင်ဘာလ ၉ ရက်မှစတင်၍ ဖော်ဆောင်နေခြင်းဖြစ်ပြီး ခလရ – ၂၆၈ တပ်ရင်းမှအပ စစ်စခန်းအားလုံးကို ချင်းညီနောင် ပူးပေါင်းတပ်က သိမ်းထားကာ ဖလမ်းမြို့ကို ထိန်းချုပ်ထားသည်ဟု သိရသည်။

ဖလမ်းတိုက်ပွဲတွင် စစ်ကောင်စီသည် လေကြောင်းပစ်ကူများ နေ့စဉ်နီးပါး ပေးနေပြီး ပြည်သူနှင့် တော်လှန်ရေးကြားမှာ စိတ်ဝမ်းကွဲအောင် အရပ်သားလူထုနေရာနှင့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုများလည်း ပြုလုပ်နေသည်ဟု သိရသည်။

ဇန်နဝါရီလ ၄ ရက်က ဖလမ်းမြို့နယ်၊ Khuanglung ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီ စစ်သုံ့ပန်း ၇ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာများ ရရှိကာ CNDF ရဲဘော် ၁ ဦး ကျဆုံးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.