Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်နှင့်ဟားခါးမြို့တို့တွင် CDF နှင့် စစ်ကောင်စီအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စကစဘက်မှ ၁၀ ဦးသေဆုံး

မင်းတပ်နှင့်ဟားခါးမြို့တို့တွင် CDF နှင့် စစ်ကောင်စီအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စကစဘက်မှ ၁၀ ဦးသေဆုံး

0
By Editor on May 20, 2021 Headline
Benezer – ချင်းပြည်နယ် မင်းတပ်မြို့နှင့် ဟားခါးမြို့တို့တွင် ယခုရက်ပိုင်းအတွင် CDF အဖွဲ့များနှင့် စစ်ကောင်စီအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးကာ အယောက် ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မင်းတပ်မြို့နှင့် မတူပီမြို့ကြား မိုင်တိုင် ၄၀ – ၅၀ ကြားတွင် CDF-Mindat နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့ မေလ ၁၉ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစဘက်မှ တပ်ကြပ်တစ်ဦးအပါအဝင် စစ်သား (၃) ဦးသေဆုံးခဲ့ပြီး CDF ဘက်မှ ထိခိုက်မှုမရှိကြောင်းသိရသည်။
“ဖြစ်တာက နေ့လည်ပိုင်းဖြစ်တာပါ၊ သူတို့က လမ်းမှာလာတာကို ဖျက်တိုက်ရင်းနဲ့ ကြာသွားတယ်၊ စစ်ကောင်စီဘက်က ၃ ယောက်ကျတယ်၊ CDF ဘက်က တစ်ယောက်မှ မထိဘူး၊ သူတို့က မတူပီကနေ မင်းတပ်ဘက်ကို အင်အားလာဖြည့်တဲ့သူတွေပါ၊ ဒီနေ့မနက်ပိုင်းတော့ ဘာမှမသိရသေး”ဟု CDF-Mindat မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထို့ပြင် CDF-Hakha နှင့် စစ်ကောင်စီတပ်များ မေလ ၁၈ရက်နှင့် ၁၉ ရက်နေ့တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး အနည်းဆုံး ၁၉ ဦးဒဏ်ရာရှိကာ CDF ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။
CDF-Hakha နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများမှာ မေလ ၁၈ ရက်နေ့တွင် ဟားခါးတက္ကသိုလ်အနီးရှိလုံခြုံရေးဂိတ်၊ ဟားခါးသာရ် ၆လမ်းစုံ နှင့် ဟားခါး-ဂန့်ဂေါလမ်းတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မေလ ၁၉ ရက်နေ့တွင် ဟားခါး-မတူပီးလမ်းကြား နယ်မြေရှင်းလင်းရေးလုပ်သည့် စစ်ကောင်စီတပ်များအား CDF ဘက်မှ ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်းသိရသည်။
ဟားခါးတိုက်ပွဲတွင် စစ်ကောင်စီတပ်များမှ CDF တပ်ဖွဲ့ဝင်များ၏ ဆိုင်ကယ် အစီး (၃၀)ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ကလေးမြို့ဘက်မှလည်း စစ်အင်အားဖြည့်တင်းနေသည့်အတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်း CDF မှ ထုတ်ပြန်ထားသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တစ်လဝန်းကျင်ကြာ သိုင်းငင်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် Ruan ကျေးရွာက နေအိမ် ၄ လုံး ထပ်မံပျက်စီး

တီးတိန်မြို့အဝင်က စစ်ကော်မရှင်စခန်းတစ်ခုကို ချင်းညီနောင် တိုက်ခိုက်၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.