ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ရှိ ခလရ (၂၇၄) တပ်ရင်းမှ အရပ်သားပြည်သူများ နေအထိုင်သော ကျေးရွာများတွင် လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်များထိခိုက်ပျက်စီးခဲ့သည်ဟု CDF-Mindat က ထုတ်ပြန်သည်။
ဧပြီလ ၂၂ ရက်နေ့ညနေပိုင်း ၄ နာရီခန့်တွင် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၃ ဖက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟု ဟုဆိုသည်။
ထို့အပြင် ယနေ့ဧပြီလ ၂၃ ရက်နေ့ညနေ ၄ နာရီနှင့် ၅ နာရီခန့်တွင် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၂ ဖက်တွင် လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများအား ထိခိုက်စေလိုသော ရည်ရွယ်ချက်ရှိရှိဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟ CDF-Mindat ကဆိုသည်။
ထိုကြောင့် မင်းတပ်မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လက်နက်ကြီးဘေးရန်မှ ကာကွယ်နိုင်ရန်နှင့် ထိခိုက်မှုများနည်းစေရန်အတွက် သတိဖြင့် နေထိုင်ကြရန် CDF-Mindat က သတိပေးထားသည်။