ချင်းပြည်နယ် ဖလမ်းမြို့ကနေ ဟားခါးမြို့ကို စစ်ကား ၂၀ ကျော်နဲ့ စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ်ဖွဲ့က Dokthek ကျေးရွာက နေအိမ်တွေကို ယနေ့ညနေပိုင်းက မီးတင်ရှို့ခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နှင့် ချင်းအမျိုး သားတပ်မတော်(CNA)၊ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ဟာ ယနေ့နံနက်ပိုင်းက ဖလမ်း-ဟားခါးလမ်းပေါ်က Ramthlo နဲ့ Dokthek ကျေးရွာအကြားမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြပြီး ညနေပိုင်းမှာ Dokthek ကျေးရွာက နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ခဲ့တာလို့သိရပါတယ်။
အဲဒီမီးလောင်မှုကြောင့် လူနေအိမ်ခြေဘယ်လောက်လောင်ကျွမ်းပျက်စီးသွားတယ်ဆိုတာတော့ မသိရသေးပါဘူး။
စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ မတ်လ ၁ ရက်နေ့ကစပြီး ဖလမ်းမြို့နယ် Taal ကျေးရွာမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယနေ့မတ်လ ၂ ရက်နေ့မှာလည်းဆက်လက်ဖြစ်ပွားကာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။