(002MG)
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးထားသော အမျိုးသမီး (၂) ဦးထဲမှ တစ်ဦးသည် မြို့မိ မြို့ဖများ၏ အာမခံချက်ဖြင့် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီး ကျန်အမျိုးသမီးတစ်ဦးကိုမူ ဆက်လက်ဖမ်းဆီး ထားသည်ဟု သိရသည်။
မင်းတပ်မြို့ခံတဦးက “စွန်တောင်ဖက် တယောက်ကတော့ မနေ့က ပြန်လွတ်ပေးတယ်၊ တယောက်က ကျန်သေး တယ်၊မြို့ မိမြို့ဖတွေရဲ့ အာမခံချက်နဲ့ ပြန်လွှတ်ပေးတယ်၊ နောက်တယောက်တော့ အကြောင်းအစုံမသိရသေးဘူး။သူတို့ (၂) ယောက်စလုံးက မှတ်ပုံတင်လာလုပ်ကြတာပါ” ဟုပြောသည်။
အဆိုပါ အမျိုးသမီး (၂) ဦးမှာ မင်းတပ်မြို့နယ်ဖက်က စစ်ဘေးတိမ်းရှောင်ရင်း မြို့ပေါ်သို့ မှတ်ပုံတင်ပြုလုပ်ရန် ပြန်လာစဉ် စစ်ကောင်စီတပ်ဖွဲ့မှ အထွေထွေအုပ်ချုပ်ရေးရုံးအနီးတွင် ၎င်းတို့၏ နာမည်စာရင်းနှင့်အတူ ရုတ်တ ရက်ရောက်လာကာ စစ်ဆေးမေးမြန်ရန်ရှိသည်ဟုဆိုကာ မေလ ၈ ရက်နေ့က ဖမ်းဆီးခံကြရခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့သည် ကျန်အမျိုးသမီးတဦးကိုမူ အကြမ်းဖက်မှုနှင့်ပက်သက်သောကြောင့်ဟုဆိုကာ ခလရ (၂၇၄) တွင် ဆက်လက်ဖမ်းဆီးထားကြောင်း သိရသည်။
မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်က လုံခြုံရေး စစ်ဆေးရေး တင်းကြပ်စွာပြုလုပ်လာသောကြောင့် အရပ်သား ပြည်သူဖမ်းဆီး ခံရမူများလည်း နေ့စဉ်တိုးများလာနေကြောင်း သိရသည်။