• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မင်းတပ်ပြည်သူ့ဆေးရုံဝန်းအတွင်း စစ်တပ်က ဒုတိယအကြိမ်တပ်စွဲ

မင်းတပ်ပြည်သူ့ဆေးရုံဝန်းအတွင်း စစ်တပ်က ဒုတိယအကြိမ်တပ်စွဲ

0
By Editor on March 12, 2021 Headline
#Unicode
By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံးဝန်းအတွင်း ယနေ့နံနက်ပိုင်းကစ၍ စစ်တပ်က ဒုတိယအကြိမ် ခြေကုပ်ယူတပ်စွဲလာပြီး မင်းတပ်ပြည်သူလူထုကလည်း ဆန့်ကျင်ကန့်ကွက်ဆန္ဒဖော်ထုတ်ကြမည်ဟု သိရသည်။
“အဲဒီဆေးရုံကြီးမှာပဲ ကျနော်တို့ ဆန္ဒပြမှာ အဲဒီမှာတောင်းဆိုမယ် တဖက်မှာလည်း ညှိုနှိုင်းမယ် ဘာပဲဖြစ်ဖြစ် ကျနော်တို့ တပ်မစွဲစေချင်ဘူး ကျနော်တို့ ထိုင်သပိတ်နေရာလို့ ကျနော်လူခေါ်ထားတယ်လူတွေရောက်လာပြီ အဲဒီကနေ အင်အားကို အခြေအနေကြည့်ပြီးတော့ ကျနော်တို့သွားမယ် ဆေးရုံရှေ့ကိုသွားမယ်လို့ စီစဉ်ထားတယ် ဒါပေမဲ့ ကျနော်တို့အားလုံး ဆွေးနွေးရအုံးမယ် မဆုံးဖြတ်ရသေးဘူး” ဟု မင်းတပ်မြို့မှ အရပ်ဘက်အဖွဲ့အစည်းဦးဆောင်သူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် မတ်လ (၈) ရက်နေ့ မွန်းလွဲပိုင်း (၁) နာရီခန့်ကလည်း မင်းတပ်မြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း စစ်တပ်က ခြေကုပ်ယူတပ်စွဲရန် ပထမအကြီကြိုးစားခဲ့သော်လည်း ပြည်သူလူထုမှ သွားရောက်ဆန့်ကျင် ကန့်ကွက်မောင်းထုတ်ခဲ့ ကြပြီးဖြစ်သည်။
ယခု ဒုတိယအကြိမ်တွင်လည်း မင်းတပ်ပြည်သူလူထုမှ သပိတ်စစ်ကြောင်းနှင့်အတူ ပြန်လည်မောင်းထုတ်ရန် စီစဉ်ထားကြောင်းသိရသည်။
#Zawgyi
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်ဖက်ကို စကစက လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.