Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်နှင့်ဟားခါးမြို့တို့တွင် CDF နှင့် စစ်ကောင်စီအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စကစဘက်မှ ၁၀ ဦးသေဆုံး

မင်းတပ်နှင့်ဟားခါးမြို့တို့တွင် CDF နှင့် စစ်ကောင်စီအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စကစဘက်မှ ၁၀ ဦးသေဆုံး

0
By Editor on May 20, 2021 Headline
Benezer – ချင်းပြည်နယ် မင်းတပ်မြို့နှင့် ဟားခါးမြို့တို့တွင် ယခုရက်ပိုင်းအတွင် CDF အဖွဲ့များနှင့် စစ်ကောင်စီအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးကာ အယောက် ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မင်းတပ်မြို့နှင့် မတူပီမြို့ကြား မိုင်တိုင် ၄၀ – ၅၀ ကြားတွင် CDF-Mindat နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့ မေလ ၁၉ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစဘက်မှ တပ်ကြပ်တစ်ဦးအပါအဝင် စစ်သား (၃) ဦးသေဆုံးခဲ့ပြီး CDF ဘက်မှ ထိခိုက်မှုမရှိကြောင်းသိရသည်။
“ဖြစ်တာက နေ့လည်ပိုင်းဖြစ်တာပါ၊ သူတို့က လမ်းမှာလာတာကို ဖျက်တိုက်ရင်းနဲ့ ကြာသွားတယ်၊ စစ်ကောင်စီဘက်က ၃ ယောက်ကျတယ်၊ CDF ဘက်က တစ်ယောက်မှ မထိဘူး၊ သူတို့က မတူပီကနေ မင်းတပ်ဘက်ကို အင်အားလာဖြည့်တဲ့သူတွေပါ၊ ဒီနေ့မနက်ပိုင်းတော့ ဘာမှမသိရသေး”ဟု CDF-Mindat မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထို့ပြင် CDF-Hakha နှင့် စစ်ကောင်စီတပ်များ မေလ ၁၈ရက်နှင့် ၁၉ ရက်နေ့တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး အနည်းဆုံး ၁၉ ဦးဒဏ်ရာရှိကာ CDF ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။
CDF-Hakha နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများမှာ မေလ ၁၈ ရက်နေ့တွင် ဟားခါးတက္ကသိုလ်အနီးရှိလုံခြုံရေးဂိတ်၊ ဟားခါးသာရ် ၆လမ်းစုံ နှင့် ဟားခါး-ဂန့်ဂေါလမ်းတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မေလ ၁၉ ရက်နေ့တွင် ဟားခါး-မတူပီးလမ်းကြား နယ်မြေရှင်းလင်းရေးလုပ်သည့် စစ်ကောင်စီတပ်များအား CDF ဘက်မှ ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်းသိရသည်။
ဟားခါးတိုက်ပွဲတွင် စစ်ကောင်စီတပ်များမှ CDF တပ်ဖွဲ့ဝင်များ၏ ဆိုင်ကယ် အစီး (၃၀)ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ကလေးမြို့ဘက်မှလည်း စစ်အင်အားဖြည့်တင်းနေသည့်အတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်း CDF မှ ထုတ်ပြန်ထားသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းတင်မောင်ဦး စိတ်ဓါတ်ဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆက်တိုက်ပွဲဝင်မည်ဟု ချင်းကျောင်းသားသမဂ္ဂ ကြေညာ

တိုက်ပွဲဖြစ်ပွားနေသော ချင်းတောင်ပိုင်းကို Y-12 နှင့် ဂျက်ဖိုက်တာများဖြင့် ယနေ့ ထပ်မံဗုံးကြဲ

အာသံပြည်နယ်၊ မာသီယာစခန်းတွင် ထိမ်းသိန်းခံနေရသော မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.