• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့တွင် အဖမ်းခံရသော လူငယ် ၇ ဦးကို စစ်ကောင်စီမှ ပြန်လွတ်ပေး

မင်းတပ်မြို့တွင် အဖမ်းခံရသော လူငယ် ၇ ဦးကို စစ်ကောင်စီမှ ပြန်လွတ်ပေး

0
By Editor on April 28, 2021 Headline
#Unicode
မာဂရက် – ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် မင်းတပ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အကြား ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ပြီးနောက် ဧပြီလ ၂၄ ရက်နေ့က အဖမ်းခံရသော လူငယ် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ည ၁၀ နာရီကျော်ကျော်ခန့်တွင် ပြန်လွတ်ပေးခဲ့သည်။
“မနေ့ညကတော့ ၇ ဦးပြန်လွတ်တယ် အခုသူတို့ကို လုံခြုံတဲ့နေရာမှာထားတယ် တချို့ကိုတော့ ပြန်မလွတ်ပေးသေးဘူး၊ ဒါတွေလည်း ပြန်လွတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားတယ်” ဟု မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဦးဆောင်သူတစ်ဦးက ပြောသည်။
မင်းတပ်မြို့တွင် အဖမ်းခံရသူ ၁၂ ဦးရှိခဲ့ပြီး ၇ ဦးသာ ပြန်လွှတ်ပေးကာ ၅ ဦးကျန်ရှိနေသေးကြောင်း သိရသည်။
ချင်းပြည်နယ် မင်းတပ်မြို့တွင် ဧပြီလ ၂၄ ရက်နေ့က ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် စစ်ကောင်စီအားဆန့်ကျင်ကြောင်း စက္ကူသပိတ် လိုက်လံကပ်ကြသည့် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၃ ဦး စုစုပေါင်း ၇ ဦး အဖမ်းခံခဲ့ရပြီး ပြန်လွှတ်ပေးရန် ပြည်သူဘက်က တောင်းဆိုခဲ့ကြသော်လည်း ပြန်မလွှတ်ပေးသည့်အတွက် မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်များအကြား ဧပြီလ ၂၄၊ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီဘက်က အနည်းဆုံးအယောက် ၂၀ ခန့် သေဆုံးမှုရှိခဲ့သည်ဟု Chinland Defense Force- Mindat ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုလက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီတပ်များသည် တပ်ပြန်ဆုပ်သွားပြီး မင်းတပ်မြို့တွင် ပစ်ခတ်မှုမရှိဘဲ အခြေအနေတည်ငြိမ်လျက်ရှိသည်ဟုသိရသည်။
#Zawgyi
မာဂရက္ – ခ်င္းျပည္နယ္၊ မင္းတပ္ျမဳိ႕တြင္ အာဏာသိမ္းစစ္ေကာင္စီႏွင့္ မင္းတပ္ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႔အၾကား ေဆြးေႏြးညိွႏိႈင္းမႈျပဳလုပ္ၿပီးေနာက္ ဧၿပီလ ၂၄ ရက္ေန႔က အဖမ္းခံရေသာ လူငယ္ ၇ ဦးကုိ စစ္ေကာင္စီတပ္ဖြဲ႔က ယမန္ေန႔ည ၁၀ နာရီေက်ာ္ေက်ာ္ခန္႔တြင္ ျပန္လြတ္ေပးခဲ့သည္။
“ မေန႔ညကေတာ့ ၇ ဦးျပန္လြတ္တယ္ အခုသူတုိ႔ကုိ လုံျခဳံတဲ့ေနရာမွာထားတယ္ တခ်ဳိ႕ကုိေတာ့ ျပန္မလြတ္ေပးေသးဘူး၊ ဒါေတြလည္း ျပန္လြတ္ေပးဖုိ႔ ကြ်န္ေတာ္တုိ႔ ေတာင္းဆုိထားတယ္၊” ဟု မင္းတပ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔မွ ဦးေဆာင္သူတစ္ဦးကေျပာသည္။
မင္းတပ္ၿမိဳ႕တြင္ အဖမ္းခံရသူ ၁၂ ဦး႐ွိခဲ့ၿပီး ၇ ဦးသာျပန္လႊတ္ေပးကာ ၅ ဦးက်န္႐ွိေနေသးေၾကာင္း သိရသည္။
ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕တြင္ ဧၿပီလ ၂၄ ရက္ေန႔က ဗိုလ္ခ်ဳပ္ေၾကးရုပ္ေရွ႕တြင္ စစ္ေကာင္စီအားဆန္႔က်င္ေၾကာင္း စကၠဴသပိတ္လိုက္လံကပ္ၾကသည့္ အမ်ဳိးသမီး ၄ ဦးႏွင့္ အမ်ဳိးသား ၃ ဦး စုစုေပါင္း ၇ ဦးအဖမ္းခံခဲ့ရၿပီး ျပန္လႊတ္ေပးရန္ျပည္သူဘက္ကေတာင္းဆိုခဲ့ၾကေသာ္လည္း ျပန္မလႊတ္ေပးသည့္အတြက္ မင္းတပ္ၿမိဳ႕ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ႏွင့္ အာဏာသိမ္းစစ္ေကာင္စီတပ္မ်ားအၾကား ဧၿပီလ ၂၄ ၊ ၂၆ ႏွင့္ ၂၇ ရက္ေန႔တို႔တြင္ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါတိုက္ပြဲတြင္ အာဏာသိမ္းစစ္ေကာင္စီဘက္က အနည္းဆံုးအေယာက္ ၂၀ ခန္႔ေသဆံုးမႈ ရွိခဲ့သည္ဟု Chinland Defense Force- Mindat ၏ ထုတ္ျပန္ခ်က္အရသိရသည္။
ယခုလက္ရွိတြင္ အာဏာသိမ္းစစ္ေကာင္စီတပ္မ်ားသည္ တပ္ျပန္ဆုပ္သြားၿပီး မင္းတပ္ၿမိဳ႕တြင္ ပစ္ခတ္မႈမရွိဘဲ အေျခအေနတည္ၿငိမ္လ်က္ရွိသည္ဟုသိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.